မပြည့်စုံတဲ့ လက်တွေနဲ့ ရေးဆွဲခဲ့တဲ့ လေးစားဖွယ်ရာ ပန်းချီ ကားများ

Best Global Artis

စိတ်ဓာတ်ခိုင်မာပြီး မလျော့တဲ့ ဇွဲလုံ့လကြောင့် ပန်းချီ ဆရာ ဖြစ်ချင်တဲ့ သူ့ရဲ့ အိပ်မက်တွေကို အမှန်တစ်ကယ် ဖြစ်လာအောင် အကောင်အထည် ဖော်နိုင်ခဲ့သူပါ။
Best Global Artis

မပြည့်စုံတဲ့ ခန္ဓာကိုယ် အနေအထားနဲ့ မွေးဖွားလာသူ ဖြစ်ပေမယ့် စိတ်ဓာတ်ခိုင်မာပြီး ဘဝကို အရှုံးမပေးသူ တစ်ယောက်ရဲ့ အားထုတ်မှုက လေးစားအတုယူဖွယ်ရာ ဖြစ်ပါတယ်။ သူ့အမည်က မာရူစ် ကက်ဒ်ဇီယာစကီးလို့ ခေါ်ပါတယ်။
အသက် ၂၃ အရွယ် ပိုလန်နိုင်ငံသား ကက်ဒ်ဇီယာစကီးဟာ မွေးကတည်းက လက်တွေ အပြည့်အစုံ မပါခဲ့ပါဘူး။
ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ခိုင်မာပြီး မလျော့တဲ့ ဇွဲလုံ့လကြောင့် ပန်းချီဆရာ ဖြစ်ချင်တဲ့ သူ့ရဲ့ အိပ်မက်တွေကို အမှန်တစ်ကယ် ဖြစ်လာအောင် အကောင်အထည် ဖော်နိုင်ခဲ့သူပါ။
ကက်ဒ်ဇီယာစကီးဟာ ငယ်ငယ်ကတည်းက သူ့ရဲ့ မပြည့်စုံတဲ့ လက်တွေနဲ့ ပန်းချီဆွဲခဲ့ပြီး အဆင်မပြေမှုတွေ အခက်အခဲတွေ ကြုံခဲ့ရပေမယ့် ဘယ်တော့မှ လက်မလျော့ခဲ့ပါဘူး။

Best Global Artis
နောက်ဆုံးမှာတော့ ကက်ဒ်ဇီယာစကီးဟာ ပန်းချီဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Best Global Artis
သူဟာ ပြီးခဲ့တဲ့ ၇ နှစ်မှာ ပန်းချီကာ ၇၀၀ ကျော်ကို နာရီပေါင်း ၁၅,၀၀၀ လောက် အချိန်ယူ ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

Best Global Artis
၂၀၁၃ ခုနှစ်က ဗီယင်နာမှာ ပြုလုပ်တဲ့ ‘Best Global Artist’ ဆုပေးပွဲမှာ ကက်ဒ်ဇီယာစကီးက ဒုတိယဆု ရခဲ့ပါတယ်။ သူ့ရဲ့ ပန်းချီကားတွေက ခရာကော၊ ဗီယင်နာ၊ အောက်စ်ဖို့ဒ် စတဲ့ နေရာတွေက ပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

Best Global Artis
ကက်ဒ်ဇီယာစကီးဟာ ဥရောပတစ်လွှားရှိ ဘာလင်၊ အမ်စတာဒမ်၊ လန်ဒန်၊ ပါရီ၊ ဘာစီလိုနာ၊ မာဆေးလ်၊ ဗင်းနစ်၊ ရောမနဲ့ အေသင် မြို့တွေရဲ့ လမ်းမများပေါ်မှာ ပန်းချီဆွဲပြခဲ့ပါတယ်။

Best Global Artis
ဒီလို လှည့်လည်သွားလာပြီး ကိုယ်အင်္ဂါ မပြည့်စုံသူတစ်ဦး အနေနဲ့ လူမြင်ကွင်းမှာ ပန်းချီဆွဲပြခြင်းက လူတွေကို စိတ်ဓာတ် လှုံ့ဆော်မှုနဲ့အတူ ဖန်တီးစွမ်းဆောင်နိုင်မှု အကန့်အသတ်ဟာ စိတ်ထဲ ဦးနှောက်ထဲမှာသာရှိကြောင်း ပြသခြင်းဖြစ်တယ်လို့ ကက်ဒ်ဇီယာစကီးက ဆိုပါတယ်။
ကက်ဒ်ဇီယာစကီးရဲ့ ပုံတူပန်းချီလက်ရာတွေက အံ့မခန်းဖွယ် ကောင်းမွန်သပ်ရပ်လှတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Source & Photo: RVBY
Credit: Duwun

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s