သင် အရက်အများကြီး သောက်ဖြစ်သွားရတဲ့ အကြောင်းအရင်း (၅) ချက်

 

ပုံမှန်ခင်တဲ့လူတွေထက် ချစ်တဲ့ခင်တဲ့လူတွေ ပါလာရင် ပိုသောက်ဖြစ်သွားပါတယ်။
အမေရိကန်နိုင်ငံရှိ အရက်စွဲခြင်းနှင့် အရက်ကြောင့် ဖြစ်ပေါ်သော ပြဿနာများဆိုင်ရာ အမျိုးသားအင်စတီကျူ့ရဲ့ ထုတ်ပြန်ချက်အရ အရက်သောက်တဲ့အခါ အမျိုးသားဆိုရင် တစ်ရက်လေးခွက်ထက် မကျော်သင့်ဘူးလို့ဆိုပါတယ်။ အမျိုးသမီးဆိုရင်တော့ တစ်ရက် သုံး ခွက်ထက်မကျော်သင့်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ အမေရိကန် ကျန်းမာရေးဌာနကတော့ အမျိုးသားတစ်ရက် နှစ်ခွက်နဲ့ အမျိုးသမီး တစ်ရက် တစ်ခွက် သတ်မှတ်ထားပါတယ်။ အရက်အလွန်အကျွံသောက်ဖြစ်သွားခြင်းဟာ ပတ်ဝန်းကျင် အပေါင်းအသင်းတွေနဲ့ ဆိုင်သလို စိတ်ပိုင်းဆိုင်ရာနဲ့လည်း ပတ်သက်ပါတယ်။ လူအများသောက်ဖြစ်သွားတဲ့ အကြောင်းအရင်းတွေကတော့ တူညီတတ်ပါတယ်။
၁ – အရက်အဓိက
အစကတည်းက အရက်ကို အဓိကထားပြီး ဆုံကြဖို့ ဖြစ်လာတာပါ။ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ဆုံဖို့မှာ အဓိက အစီစဉ်ကကို အရက်ဖြစ်နေတာပါ။ အစောကြီးကတည်းက ဒီနေ့ညနေ တော်တော်သောက်ဖြစ်မယ်လို့ တွေးထားမိပြီး တကယ်သောက်တော့ တော်တော်သောက်ထက်တောင် ပိုသွားတာပါ။
၂ – ချစ်လို့၊ ခင်လို့
ပုံမှန်ခင်တဲ့လူတွေထက် ချစ်တဲ့ခင်တဲ့လူတွေ ပါလာရင် ပိုသောက်ဖြစ်သွားပါတယ်။ စိတ်လွတ်လက်လွတ်သောက်လိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ်လို့ ခံစားရတာကြောင့်လည်း ဖြစ်ပါတယ်။ မူးပြီး အမှားတွေလုပ်ရင်တောင် သူတို့က ခွင့်လွတ်မယ်ဆိုတာ သိပါတယ်။ မူးပြီး သူတို့ကို ရစ်ချင်၊ နိုင်ချင်တာကြောင့်လည်း ပါပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါ – နောက်လ လခမထုတ်မီအချိန်ထိ လက်ထဲမှာငွေမြဲအောင် ဘယ်လိုလုပ်ကြမလဲ)
၃ – ဘာနေ့ညာနေ့
သင်္ကြန်လိုနေ့တွေမှာ အမူးသောက်ပါတယ်။ သူငယ်ချင်းမွေးနေ့မှာ အကွဲသောက်ပါတယ်။ လုပ်ငန်းအောင်မြင်တာ၊ စီမံကိန်းတစ်ခုပြီးသွားတာ စတဲ့အထိမ်းအမှတ်နေ့မှာလည်း အမူးလွန်သွားပါတယ်။ ဒီလို နေ့တွေမှာ အမူးလွန်သူတွေဟာ အရက်ကို ပုံမှန်သောက်သူတွေထက် တစ်ခါတစ်လေမှာ သောက်သူတွေ များပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး – သင့်ယောက်ျားကို ဒါတွေ ကျွေးလိုက်ပါ)
၎ – ချီးကျူးမြှောက်ပင့်
ထိန်းချုပ်နိုင်တာထက် ပိုမိုသောက်ဖြစ်သွားရတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ချက်ကတော့ သူငယ်ချင်းတွေရဲ့ ချီးကျူးပြောဆိုမှုတွေကြောင့် ဖြစ်ပါတယ်။ အရက်ဝိုင်းမှာ သင့်အောင်မြင်မှု၊ သင့်ပါးနပ်မှု၊ သင့်ပေါ် အလေးထားမှုတွေအကြောင်း အဓိကထား ပြောနေတာကြောင့်ပါ။ ဒီထဲမှာမှ သင်ရဲ့ အရက်သောက်နိုင်မှုကို အံ့သြရကြောင်း၊ အရက်ကို ဘယ်လိုကိုင်တွယ်နိုင်တဲ့သူဖြစ်ကြောင်း တွေကိုပါ ပြောဆိုရင်တော့ သင့်ရဲ့သောက်နှုန်းဟာ ရပ်တန့်လို့ မရနိုင်တော့လောက်အောင်ပါပဲ။
(သင်ကြိုက်နိုင်မယ့်ဆောင်းပါး – အလုပ်ကြောင့် ကျန်းမာရေးထိခိုက်လာတယ်ဆိုတဲ့ လက္ခဏာ (၇) ခု)
၅ – အကန့်အသတ်
ဘယ်နှစ်ခွက်ပဲသောက်မယ်လို့ ကိုယ့်ကိုယ်ကိုယ် အကန့်အသတ်ထားပါတယ်။ ဒါပေမဲ့လည်း အကြိမ်ကြိမ် အကန့်အသတ်ကို ချိုးဖောက်မိတာ ဖြစ်ပါတယ်။ ဒါဟာ အရက်ကို ပုံမှန်အမြဲသောက်သုံးသူဖြစ်တော့မယ်ဆိုတဲ့ ကနဦး လက္ခဏာပါပဲ။ မသောက်ချင်ဘူးဆိုရင် အကန့်အသတ်နဲ့ သောက်မယ့်အစား အစောကြီးကတည်းက ရှောင်တာ ကောင်းပါတယ်။
ဒီအချက် (၅) ချက်ကို သည်းခံနေရရင် သင်က အလွန်အမင်းဉာဏ်ရည်ထက်မြက်သူ ဖြစ်နေနိုင်
Photos & Source: Health
Credit:Duwun

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s