အသက်ကြီးလာတော့ သင်္ကြန်က သိပ်ဖီးလ်မရှိတော့ဘူးလို့ ဖွင့်ဟလာတဲ့ အလင်းရောင်

16649188_716493861858585_7345602270912396584_n.jpg

သင်္ကြန်နဲ့ပတ်သက်ပြီး ဘာအစီအစဉ်မှမရှိသေးကြောင်းပြောပြလာသူကတော့ အလင်းရောင်ပါ။ အလင်းရောင်ဟာ ဒါရိုက်တာဝိုင်းနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေလက်ခံရိုက်ကူးဖြစ်နေပြီး ၅လပိုင်းမှာလဲ နောက်ထပ်တစ်ကားထပ်ရိုက်ဦးမယ်လို့သိရပါတယ်။ အခုလက်ရှိမှာတော့ သူ့ကိုစင်တင်ပေးခဲ့တဲ မဟော်ဂနီထုတ်လုပ်ရေးကရိုက်ကူးတဲ့ ပလေးဘွိုင်းဆိုတဲ့ဇာတ်ကားမှာ ပွေရှုပ်တဲ့ ကောင်လေးတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒါ့အပြင်မကြာခင်မှာကျရောက်တော့မဲ့ မြန်မာ့နှစ်သစ်ကူးသင်္ကြန်အကြောင်း၊ သူရိုက်ကူးထားတဲ့ ဇာတ်ကားများအကြောင်းနဲ့လက်ရှိမှာပါဝင်သရုပ်ဆောင်နေတဲ့ ပလေးဘွိုင်းဇာတ်ကားအကြောင်းကိုပြောပြလာတဲ့အခါ

‘ အခုရိုက်နေတာက ပလေးဘွိုင်းဆိုတဲ့ ကားလေး၊ ဒါရိုက်တာက ပွင့်သိင်္ဂဇော်၊ သရုပ်ဆောင်တွေက ကိုမင်းမော်ကွန်းရယ်၊ ကျွန်တော်ရယ်၊ မခိုင်သင်းကြည်ရယ်၊ မအားဝေရယ် ပြီးတော့ တခြားသရုပ်ဆောင်တွေအများကြီးပါသေးတယ်။ ဒီထဲမှာ ကျွန်တော်နဲ့ကိုမင်းမော်ကွန်းနဲ့က တအားကိုရှုပ်တဲ့ ကောင်လေးတွေ၊ အဲ့ဒီမှာ အပျိုကြီးတွေနဲ့တွေ့ရတဲ့ ဟာသကားလေးပေါ့။ ဒီကားက ဟာသကားလေးဆိုတော့ ပေါ့ပေါ့ပါးပါးပါပဲ။ သိပ်ပြီးတော့ အရမ်းကြီး ဟဲဗီးကြီးတွေလဲမပါတော့ ဇာတ်တွေကလဲမျှတယ်။ ဆင်းန်တွေကလဲ ညီပါတယ်။’လို့ ဆိုသွားပါတယ်။

အလင်းရောင်နဲ့ မဟော်ဂနီနဲ့ ပြန်လက်တွဲဖြစ်တဲ့အကြောင်းကိုလည်း ပရိသတ်တွေ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သူက  ‘မဟော်ဂနီနဲ့က နားလည်မှုအနေနဲ့ပဲ၊ နောက်ကိုယ့်ကို စင်တင်ပေးတဲ့ တိုက်တစ်ခုအနေနဲ့ပဲ ရိုက်ပေးဖြစ်တာပါ။ အခုက ကျွန်တော် တခြားထုတ်လုပ်ရေးတွေနဲ့ပဲ ဆက်တိုက်ရိုက်ဖြစ်နေတာများပါတယ်။ မဟော်ဂနီကလဲ ဇာတ်ကားမရိုက်တာကြာပြီဖြစ်တဲ့အတွက် အခုကားလေးမှာ ပါဝင်ရိုက်ကူးဖြစ်သွားတာပါ။ ဒီကားက ကျွန်တော်ရွှေကြာ မရိုက်ခင်ကတည်းက တည်ထားတာပါ။ ဒါပေမဲ့ မရိုက်ဖြစ်ပဲနဲ့ ကြားထဲမှာ ရွှေကြာဝင်သွားတယ်။ မနေ့ကမှရွှေကြာပြီးတော့ ဒီကားလေးကိုပြန်ရိုက်ဖြစ်သွားတာပါ။ အရမ်းကြီးတော့ မပြင်ဆင်လိုက်ရဘူး။ ဒါပေမဲ့ အလိုက်ဖက်ဆုံးဖြစ်အောင်တော့ အားလုံးကို စီစဉ်ထားပါတယ်”တဲ့။

