Brad Pitt နဲ့ Angelina Jolie တို့ စကားပြန်ပြောနေကြပြီလို့ သိရ

 

ပြီးခဲ့တဲ့ စက်တင်ဘာလက အိမ်ထောင်ရေးကွာရှင်းမှုကြောင့် ဇယားရှုပ်သွားခဲ့တဲ့ Brad Pitt နဲ့ Angelina Jolie အကြောင်း အားလုံးသိပြီးဖြစ်မှာပါ။ ဒီကိစ္စကြောင့် သူတို့ရဲ့ ကလေး ၆ယောက်နဲ့ပတ်သက်ပြီး Brad Pitt ဟာ အချိန်ခဏကြာ ထိန်းသိမ်းခံခဲ့ရပါသေးတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ ချစ်ကြည်မှုပြုလုပ်ပြီး တစ်ဦးကိုတစ်ဦး တိုက်ရိုက်စကားပြောဆိုနေကြပြီလို့ People သတင်းက ဖော်ပြခဲ့ပါတယ်။

ဘဝရဲ့ခက်ခဲကြမ်းတမ်းတဲ့အချိန်ဖြစ်ခဲ့ပေမယ့် ပြေလည်အောင် သူတို့ ပြန်လည်ဖြေရှင်းနိုင်ခဲ့ကြတယ်လို့ Pitt နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်တစ်ခုက ဆိုပါတယ်။ Angie (အိန်ဂျယ်လီနာဂျိုလီ) ဟာ မိခင်ကောင်းတစ်ဦးဖြစ်ကြောင်း Pitt က အမြဲတမ်း အပြုသဘောဆောင်ရှုမြင်ခဲ့ကာ ရည်ရွယ်ချက်ကတော့ ကလေးတွေအတွက်နဲ့ မိသားစုတစ်ခုလုံးအတွက် အစစအရာရာ ပြန်အဆင်ပြေစေဖို့ သူတို့ ဦးတည်လုပ်ဆောင်နေကြတယ်လို့ အဲဒီသတင်းအရင်းအမြစ်က ထပ်မံဆိုထားပါတယ်။

ဇန်နဝါရီလက အဆိုပါစုံတွဲဟာ ကွာရှင်းမှုနဲ့ ပတ်သက်တဲ့ တရားရုံးစာရွက်စာတမ်းတွေအားလုံး တရားဝင်ဖြစ်ကြောင်း ထင်ရှားစေဖို့ တံဆိပ်ခတ်နှိပ်ခဲ့ကြတာဖြစ်ပါတယ်။ စာရွက်စာတမ်းတွေပြန်လည်ရရှိရေးနဲ့ နှစ်ဦးပြန်လည်ပေါင်းစည်းရေး တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ သူတို့ရဲ့ ပူးပေါင်းကြေငြာချက်တစ်ခုမှာ ဆိုထားပါတယ်။

Ref: Elle

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s