ဓားပြတိုက်ခံရချိန် မိန်းမကိုသေနတ်နဲ့ ပစ်သတ်ခိုင်းတဲ့ ယောက်ျားက မိန်းမအကျိုးအတွက်ဟုဆို

ဘဏ်ဓားပြတိုက်ခံရတဲ့အချိန် ကိုယ့်ယောက်ျားနဲ့အတူရှိနေတဲ့ ဇနီးတစ်ယောက်က ယောက်ျားဖြစ်သူရဲ့ စောင့်ရှောက်မှုကိုမျှော်လင့်ကြမှာ ဖြစ်ပေမဲ့ Tommy Jonesလို့ခေါ်တဲ့ခင်ပွန်းရဲ့အပြုအမူက ထူးဆန်းလှပါတယ်။ ဘဏ်ဓားပြ တွေက သေနတ်ထုတ်ပြီး Tommy Jonesရဲ့ ဇနီးဖြစ်သူAbbeyရဲ့ ခေါင်းတည့်တည့်ကိုချိန်ကာ ဓားစာခံလုပ်ထားပါတယ်။ ဒီအချိန်မှာTommyလှမ်းအော်ပြီးပြောလိုက်တဲ့စကားကတော့ “အဲ့ဒီမိန်းမကိုသတ်လိုက်- သူကငါ့အတွက် ဘာမှအသုံးမဝင်တော့ဘူး”တဲ့။
ဒါပေမဲ့ ဒီစကားကြောင့် Tommy ကို မကောင်းတဲ့ယောက်ျားတစ်ယောက်လို့ အမည်တပ်လို့မရဘဲ ဒါကဇနီးအတွက် အကျိုးရှိအောင် လုပ်တာဖြစ်ပါတယ်လို့ ဆိုပါတယ်။ သူ့မိန်းမက သူ့အတွက် အရေးမပါသလို လုပ်လိုက်တဲ့အတွက် ဘဏ်ဓားပြတွေအနေနဲ့ အံသြပြီး အာရုံလွဲသွားမယ်။ ဒီလိုဆိုရင် မိန်းမကို ဓားစာခံအဖြစ်လုပ်တာကနေ ကာကွယ်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ သူ့စကားကသေနတ်သမားကိုခေါင်းရှုပ်သွားစေဖို့ဖြစ်ပြီး တကယ်လည်းသေနတ်သမားခေါင်းရှုပ်သွားခဲ့ပါတယ်။
သေနတ်သမား Jonathan Pay ခေါင်းရှုပ်သွားတဲ့အချိန် ကုန်ကားမောင်းဆရာBobby က နပန်းဝင်လုံးနိုင်ခဲ့ပါတယ်။ Payရဲ့ အပေါင်းပါတစ်ယောက်ကလေသေနတ်နဲ့ မျက်နှာကိုပစ်ခဲ့ပေမဲ့ ဆိုးဆိုးရွားရွား ဒဏ်ရာမရဘဲနောက်ဆုံးမှာ အားလုံးစုပေါင်းပြီး ဘဏ်ဓားမြတွေကို ဖမ်းနိုင်ခဲ့ပါတယ်။
Tommyနဲ့ Abbeyတို့နှစ်ယောက်က ဒဏ်ရာတချို့ရပြီး တုန်လှုပ်ခဲ့ရပေမဲ့ အသက်ဘေးကနေ လွတ်ခဲ့တာကတော့ Tommyရဲ့ လျှက်တပြက်ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့်ပဲဖြစ်ပါတယ်။ Tommy က ဒါကအလိုလိုသိစိတ်နဲ့ ပြောဖြစ်သွားတာပါ။ သူနဲ့ ကျွန်တော့်ကို ခွဲထုတ်နိုင်မှ သူတို့ကို အနိုင်ယူနိုင်မှာလို့ အလိုလိုတွေးမိပြီးပြောထွက်သွားတာပါ။ သူ့ဇနီးဖြစ်သူကလည်း သူ့ကို နားလည်ခဲ့ပါတယ်။ သူဘာကြောင့်ပြောခဲ့လဲဆိုတာကို သိပါတယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်လို့လည်း ခင်ပွန်းဖြစ်သူကို ပြောခဲ့ပါတယ်။
Ref:womansown.co.uk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s