KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိသူ တစ်ဦး ဖမ်းဆီးရမိ


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ဇန်န၀ါရီ ၂၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA တပ်ရင်း ၂၆ မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိ နော်ခွန်း(ဘ) ဦးလနန်လ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် နယ်မြေခံစစ်ကြောင်းမှ တပ်မတော်သားများနှင့် တာဝန်သိ ပြည်သူများက မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပူးပေါင်းဖမ်းဆီးခဲ့ရာ မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရ မိခဲ့သည်။

စစ်ဆေးမေးမြန်းမှုများအရ ၎င်းသည် KIA လော့ခွန်တိုက်နယ်မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိသူ ဖြစ်ကြောင်းနှင့် မိုင်းနောင်ကျေးရွာ၊ စုစည်းရပ်ကွက်ရှိ ခေါင်ဇယ်၏ နေအိမ်၌ အခြေပြု လှုပ်ရှားနေကြောင်း သိရှိရသဖြင့် ညနေ ၃ နာရီခန့်တွင် နယ်မြေခံ တပ်မတော် စစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ခေါင်ဇယ်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ ၎င်းနေအိမ်ရှိ နော်ခွန်းနေထိုင်သည့် အိပ်ခန်းအတွင်းမှ Drone တစ်စင်းနှင့် လက်တော့ပ် ကွန်ပျူတာတစ်လုံး(မကောင်း)တို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်းရမိ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ref; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s