လူရှစ်ဦးသေဆုံးခဲ့သည့် အမြန်လမ်းယာဉ်မီးလောင်မှု စီအိုင်ဒီ စစ်ဆေးမည်

ရန်ကုန်၊ ဇန်န၀ါရီ ၂၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် လူရှစ်ဦးမီးလောင်သေဆုံးခဲ့သည့် အမှုကို စီအိုင်ဒီမှလွှဲပြောင်း စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ယာဉ်မီးလောင်ပြီး လူရှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက် ပြီး

ယာဉ်ကိုမောင်းနှင်ခဲ့သူဟု ထွက် ဆိုထားသူအမျိုးသားကို အမှတ်(၃) အမြန်လမ်းမကြီးရဲစခန်းမှ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၀၄ (က)/၂၈၅တို့ဖြင့် အမှုဖွင့်ထားပြီး အဆိုပါအမှုနှင့်ပတ်သက်ပြီး ဖြစ် ရပ်မှန်ပေါ်ပေါ က်စေရန်အတွက် မှုခင်းရဲတပ်ဖွဲ့စီအိုင်ဒီမှ လွဲပြောင်း ယူကာ ဆက်လက်စစ်ဆေးသွား မည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး မှုခင်းရဲ တပ်ဖွဲ့စီအိုင်ဒီမှရဲအရာရှိက “”အမြန် လမ်းမှာကားမီးလောင်ပြီးလူရှစ်ဦး သေဆုံးတဲ့ကိစ္စကို ဖြစ်ရပ်မှန်သိရှိ စေဖို့အတွက် စီအိုင်ဒီကဆက်လက် စစ်ဆေးသွားမှာပါ။ အမှုကိုလွှဲပြောင်း ဖို့အတွက် စီစဉ်ဆောင်ရွက်နေတုန်း ဖြစ်ပါတယ်””ဟု ဇန်န၀ါရီ ၂၅ ရက် က ဒီမိုကရေစီတူဒေးသို့ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ပြီး ယာဉ်ပေါ်ပါသူများအနက် တစ် ဦးတည်း အသက်ရှင်ကျန်ရစ်သူ ယာဉ်မောင်းအမျိုးသားအပြင် မီး လောင်ကျွမ်းခဲ့
သည့် မော်တော်ယာဉ် မှ အမှုနှင့်ပတ်သက်ဆက်နွှယ်သည့် အထောက်
အထားများကို ဆက် လက်ရှာဖွေကာ ဆောင်ရွက်သွား မည်ဟု ၎င်းင်းကဆက်လက်ပြောသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် (၄/၁)မိုင်နှင့် (၄/၂) မိုင်ကြားတွင် ဇန်န၀ါရီ ၂၁ ရက်က လူကိုးဦးလိုက်ပါစီးနင်းလာ သော ဟိုက်အိတ်စ်ယာဉ်တစ်စီးမှာ လမ်း လယ်ရှိအလူမီနီယံတန်းများ ကိုတိုက်မိပြီး ယာဉ်မီးလောင်ကာ ယာဉ်ပေါ်ပါလူရှစ်ဦး မီးလောင်သေ ဆုံးသွားကာ ယာဉ်မောင်းဟုဆိုသူ အမျိုးသားတစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ယင်းအမှုကိုအ မှတ်(၃) အမြန်လမ်းမကြီးရဲစခန်းမှ ကနဦးစစ်ဆေး
ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

KMZ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s