ရဲတပ်ကြပ်ကို ကားဖြင့်တိုက်ခဲ့သူအား လူသတ်မှုအပါအ၀င် ပုဒ်မလေးခုဖြင့် ပြောင်းလဲအမှုဖွင့်

 လှည့်ကင်းတာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ကြပ်ကို ကားဖြင့်တိုက်ခဲ့သည့် အသက် (၂၅)နှစ်အရွယ် ဇော်သန့်အား လူ သတ်မှု၊ ၀တ္တရားနှောင့်ယှက်မှု အ ပါအ၀င် ပုဒ်မလေးခုဖြင့် ပြောင်း လဲအမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ရဲတပ်ကြပ်က လှည့်ကင်း တာဝန်ထမ်းဆောင်နေစဉ် ကား ဖြင့်တိုက်ခံရမှုကို မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၂၇၉/၂၀၂ ဖြင့် ကနဦီး အမှုဖွင့်ထားသည်။ ထို့နောက် ဖေဖော်ဝါရီ ၁၄ ရက်တွင် လူသတ်မှုကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇/၃၀၄(က)/၂၀၂ ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ပြီး လူသတ်မှုပုဒ်မ ၃၀၂၊ ၀တ္တရားနှောင့်ယှက်မှုပုဒ်မ ၃၃၃၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ နှင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်မှုပုဒ်မ ၂၀၂ တို့ဖြင့် ထပ်မံအမှုဖွင့်ခဲ့သည်။

‘‘ကျွန်တော်တို့က ပထမ သေသေချာချာ မစစ်ရသေးတော့ ယာဉ်တိုက်မှုနဲ့ပဲ အမှုဖွင့်ထား တာ။ နောက်သေသေချာချာ စစ် လိုက်တော့မှ တမင်လိုက်ပြီးတိုက် သတ်တာသိတော့ လူသတ်မှုနဲ့ ပြောင်းဖွင့်ထားပါတယ်။ တရားခံ ကိုတော့ ရမန်ယူပြီး အင်းစိန်မှာ ပို့ထားပါတယ်။ ၁၄ ရက်နေ့က တည်းက ပို့လိုက်တာ။ ရမန် ၁၄ ရက်ယူပြီး အင်းစိန်ထောင်ပို့လိုက် တာပါ’’ဟု မြောက်ဥက္ကလာပမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးကပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁ နာရီခန့်က မြောက်ဥက္ကလာပ မြို့နယ် သန္တာ ၆ လမ်းထိပ်တွင် လူငယ်အချို့ ၀ိုင်းဖွဲ့ကာ အရက်သေစာ သောက်စားနေပြီး ဆူညံနေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ၁၉၉ သို့ ဖုန်းဆက်သွယ် အကြောင်းကြားသဖြင့် လှည့်ကင်းလမ်းကြောင်း (၂)၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ထိန်းသိမ်းကာ အခြားရပ်ကွက် သို့ လှည့်ကင်းထွက်စဉ် အဆိုပါအဖွဲ့မှ လူငယ်က စူပါကာစတန်ယာဉ်ဖြင့် နောက်မှလိုက်လာပြီး ရဲတပ်ကြပ်ညီညီထွေး စီးနင်းလာသော ဆိုင်ကယ်ကို တိုက်သဖြင့် ရဲတပ်ကြပ် သေဆုံးခဲ့ခြင်းဖြစ် သည်။ ရဲတပ်ကြပ်ညီညီထွေးကို ဖေဖော်ဝါရီ ၁၅ ရက် ညနေက ရေဝေးသုသာန်တွင် သဂြုင်္ိဟ်ခဲ့ သည်။

‘‘ကျွန်တော်တို့ကတော့ ဥပ ဒေကြောင်းအတိုင်းပဲ ဖြစ်စေချင် တယ်။ ဥပဒေအတိုင်း ထိထိ ရောက်ရောက်မလုပ်ဘဲ ပေါ့ပေါ့ ဆဆနဲ့ဖြစ်သွားမယ်ဆိုရင် နောင် ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ၀န်ထမ်းတွေ ဒီလိုပဲ ကားနဲ့တိုက်သတ်သွားပြီးတော့ နည်းနည်းပါးပါး ထောင်လေးကျ၊ ဒဏ်ကြေးလေးဆောင်ရင် ပြီးသွားမှာပဲကွာ ဆိုပြီး ဖြစ်သွားမှာ’’ဟု သေဆုံးသူ ရဲတပ်ကြပ်ညီညီထွေး၏ အစ်ကို ဦးမြင့်အောင်ကပြောသည်။

ပြစ်မှုကျူးလွန်သူ၏ မိသားစုဝင်များဘက်က ငွေကြေးဖြင့် လာရောက်ညှိနှိုင်းခဲ့သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရဲတပ်ကြပ်၏ မိသားစုဝင်များက ငြင်းဆိုသည်။

‘‘လာညှိတယ်ဆိုတာမဟုတ် ပါဘူး။ သူပြောလိုက်တာက အ ကယ်၍ လာပြီးတော့ညှိနှိုင်းရင် တောင် ကျွန်မတို့က လက်ခံမှာမ ဟုတ်ပါဘူးလို့ ပြောလိုက်တာ။ လာညှိတာကို လက်မခံတာလို့ ပြောတာမဟုတ်ဘူး’’ဟု ဦးမြင့် အောင်ကပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s