ဦးကိုနီအတွက် ၀မ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် ဖေ့ဘုတ်မှာ အနက်ရောင်ပရိုဖိုင်များလွှမ်းခြုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပေဒေရေးရာအကြံပေးပုဂ္ဂိုလ်ဦးကိုနီဟာ ယနေ့ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်သမားတစ်ဦးရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့ရပါတယ်။ ဒါဟာ နိုင်ငံအတွက် လူတော်လူကောင်းတစ်ဦး ဆုံးရှုံးရခြင်းဖြစ်တာမို့ လူအများရဲ့ စိတ်ဘ၀င်မှာ ၀မ်းနည်းခဲ့ရသလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေချိန်ကို လှုပ်ခတ်စေနိုင်တဲ့ အကြောင်းအရာတစ်ခုဖြစ်တာကြောင့် လူအများစိတ်အ၀င်စားဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းဟာလည်း ဖေ့ဘုတ်ပေါ်မှာ မိနစ်ပိုင်းအတွင်း ပြန့်နှံ့ရောက်ရှိခဲ့ပြီး အချို့သော ဖေ့ဘုတ်အသုံးပြုသူများဟာ ဦးကိုနီအတွက် ၀မ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် မိမိတို့ရဲ့ ပရိုဖိုင်ပုံကို အနက်ရောင်ပရိုဖိုင်အဖြစ် ပြောင်းလဲခဲ့ကြတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ ကျူးလွန်သူတရားခံကိုလည်း ဖမ်းမိထားပြီဖြစ်လို့ နောက်ထပ်ထွက်ပေါ်လာမယ့် နောက်ဆက်တွဲသတင်းများနဲ့ နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူကို မှန်မှန်ကန်ကန်နဲ့ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ အားလုံးကမျှော်လင့်နေကြပါတယ်။

အကြမ်းဖက်ဝါဒ ကျဆုံးပါစေ။ တစ်ပါးသူရဲ့ ပျက်ဆီးခြင်းအပေါ် ငဲ့ညှာစာနာသနားတတ်ကြပါစေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s