ဆံပင်ကော် hairwax အသုံးပြုပြီးနောက် ဆံပင်ကျွတ်ကာ ဦးရေပြားအနာပေါက်

 အင်္ဂလန်နိုင်ငံ Pudsey မြို့က ၂၄ နှစ်အရွယ် Lee Hardy ဆိုသူဟာ VO5 ဆံပင်ကော်တစ်ဘူးဝယ်သုံးပြီးနောက် ဦးခေါင်းမှာ အနာတွေပေါက်လာတာ သတိထားမိခဲ့ပါတယ်။ ဆံပင်တွေ အစုလိုက်အပြုံလိုက် ကျွတ်ပြီး ရက်အနည်းငယ်အကြာမှာ ဦးရေပြားကို အနားတွေဖုံးသွားတယ်လို့ ဆိုပါတယ်။

“ဒီပစ္စည်းကို ရက်အနည်းငယ်သုံးစွဲပြီးနောက် ကျနော့်ခေါင်းခြောက်ကပ်ပြီး ယားကျိယားကျိဖြစ်လာတယ်။ မှန်ကြည့်ရင် ကြောက်စရာကောင်းပြီး ဆံပင်တွေ အစုလိုက်ကျွတ်နေပါတယ်။ အရင် ဒီပစ္စည်းသုံးဖူးတယ်။ ဘာပြသနာမှ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဇန်ဝါရီလက ဘူးသစ်တစ်ခုဝယ်ပြီး စသုံးပါတယ်။ ၂ ရက်လောက်ထိ အဆင်ပြေပေမယ့် နောက်တော့ ဦးရေပြား ခြောက်ကပ်လာတာ သတိထားမိတယ်။ ၅ရက်ကြာပြီးတဲ့အချိန်မှာ ဆံပင်တွေ စကျွတ်လာတယ်။ ပြီးတော့ အစုလိုက်အစုလိုက် ကျွတ်လာတယ်။ အဲကနေ အခြေအနေပိုဆိုးလာပြီး ဖုံးကွယ်လို့မရတော့လို့ ကတုံးတုံးလိုက်ရတယ်”လို့ သူက ဆိုပါတယ်။

ဆရာဝန်နဲ့ပြပြီး အသားရေစိုပြေစေတဲ့ ခေါင်းလျှော်ရည်တွေသုံးပေးမယ့် အထောက်အကူမပြုခဲ့ပါဘူး။ အဲ့ချိန်ကစပြီး ရောဂါကူးစက်မှုအစုံ ကုသပေးတဲ့ နောက် moisturizer တစ်မျိုးသုံးဖို့ညွှန်းကြပြီး စပ်ဖျဉ်းဖျဉ်းဖြစ်မှု လျော့နည်းသက်သာစေပါတယ်။ VO5 ထုတ်တဲ့ Unilever ကုမ္ပဏီကို ဆက်သွယ်ပြီး သူတို့က စစ်ဆေးမှု ပြုလုပ်ကြပါတယ်။ VO5 ကနေ ဒီပြသနာ ဖြေရှင်းဖို့ ₤210 ပေးခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ Lee က ပြောပါတယ်။ ဒီထုတ်ကုန်ထဲက ပါဝင်ပစ္စည်းတွေ အတိအကျသိချင်တယ်။ ဘာ့ကြောင့် ဒီလိုပြသနာဖြစ်ရလဲ သိဖို့လိုအပ်တယ်လို့ Lee က ဆိုပါတယ်။ ဝန်ထမ်းတချို့ အရမ်းကူညီတတ်ပေမယ့် တချို့က ဒီကိစ္စပြောပြရင် ရယ်ကြတယ်။

ကျနော့်မှာ allergic ဖြစ်တာလည်း မဟုတ်ဘူး။ အတော်ထူးဆန်းပါတယ်။ အရင်က ဦးခေါင်းမှာ ဒီလိုပြသနာ တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဦးရေပြားတွေ အဖတ်လိုက် ကွာပြီး တခါတလေ သွေးတောင် ယိုတယ်။ အခုတော့ ဦးရေပြားစိုပြေစေဖို့ အလှဆီ တစ်နေ့ ၃ ကြိမ်လိမ်းပေးရပါတယ်။ ဦးထုပ်ကိုလည်း အမြဲတမ်း မဖြစ်မနေဆောင်းရပါတယ်။

အရင်က ဘယ် complaint မှ မရှိဖူးတော့ ဒီစုံစမ်းစစ်ဆေးဖို့ ပြုလုပ်ဖို့ အခွင့်အရေးကို ကြိုဆိုရမှာပါ။ ကုမ္ပဏီအနေဖြင့် လုံခြုံစိတ်ချမှုနဲ့ ကုန်ပစ္စည်းအရေအသွေးကို ပထမဆုံးဦးစားပေးဖြစ်လို့ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးမှု ဆက်လက်ဆောင်ရွက်သွားမယ်လို့ Unilever ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Ref: Metro

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s