စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ခရီးသွားပါ

စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေဖို့ ခရီးသွားခြင်းဟာ အရေးကြီးလှပါတယ်။ UK သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ ကျေးလက်တောရွာတွေဘက်ကို ခရီးသွားခြင်းဟာ စိုးရိမ်သောကတွေကိုလျော့ကျစေနိုင်တဲ့အပြင် အကောင်းမြင်စိတ်ကိုလည်း ပိုမိုဖွံ့ဖြိုးစေနိုင်မှာဖြစ်ပါတယ်။
ကျေးလက်တောရွာတွေဘက်မှ စိမ်းစိမ်းစိုစိုမြင်ကွင်းတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို အလွန်တရာ အကျိုးရှိစေတဲ့အပြင် နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါအမြောက်အများကိုပါ ကင်းဝေးစေနိုင်တယ်လို့ ၂၀၁၅ခုနှစ်ရဲ့ သုတေသန လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ယခုလိုခရီးသွားလာတဲ့နေရာမှာ မိမိနေအိမ်နဲ့ နီးခြင်း ဝေးခြင်းဆိုတဲ့ ကိစ္စကို ထည့်ပြီး မစဉ်းစားသင့်ပါဘူး။
ကျေးလက်တောရွာတွေမှာ လမ်းလျှောက်ခြင်းနဲ့ မြို့ပြမှာ လမ်းလျှောက်ခြင်းကို မိနစ်(၅၀)စာလောက်ပဲ နှိုင်းယှဉ်ကြည့်လိုက်ပါ။ အကျိုးရလာဒ်အားဖြင့် ကျေးလက်တောရွာတွေမှာ လမ်းလျှောက်ခြင်းဟာ စိုးရိမ်ကြောင့်ကျမှုနဲ့ အလုပ်ရဲ့ဖိစီးမှုဒဏ်တွေကို လျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။  ဒါကြောင့်မို့ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေဒဏ်ကနေ လွတ်မြောက်ဖို့အတွက် မြို့ပြရဲ့ အရိပ်အာဝါသအောက်ကနေ ခဏတဖြုတ်လောက်ပဲဖြစ်ဖြစ် ထွက်ခွာပြီး ကျေးလက်တောရွာတွေရဲ့ အငွေ့အသက်တွေကို ရှုရှိုက်ရင်း အမှတ်ရစရာတွေကို ရယူခံစားကြည့်လိုက်ပါ။ ။
Ref:psychologytoday

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s