၂၀၁၇ သင်္ကြန်ကို သူဖြတ်သန်းမဲ့ အကြောင်းကိုတော့ “သင်္ကြန်က ရန်ကုန်မှာပဲရှိဖို့များပါတယ်။ အိမ်မှာတော့ မဟုတ်ဘူး။ မဏ္ဍပ်တစ်ခုပြောထားတာတော့ရှိတယ်။ သင်္ကြန်က အသက်ကြီးလာလို့လားမသိဘူး။ သိပ်ပြီးတော့ Feel မရှိဘူး။ သူငယ်ချင်းတွေက ရုံးပိတ်တော့ သူတို့နဲ့အတူတူနေမယ်။ လျှောက်လည်ရင်လဲ လျှောက်လည်ပါမယ်။ ဒီနှစ်ကတော့ ပျော်စရာတွေ များမယ်ထင်တယ်။ Fastival တွေလဲရှိတော့ သွားဖြစ်၊ မဖြစ်ကတော့ သေချာမသိသေးပါဘူး။”လို့ သူက ပြောပါတယ်။

ဒါ့အပြင် နောက်ထပ်ရိုက်မယ့်ကားက ဒါရိုက်တာကိုဝိုင်းနဲ့လက်တွဲရိုက်ကူးရမှာ ဖြစ်တဲ့အတွက် သူက ခုလိုဖွင့်ဟလာပါတယ်။ ‘ အားရပါတယ်။ ကိုဝိုင်းက သူမကျေမနပ်ခြင်းလဲမလွှတ်ဘူး။ ပြီးတော့ အကောင်းဆုံးသင်ပေးတယ်။ အများကြီးအတွေ့အကြုံတွေလဲရတယ်။ အကောင်းဆုံးလုပ်ထားတယ်။ အရှေ့မှာ ကိုဝိုင်းနဲ့က 3 Girls လဲရိုက်ထားတော့ ရွှေကြာမှာတော့ သိပ်မောင်းစရာမလိုဘူး။ ထရိန်နင်လဲ မလုပ်ခဲ့ဘူး။ ကျွန်တော့လိုအသစ်တစ်ယောက်ကို ကိုဝိုင်းလိုဒါရိုက်တာကြီးတစ်ယောက်အနေနဲ့ကျွန်တော့်ကို ခေါ်သုံးပေးတယ်။ ပြီးရင် နာမည်ကြီး မင်းသမီးတွေနဲ့ရိုက်ခွင့်ရတာနဲ့တင် ကျွန်တော့ အတွက်က ကံကောင်းပါတယ်။ ၅လပိုင်းမှာလဲ ကိုဝိုင်းနဲ့ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ရှိတယ်။ ကားနာမည်က ကာဗွန်ဒိုင်အောက်ဆိုဒ်ပါ။ မင်းသမီးက ဖွေးဖွေးပါ။ နောက်ထပ်မင်းသားတစ်လက်ပါပါဦးမယ်။ ဧပြီလကုန်ပိုင်းလောက်စရိုက်မယ်။ ဒရာမာကားဆိုတော့ ထရိန်နင်လုပ်ရဦးမှာမို့လို့ ကိုဝိုင်းအချိန်နည်းနည်းယူပြီး ရှေ့လကုန်မှစရိုက်မှာပါ။ ‘ တဲ့။

ရုပ်ရှင်ကားကြီးတိုင်း ဖွေးဖွေးနဲ့ဆုံခွင့်ရတဲ့အကြောင်းကိုတော့ သူက ‘ ထုတ်လုပ်ရေးရဲ့ ရွေးချယ်မှုရရော၊ ဒါရိုက်တာရဲ့ ရွေးချယ်မှုအရရောကြောင့် မဖွေးနဲ့ဆုံဖြစ်တာ ဖြစ်ပါလိမ့်မယ်။ သူကအရမ်းသဘောထားပြည့်တယ်။ သင်လဲသင်ပေးတယ်။ စကားပြောတာ၊ မျက်နှာလေ့ကျင့်ခန်းလုပ်တာကအစ တော်တော်များများကိုသင်ပေးတယ်။ မဖွေးနဲ့က တော်တော်လေးလဲခင်နေတော့ အများကြီးသင်ပေးတယ်။ သရုပ်ဆောင်ရတာလဲအဆင်ပြေပါတယ်။ ‘ လို့ ဖွင့်ဟသွားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s