ဟစ်တလာဟာသတ်သေချင်ယောင်ဆောင်ပြီး၊ တိမ်းရှောင်ခဲ့ကြောင်းCIAအရာရှိဟောင်းဖွင့်ဟ

 

CIA မှာ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့တဲ့ အရာရှိဟောင်း Bob Baer က နာဇီခေါင်းဆောင် ဟစ်တလာဟာ
သေကြောင်းကြံစည်ချင်ယောင်ဆောင်ပြီး၊ တောင်အမေရိကတိုက်ကိုလေယာဉ်ငယ်ဖြင့် တိမ်းရှောင်ခိုလှုံခဲ့တယ်လို့ ယူဆရကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ပြီးခဲ့ရက်က ထုတ်လွှင့်ခဲ့တဲ့ အဲဒီအစီအစဉ်မှာ အမေရိကန်အထူးတပ်ဖွဲ့မှ အရာရှိ Tim Kennedy လည်း ပါဝင်တင်ဆက်ခဲ့ပါတယ်။ Bib နဲ့ Tim ဟာ စိတ်ဝင်စားဖွယ် အကြောင်းအရာ 14000 ကျော်ကို အတူတင်ဆက်နေကြသူတွေ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဟစ်တလာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဂရိဆောက်လုပ်ရေး လုပ်သားကြီးတစ်ဦးရဲ့ ပြောပြချက်အရ ဟစ်တလာဟာ ဒိန်းမက်မှာ လေယာဉ်ပြောင်းစီးခဲ့ပြီး၊ ထိုမှတစ်ဆင့် အာဂျင်တီးနား Fourth Reich အဖွဲ့နဲ့ ဆက်သွယ်ကာ ရေငုပ်သင်္ဘောနဲ့ Tenerife ကျွန်းကို သွားခဲ့ပြီး ထိုမှတစ်ဆင့် ကြိုတင်ဆောက်လုပ်ထားထဲ့ ဘန်ကာတည်ရှိတဲ့ Samos ကျွန်းကို သွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါကျွန်းဟာ အာဂျင်တီးနားအနီးမှာတည်ရှိပေမယ့် ဂရိနိုင်ငံက
ပိုင်ဆိုင်ပါတယ်။

ဟစ်တလာဟာ စစ်ရေးနိုင်ငံရေးအရ အခြေအနေမကောင်းတော့ဘူးဆိုတာ ရိပ်စားမိခဲ့ပြီးနောက် ၎င်းသေကြောင်းကြံ စည်သွားကြောင်း နီးစပ်ရာကို ယုံကြည်စေပြီး စပိန်ကမ်းလွန်ပြင်မှာ တည်ရှိသည့် Tenerife ကျွန်းမှာ သွားရောက်ပုန်းခိုခဲ့ကြောင်း Bob က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဟစ်တလဟာ သူအခိုင်အမာတည်ဆောက်ခဲ့တဲ့ ဘန်ကာထဲမှာ ဇနီးသည် Eva Braun နဲ့အတူ သေကြောင်းကြံစည်သွားတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် CIA အမှုထမ်းဟောင်းကြီး Bob Baer ရဲ့ အဆိုအရ ဟစ်တလာဟာ ကနဦးတုန်းက Luftwaffe လေယာဉ်နဲ့ အာဂျင်တီးနား(စစ်တွင်းမဟာမိတ်နိုင်ငံ)ကို သွားရောက် စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ကူးပြောင်းသွားပြီး၊ ကနေဒီကျွန်းစုတွေဆီကိုသွားရောက် တိမ်းရှောင်ခဲ့တာလို့ သိရပါတယ်။ ဒီဖော်ထုတ်မှုကို Hunting Hitler for the History Channel အစီအစဉ်မှာ ဂရိစစ်ကျန်အမျိုးသားကြီးနဲ့ အမေးအဖြေ
လုပ်ရင်း ဇန်န၀ါရီ 16 ရက်နေ့ မနက် 10 နာရီမှာ ထုတ်လွှင့်သွားခဲ့ပါတယ်။

