ပထမဆုံးချိန်တွေ့သည့်နေ့မှာ အဓမ္မကျင့် ခဲ့လို့ သတ်သေဖို့ ကြိုးစား


ကျောင်းသူတစ်ယောက်ဟာ Tinder Dating App ကို အသုံးပြုပြီး အမျိုးသားတစ်ယောက်နဲ့ ခင်မင်ခဲ့ရာကနေ ပထမဆုံး ချိန်းတွေ့ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာပဲ အမျိုးသားက အတင်းအကြပ် အဓမ္မကျင့် ခဲ့လို့ သူမဟာ စိတ်ဓာတ်ကျဆင်းပြီး သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။

အဆိုပါ ကျောင်းသူဟာ အသက် 18 နှစ်အရွယ် ရှိပြီဖြစ်ပြီး Secondary six Student ကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ နှစ်သစ်ကူးညမှာ သူစိမ်းယောက်ျားလေးတစ်ယောက်နဲ့ ချိန်းတွေ့ခဲ့ပြီး ပြုကျင့်ခံခဲ့ရတာပါ။ ဒီအဖြစ်အပျက်ဟာ ဟောင်ကောင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။

ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ အဓမ္မမှုဟာ City University of Hong Kong နဲ့ Kowloon MTR ဘူတာကြားမှာတည်ရှိတဲ့ Cornwall Street ပန်းခြံမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ကာယကံရှင်ကောင်မလေးဟာ ဒီအဖြစ်အပျက်ကို သူမရဲ့ သူငယ်ချင်းတစ်ယောက်ကို ဖွင့်ပြောခဲ့ပြီး လူပြည်မှာ မနေတော့ကြောင်း၊ အခြားသူငယ်ချင်းများကိုလည်း ဖိတ်ပြီး နှုတ်ဆက်ပွဲလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် သူမရဲ့ သူငယ်ချင်းက တာဝန်ရှိသူတွေကို အကူအညီတောင်းခဲ့လို့၊ အဆိုးဝါးဆုံးဖြစ်မယ့် အခြေအနေကနေ ကာကွယ်နိုင်ခဲ့ပါတယ်။ ကာယကံရှင်ရဲ့ အဆိုအရ သူမကို အဓမ္မကျင့်တဲ့သူဟာ အာရှသားတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။ လက်တလောမှာတော့ ရဲတပ်ဖွဲ့က ၎င်းတရားခံကို စုံစမ်းနေဆဲပါ။

အဓမ္မမှုကာကွယ်စောင့်ရှောက်ရေးနဲ့ အဓမ္မအကျင့်ခံကာယကံရှင်များအား နှစ်သိမ့်ပညာပေးရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Linda Wong က အမျိုးသမီးများအနေနဲ့ လိုင်းပေါ်ကနေ ခင်မင်ရင်းနီးရုံနဲ့ ပြင်ပမှာ ချိန်းတွေ့ခြင်းကို သေချာသုံးသပ်ဖို့လိုကြောင်း၊ အဖော်နှစ်ယောက်လောက်လည်း ခေါ်ဆောင်သွားသင့်ကြောင်း အကြံပြုခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s