သဆုံးသည်အထိ စစ်ဆေးခဲ့ပြီး အလောင်းဖျောက် ခဲ့သည့် ရဲဝန်ထမ်းများနှင့် ရွာသားများကို အမှုဖွင့်

မျိုးမြတ်(MMK)

ပဲခူး- ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရဲစခန်းတွင် မေးမြန်းစစ်ဆေး စဉ် အမျိုးသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြသည်ဟု ဆိုကာ တရားစွဲဆိုခံရသည့် ရဲဝန်ထမ်း ၁ဝ ဦးနှင့် အုပ်ချုပ်ရေးမှူးအပါ အဝင် ရွာသားသုံးဦးတို့အား ဖေဖော်ဝါရီ ၂ ရက်တွင် ပဲခူးခရိုင်တရား ရုံးအမှတ်(၄)၌ ဒုတိယအကြိမ် ရုံးချိန်းခေါ်ဆိုခဲ့ကြောင်း သိရသည်။

    ရွှေကျင်မြို့အနောက်ဘက် ဘောကထာနယ်မြေရဲစခန်းပိုင် ဘောကထာရေအားလျှပ်စစ်စီမံကိန်းနယ်မြေအတွင်း မဘီးကြီးကျေးရွာ အနီး ၂ဝ၁၆ ဒီဇင်ဘာ ၂၄ ရက်က မသင်္ကာဖွယ်တွေ့ရှိရသည့် အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦးအား ဘောကထာနယ်မြေရဲစခန်းမှ ရဲဝန်ထမ်း ၁ဝ ဦးနှင့် မဘီးကြီးကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားသုံးဦးက စစ်ဆေးခဲ့ပြီးနောက် အဆိုပါအမျိုးသားသည် ဒီဇင်ဘာ ၂၅ ရက်တွင် အချုပ်ခန်းအတွင်း သေဆုံးခဲ့ကာ ကျေးရွာသင်္ချိုင်းအနီး ရေမြောင်းတွင် စွန့်ပစ်ခံရပြီး လူသေမှုဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

    ”လူသတ်မှုတွေမှာ ရှေ့နေပါရပါမယ်။ တရားခံဘက်က လိုက်နာဆောင်ရွက်တဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာတင်တဲ့နေရာမှာ တရားခံနှစ်ဦးက ရှေ့နေမငှားနိုင်တဲ့အတွက် နိုင်ငံတော်စရိတ်နဲ့ ရှေ့နေ ငှားရမ်းနိုင်ဖို့အတွက် ခရိုင်ဥပဒေအရာရှိကို အကြောင်းကြားပေးခဲ့ တယ်”ဟု ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးဌေးဝင်းက ပြောသည်။

သေဆုံးသူအမျိုးသားသည် မဘီးကြီးကျေးရွာအတွင်း သွား လာနေသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မသင်္ကာမှု ဖြင့် ရိုက်နှက်စစ်ဆေးခဲ့ပြီး ဘောကထာနယ်မြေရဲစခန်းအား သွားရောက် အပ်နှံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဘောကထာနယ်မြေရဲစခန်းမှ ရဲအုပ်တစ်ဦးအပါအဝင် ရဲဝန်ထမ်း ၁ဝ ဦး၊ အုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသားသုံးဦးတို့ အား (ပ)၂၃/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂/၁၁၄ ဖြင့် ၂ဝ၁၇ ဇန်နဝါရီ ၃ ရက်တွင် ဘောကထာနယ်မြေရဲစခန်းမှာပင် စခန်းမှူးဖြစ်သူက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s