မျက်ကပ်မှန်တပ်သူတွေဟာ မတပ်တဲ့သူတွေထက် ဘက်တီးရီးယားပိုးတွေ ပိုများ

မျက်ကပ်မှန်တပ်သူတွေဟာ မတပ်သူတွေထက် မျက်စိထဲ ဘက်တီးရီးယားမျိုးစုံ ရှိကြကြောင်း NYU Langone Medical Center က မကြာသေးမီက ပြုလုပ်တဲ့ သုတေသနက လေ့လာတွေ့ရှိခဲ့ပါတယ်။

သုသေတီတွေ လူအယောက် ၂၀ ရဲ့မျက်လုံးကို လေ့လာစစ်ဆေးခဲ့ကြပါတယ်။ ၉ ယောက်က မျက်ကပ်မှန်တပ်သူတွေဖြစ်ပြီး ၁၁ ယောက်က မှန်ကပ်မှန် မတပ်သူတွေဖြစ်ပါတယ်။ မျက်ကပ်မှန်အသုံးပြုသူတွေမှာ Acinetobacter ၊ Lactobacillus ၊ Pseudomonas နဲ့ Methylobacterium ပိုများကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ Pseudonomas ဆိုတာ မျက်လုံးပြည်တည်နာနဲ့ အများဆုံးဆက်စပ်တဲ့ ဘက်တီးရီးယားပိုး ဖြစ်ပါတယ်။

၁၉၇၀ နှစ်များအတွင်း မျက်ကပ်မှန်အပျော့ မိတ်ဆက်ပြီးတဲ့နောက်မှာ မျက်ကြည်လွှာပြည်နာပျံ့နှံ့မှု ပိုများလာခဲ့တယ်လို့ သုတေသနဦးစီးသူ Jack Dodick, MD ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အဲဒီရောဂါပိုးတွေဟာ အရေပြားကနေ စတင်ဖြစ်ပေါ်လာပုံ ရပါတယ်။ ဒီတော့ မျက်ခွံနဲ့ လက်သန့်ရှင်းမှု အထူးဂရုစိုက်သင့်တယ်လို့ သူက ဆိုပါတယ်။

မျက်စိရောဂါဖြစ်ပွားမှုအန္တရာယ် လျှော့နည်းစေဖို့အတွက် မျက်လုံးမထိခင် လက်တွေ သေချာဆေးကြောသန့်စင်ပေးဖို့ အမြဲတမ်း အကြံပြုထားပါတယ်။ မျက်ကပ်မှန်မတပ်ခင်နဲ့ ချွတ်မသိမ်းခင် သေချာဆေးပေးဖို့လည်း အကြံပြုထားပါသေးတယ်။

စဉ်းစားစရာ တစ်ခုက မျက်စိထဲ ဝင်ရောက်နိုင်တဲ့ ဘက်တီးရီးယားပမာဏကို ထိန်းချုပ်ဖို့ တစ်ခါသုံးမျက်ကပ်မှန်တွေ ပြောင်းသုံးဖို့ ဖြစ်ပါတယ်။ နောက်ဆုံးအချက်က မျက်စိကို အနားပေးဖို့ မမေ့ရန်နဲ့ ဖြစ်နိုင်ရင်တော့ မျက်မှန်ပြောင်းတပ်ဖို့ပဲ ဖြစ်ပါတယ်။

Ref: 1mhealthtips

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s