အနမ်းများနဲ့ ၎င်းတို့ရဲ့ အနက်အဓိပ္ပါယ်

အမျိုးသားတွေ များသောအားဖြင့် လက်တွဲဖော်အပေါ် သူတို့ရဲ့ ချစ်ခင်ကြင်နာမှုနဲ့ သံယောဇဉ်တွယ်တာမှုကို သိစေဖို့ နဖူးကို နမ်းတတ်ကြပါတယ်။ တကယ်တမ်း အနမ်းအမျိုးမျိုးရှိပြီး တစ်ခုချင်းစီမှာ သူ့အဓိပ္ပါယ်နဲ့သူ ရှိကြပါတယ်။

နဖူးပြင်အနမ်း

ယောက်ျားတစ်ယောက်က သူတကယ် အလေးနက်ထားတဲ့ မိန်းကလေးမှသာ နဖူးကို နမ်းတတ်ကြပါတယ်။

ပါးမို့အနမ်း

ဒါက ရင်းနှီးမှုအပြုအမူတစ်ခုဆိုတာထက် ပိုပါတယ်။ သို့မဟုတ် “ငါ နင့်ကို သဘောကျတယ်” ဆိုတဲ့ သင်္ကေတလေးတစ်ခု ဆိုသတဲ့။

လက်ဖမိုးအနမ်း

ဒီအနမ်းက မြတ်နိုးမှုကို ပြတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာ ချစ်ခင်လေးစားမှုကို လက်ဖမိုးနမ်းပြီး အသိပေးတတ်ကြပါတယ်။

ရွှေလည်တိုင်အနမ်း

ရွှေလည်တိုင်အနမ်းက ချစ်တင်းနှောမှု စတင်ကြမယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ပခုံးပြင်အနမ်း

ဒီအနမ်းက လူပုဂ္ဂိုလ်တစ်ဦးကို သူ/သူမဟာ လိုလေသေးမရှိ ပြီးပြည့်စုံတယ်လို့ ရည်ညွှန်းပါတယ်။

နှုတ်ခမ်းချင်းအနမ်း

“ငါ နင့်ကို ချစ်တယ်” ဆိုတာ ပြတဲ့ အပြုအမူလေးဖြစ်ပါတယ်။

ခါးလည်အနမ်း

တစ်စုံတစ်ယောက်ကို အဝတ်အစားချွတ်ပေးဖို့ ခွင့်ပြုချက် တောင်းနေတာ ဖြစ်ပါတယ်။

အက်စ်ကီမိုအနမ်း

ဒီအနမ်းမှာ လက်တွဲဖော်နဲ့ နှာခေါင်းချင်း ပွတ်သပ်မှုတွေ ပါဝင်ပါတယ်။ ကြင်နာမှုကို ပြသတဲ့ ချစ်စရာကောင်းတဲ့ အပြုအမူတစ်ခုပါပဲ။

နားရွက်အနမ်း

ဒါက ရိုမန်တစ်ဆန်တဲ့ အနမ်းတစ်ခုပါ။ ဒီလိုနမ်းရတဲ့ ရည်ရွယ်ချက်က လက်တွဲဖော်မှာ အချစ်စိတ်တွေ တောက်လောင်စေဖို့ ဖြစ်ပါတယ်။

Ref: Boldsky

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s