AI နဲ့ ကစားတဲ့ ကမ္ဘာကျော်ပိုကာပရိုသမား ၄ ဦး ဒေါ်လာ ၁.၈ သန်း ရှုံး

 

4256994-3x2-340x227

ပိုကာသမိုင်းမှာ AI ကို လူသားတို့ ပထမဆုံးအကြိမ်ရှုံးနိမ့်သွားတာပါ။

ကွန်ပျူတာဟာ ဘယ်လောက်ပဲ တိကျမြန်ဆန်နေပါစေ။လူသားတွေကို ကျော်မရတဲ့ နေရာတစ်ခုရှိပါတယ်။ ဒါကတော့ ပိုကာကစားနည်းပါပဲ။ အစဉ်အလာအရ လူသား က နည်းပညာကို ပိုကာကစားပွဲတွေမှာ အသာစီးက ရလေ့ရှိစမြဲပါ။ ဒါပေမယ့်လည်း ဒီတစ်ပတ်မှာတော့ ကမ္ဘာ့အကောင်းဆုံးပိုကာပရော်ဖက်ရှင်နယ် လေးဦးဟာ ကာနက်ဂျီမယ်လွန်တက္ကသိုလ် CMU မှ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ ဥာဏ်ရည်တု AI ပရိုဂရမ်နဲ့ ယှဉ်ပြိုင်ကစားရာမှာ ဒေါ်လာ ၁.၈ သန်း ( ပေါင် ၁.၄ သန်း) နီးပါး ရှုံးသွားခဲ့ပါတယ်။

Libratus လို့ ခေါ်တဲ့ ပိုကာဗားရှင်း AI agent တစ်ကောင်နဲ့ ယှဉ်ပြီး ပိုကာကစားခဲ့တဲ့ ပိုကာပရိုတွေကတော့ ဒွန်ကင်မ် ၊ ဂျင်မီချူး ၊ ဒန်နီယယ် မတ်စ်သြလေး နဲ့ ဂျေဆင်လက်စ် တို့ ပဲ ဖြစ်ပါတယ်။ ရက်သုံးဆယ်ကြာတဲ့ ဒီပွဲကြီးကို ပင်ဆီဗေးနီးယားနယ် ပစ္စဘာ့ဂ်မှာရှိတဲ့ Rivers Casino မှာ ကျင်းပခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာ AI ဟာ လူ ၁၂၀၀၀၀ ကျော်ဆီက ဒေါ်လာ ၁၇၇၆၂၅၀ (ပေါင် ၁၄၀၈၇၄၃) ရယူပြီး ပွဲသိမ်းသွားပါတယ်။ ဒီပွဲကို ဝင်ပြီး ဆော့ကြတဲ့ ပလေယာတွေဟာ တစ်နေ့ ကို ၁၀ နာရီအထိ ကွန်ပျူတာ screen နဲ့ ဆော့ကြတာ ဖြစ်ပြီး နောက်ဆုံးမှာ Libratus က အနိုင်ပိုင်းသွားတာ ဖြစ်ပါတယ်။ဒီပွဲမှာ ပါဝင်ကစားသွားတဲ့ ပိုကာပရိုများကိုလည်း သူတို့ ရဲ့ စွမ်းဆောင်ရည်ကြောင့် ဆုကြေးဒေါ်လာ ၂ သိန်း (ပေါင် ၁၅၉၀၀၀) ကို ခွဲဝေပေးသွားမှာပါ။
Libratus ရဲ့ အောင်မြင်မှုကြောင့် ဒီ AI ကို ဖန်တီးခဲ့တဲ့ CMU မှ ပညာရှင် ထူးမတ်စ်ဆန်ဟွန်း ကတော့ ဒါဟာ သမိုင်းဝင်အလှည့်အပြောင်းတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပွဲတစ်လျှောက်မှာ AI သုံးသွားတဲ့ ပိုကာကစားနည်းဗျူဟာကို စူပါကွန်ပျူတာတွေမှာပဲ တွက်ချက်နိုင်တာ ဖြစ်ပါတယ်။

READ  မိလ္လာခွက်ထဲဝင်ကနေထွက်လာခဲ့တဲ့ အဆိပ်ပြင်းတောကြီးမြွေဟောက်ကြီး


ယခု AI စနစ်ဟာ ကစားပွဲတစ်ခါပြီးသွားတိုင်း ပြိုင်ဘက်ပရိုတွေရဲ့ ထိုးပေါက်တွေကို ပြန်ပြီး သုံးသပ်ဆင်ခြင်ပါတယ်။ ပြီးတာနဲ့  Libratus မှာ ထည့်ထားတဲ့ ဗျူဟာတွေ ခင်းကျင်းပေးမယ့် meta algorithm ကို ထုတ်သုံးပါတယ်။ စူပါကွန်ပျူတာအနေနဲ့ ပွဲတစ်ညပြီးသွားတိုင်း ဘယ်အပေါက်ကို ဦးစားပေး ရှိုးသွားမယ်ဆိုတာကို အသေးစိတ်တွက်ချက်နိုင်ပါတယ်။ဒါဟာ အရင်က ပိုကာကစားနည်းမှာ သုံးခဲ့တဲ့ လေ့လာနည်းတွေနဲ့ အတော့်ကို ကွာခြားနေပါတယ်။ဒီ algorithm ဟာ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေ လစ်ကွက်တွေကို ဖမ်းနိုင်ပြီး တစ်နေ့ ထက်တစ်နေ့ လူသားရဲ့ အားနည်းချက်ကို ပိုမြင်လာနိုင်သလို ဒီအားနည်းချက်တွေကိုလည်း အပိုင်အသုံးချနိုင်ပါတယ်။

Libratus ရဲ့ ဒီအောင်မြင်မှုကို တရုတ်အင်တာနက်နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Baidu မှ သိပ္ပံအကြီးအကဲ အန်ဒရူးနဂ့်က ကမ္ဘာ့စစ်တုရင်ချန်ပီယံ လီဆဲလ်ဒို ကို အနိုင်ယူသွားတဲ့ Google ရဲ့ DeepMind AI နဲ့ နှိုင်းယှဉ်သွားခဲ့ပါတယ်။AI နယ်ပယ်ဟာ တစ်စထက်တစ်စကျယ်ပြန့် လာသလို ၂၀၁၇ ခုနှစ်ဟာ AI ခေတ်ရဲ့ ကနဦးအစ ဖြစ်ဖို့ အလားအလာကောင်းနေပါတယ်။ လူသားတို့ ရဲ့ ကျန်းမာရေး ၊ နေထိုင်မှုပုံစံ နဲ့ လုပ်ငန်းဆောင်တာများကို AI ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ သိပ္ပံပညာရှင်များမှ အဘက်ဘက်ကနေ ကြိုးပမ်းနေကြပါတယ်။
Source: Bussiness Insider

Credit: Duwun

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s