ကိုးပတ်သားအရွယ်သားအရင်းကို သတ်ခဲ့သည့်မိခင် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့

 

North-Port-Florida-Sheriffs-Office-Asking-for-Help-to-Locate-Missing-9-Week-Old-Baby-620x330
အသက်(33)နှစ်အရွယ်ရှိ Kristen Bury အမည်ရ မိခင်တစ်ဦးဟာ သူမကိုယ်တိုင် မွေးဖွားထားတဲ့ ကိုးပတ်သားအရွယ် Chance Walsh ကို သေအောင်ရိုက်သတ်ပြီး တောစပ်တစ်နေရာမှာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Bury နဲ့ သူမရဲ့ ခင်ပွန်း Joseph Walsh တို့ဟာ ကလေးပျောက်ဆုံးကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

တောင်ကာရိုလိုင်းနား ရဲစခန်းကလည်း တောနင်းရှာဖွေခဲ့ရာမှာ Chance ရဲ့ ရုပ်အလောင်းကို အနီးအနား ပတ်ဝန်းကျင်မှာ ရှာဖွေတွေ့ရှိခဲ့လို့ရဲတပ်ဖွဲ့က ၎င်းလင်မယားနှစ်ယောက်ကို အကြောင်းကြားဖို့ အိမ်ကို အသွားမှာ သူတို့က ထွက်ပြေးသွားခဲ့ကြပါပြီ။ ဒါကြောင့် ဒီအမှုမှာ လင်နဲ့မယား အလိုတူအလိုပါ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့ပါတယ်။

အဲဒီနောက် မိခင်ဖြစ်သူ Bury ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလို့ ထောင်ဒဏ်(25)နှစ် တရားရုံးက ချမှတ်ခဲ့ပါတယ်။
ပြစ်ဒဏ်ကျခံနေလို့ တစ်နှစ်မပြည့်ခင်မှာ Bury ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တာဖြစ်ပါတယ်။ Bury ကို ဆေးရုံကို အမြန်ခေါ်သွားခဲ့ပေမယ့် အသက်မကယ်လိုက်နိုင်ပါဘူး။ Bury ဟာ ဖလော်ရီဒါပြည်နယ်သူ တစ်ယောက်ဖြစ်ပြီး ဖလော်ဒီရာအကျဉ်းထောင်မှာ အကျဉ်းစတင်ကျခံတာ တစ်နှစ်ကျော်ကျော်သာ ရှိပါသေးတယ်။
သူမရဲ့ ခင်ပွန်း Joseph ကတော့ ပြစ်မှုတွေ အများကြီးရှိနေသေးလို့ အမှုရင်ဆိုင်နေရဆဲ အခြေအနေမှာ ရှိနေဆဲပါ။ သူတို့ရဲ့ သားငယ်လေး Chance သေဆုံးမှုမှာ Joseph ဟာ အလိုတူ ကြံရာပါဖြစ်ပြီး၊ အဓိကတရားခံလည်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။ အဲဒီနောက် အမြန်ဆုံး ဖမ်းဆီးရေး ပိုက်စိပ်တိုက် ကြိုးစားခဲ့ပြီး ကာရိုလိုင်းနာပြည်နယ် လမ်းမ
ကြီးတစ်နေရာမှာ ယာဉ်မတော်တဆမှု ဖြစ်နေတဲ့ အဆိုပါလင်မယားကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ ပြစ်ဒဏ် စောစီးစွာစီရင်ခံခဲ့ရတဲ့ Bury ဟာ မိမိကိုယ်ကို အဆုံးစီရင်ကာ လွတ်လမ်းရှာသွားခဲ့ပါပြီ။ ဒီအတွက် Bury ရဲ့ မိခင်အရင်းဖြစ်တဲ့ Susino က ဘာမှ မှတ်ချက်မပေးလိုဘူးလို့ ပြောခဲ့ပါတယ်။ Susino က ” ဒီကိစ္စနဲ့
ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး … ကျွန်မသမီးကို ချစ်ပါတယ် … သူ့ထိုက်နဲ့သူ့ကံပါဘဲ … တရားမျှတမှုအရဆိုရင်တော့ ဒီပြစ်ဒဏ်ဟာ နည်းနေသေးတယ်လို့တောင် ပြောလို့ရပါတယ် “လို့ သူမက ဆိုခဲ့ပါတယ်။
source : dailymail.co.uk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s