One Championship မစ်ဒယ်ဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲမှာ အောင်လအန်ဆန် ရှုံးနိမ့်

 

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပတဲ့ MMA One Championship ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းလက်ရှိချန်ပီယံ ရုရှား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ်က မြန်မာ ကစားသမား အောင်လအန်ဆန်ကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။

မူလစိန်ခေါ်သူ ဒဏ်ရာရသွားတာကြောင့် အစားထိုးဝင် ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ အောင်လအန်ဆန်ဟာ ပွဲချိန်တစ်လျှောက်လုံး လက်ရှိချန်ပီယံ ဘစ်ဒက်ရှ်ကို အသားစီးရအောင် မထိုးနိုင်ပေမယ့် ဒဏ်ရာရနေတဲ့ကြားက အချီပြည့်တဲ့အထိ ထိုးနိုင်ခဲ့ပါတယ်။one

ပထမအချီမှာ ပွဲအေးနေပေမယ့် ဒုတိယအချီမှာ ဘစ်ဒက်ရှ်က တံတောင်ရိုက်ချက်တွေကို အဓိက သုံးပြီး အောင်လအန်ဆန်ကို အသာစီးကနေ ထိုးသွားပါတယ်။ ပွဲအ ခြေအနေကို အဓိက အပြောင်းအလဲ ဖြစ်စေခဲ့တာကတော့ တတိယအချီမှာပါ။ ဘစ်ဒက်ရှ်ရဲ့ ဘယ်ခြေကန်ချက်ကို ခံလိုက်ရပြီးနောက် တစ်ဆက်တည်းမှာပဲ လက်သီးနဲ့ တံတောင်ရိုက်ချက်တွေကိုပါ ခံလိုက်ရလို့ အောင်လ ဟာ တော်တော်လေးအထိ နာသွားပါတယ်။ အထိနာတဲ့ကြားက သူ့ အားသာချက် ဖြစ်တဲ့ ချုပ်ကွက်နဲ့ ပြန်အသာရအောင် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ပွဲအပြီး ဒိုင်တွေရဲ့အဆုံးအဖြတ်ကိုခံယူရာမှာတော့ ဗစ်တာလီဘစ်ဒက်ရှ်က အငြင်းပွားဖွယ်မရှိ နိုင်သွားပါတယ်။ ဘစ်ဒက်ရှ်ဟာ သူ့ ကစားသမားဘ၀တ လျှောက် (၉)ပွဲမှာ ရာနှုန်းပြည့်အနိုင်ရလဒ်ကို ဆက်ထိန်းသွားခဲ့ပြီး အောင်လအန်ဆန်ကတော့ (၁၀)ပွဲမြောက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Credit: SkyNet Sports Channel

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s