အခြားမှတ်တမ်းရုပ်ရှင်တစ်ခုကလည်း ဟစ်တလာရဲ့ ရုပ်အလောင်းဟာ ဂျာမနီမှာရှိတယ်လို့ အမေရိကန်တွေက မယုံကြည်ကြကြောင်း ထုတ်ပြန်ခဲ့သေးတယ်လို့ သိရပါတယ်။ ရုရှတွေဟာ ဟစ်တလာ သေဆုံးခဲ့တယ်လို့ဆိုတဲ့ ဘန်ကာထဲမှာရှိတဲ့ အလောင်းကို စစ်ဆေးတဲ့အခါမှာလည်း ဟစ်တလာထက် အရပ်ငါးလက်မ ပိုပုတဲ့လူတစ်ယောက်ရဲ့ ပျက်စီးနေတဲ့
ရုပ်အလောင်းသာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒီအချက်ဟာ အလွန်သံယယရှိဖွယ် ဖြစ်နေပါတယ်။

British Intelligence ကနေ ထုတ်လွှင့်တဲ့ အခြားအစီအစဉ်တစ်ခုမှာလည်း ဟစ်တလာဟာ ဘာလင်မှ လေယာဉ်မှူး Captain Peter Baumgart နဲ့အတူ လျှို့ဝှက်ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဟစ်တလာရဲ့ မေးရိုးလို့ ယူဆရတဲ့ အရာကိုတော့ ရုရှနန်းတော်နဲ့ပတ်သက်တဲ့ သမိုင်းပညာရှင်တွေက ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဟစ်တလာနဲ့ ဇနီးရဲ့ ရုပ်အလောင်းတွေကို သေဆုံးခဲ့တဲ့ဘန်ကာရဲ့ အပြင်ဘက်က ရုရှစစ်တပ်က ဓာတ်ဆီလောင်းကာ မီးရှို့ဖြတ်ဆီးခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။

ရုရှစစ်တပ်ဟာ စစ်အတွင်းတုန်းက ဟစ်တလာခိုအောင်းနေတယ်လို့ ယူဆရတဲ့ ဘာလင်မှဘန်ကာကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစစ်တပ်ဘက်ကနေ ထွက်ပေါ်လာတဲ့ သတင်းနှစ်ရပ်မှာပင် ကွဲလွဲချက်တွေ ရှိနေတာဟာ သမိုင်းပညာရှင်တွေကို အတွေးများစွာ ပွားစေပါတယ်။

ဒါပေမယ့် ဟစ်တလာမသေကြောင်းကို သက်သေခံနိုင်တဲ့ ဂရိဆောက်လုပ်ရေး အလုပ်သမားကြီးကို အင်တာဗျူးတဲ့အခါမှာ ၎င်းစစ်ကျန်လုပ်သားကြီးက ” 1945 ခုနှစ်တုန်းက ကျနော်ဟာ Samos ကျွန်းမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုထဲမှာ လျှို့ဝှက်အဆောက်ဦတစ်ခု ဆောက်လုပ်ခဲ့ရပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး ” ကျွန်တော်ဟာ ဂျာမန်တွေအတွက် လျှို့ဝှက်ဥမင်လိုင်ခေါင်းတွေ တူးခဲ့ရပါသေးတယ် … ဂျာမန်ဆိုတာ နာဇီတွေကို ပြောတာပါ … အဲဒီ နာဇီတွေထဲမှာ ဟစ်တလာလဲ ပါပါတယ် … သူက နှုတ်ခမ်းမွေးမုတ်ဆိတ်မွေး အတုတပ်မထားတဲ့အပြင် သူ စီးနေကျ လေယာဉ်ကြောင့် ကျွန်တော် ကောင်းကောင်း မှတ်မိပါတယ် လို့ ဖွင့်ဟခဲ့ပါတယ်

သူက ဆက်လက်ပြီး ” အဲဒီအချိန်က မှတ်မှတ်ရရ 1945 ခုနှစ် မေလပါ … နောက် ကျွန်တော် အလုပ်နေရာတစ်ခု ပြောင်းရတယ် … လယ်သမားကြီးတစ်ဦးရဲ့ အာလူးခင်းထဲမှာ လေယာဉ်ငယ်တစ်စီး ထိုးစိုက်လာတယ် … လယ်သမားကြီးက
ကျွန်တော့်ကို အဲဒါ ဂျာမန်တွေပေါ့ကွာ “လို့ ပြောခဲ့ပါတယ်။ Samos ကျွန်းပေါ်မှာ နေထိုင်ရင်း အာဂျင်တီးနားဆီကိုလည်း U Boat နဲ့ ခရီးထွက်လေ့ရှိခဲ့တယ်လို့ သိရပါတယ်။

source : mirror.co.uk
Credit: လင်းဇော်ကို (Shwemom)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s