လက်နက်ကြီးကျည်ကျရောက် အမျိုးသမီး တစ်ဦး သေဆုံး

 

လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားတဲ့ အဘွားအိုကို တွေ့ရစဉ်။ ဓါတ်ပုံ – မိုင်းမိုင်းအေးကို

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်ဟွမ်ရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အဲဒီရွာက အသက် ၇၀ ၀န်းကျင် ဒေါ်အမ်ခယားလိုင် သေဆုံးသွားခဲ့ပါတယ်။

နမ့်ဟွမ်ရွာက ရာအိမ်မှူး ဦးအောင်ခင် က ရွာထဲကို လက်နက်ကြီး ကျည်ဆံတစ်လုံးကျပြီး ပေါက်ကွဲတာကြောင့် သေ ဆုံးသွားတယ်လို့ အတည်ပြုပြောပါတယ်။

တပ်မတော်နဲ့ တအာင်းပလောင် တပ်ဖွဲ့တွေဟာ ဒီကနေ့ နမ့်ခမ်းမြို့နယ် နမ့်ဟွမ်ရွာအနီးတ၀ိုက်မှာ တိုက်ပွဲပြင်း ထန်စွာ ဖြစ်နေတယ်လို့ TNLA တအာင်း ပလောင်တပ်ဖွဲ့က ပြောပါတယ်။

ဒီလက်နက်ကြီး ကျည်ဆန်ကို ဘယ်အဖွဲ့ဘက်က ပစ်တာလဲဆိုတာကိုတော့ မသိရပါဘူး။ ရွာနားမှာဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဖို့နဲ့ ရွာထဲကို ပစ်တာတွေ မလုပ်ဖို့ တောင်းဆိုလိုကြောင်း ရာအိမ်မှူး ဦးအောင်ခင်က ပြောပါတယ်။

TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က အစိုးရတပ်မတော် တပ်မ ၈၈ နဲ့ ဒီနေ့ မနက် ၁၀ နာရီလောက်က စတင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေပိုင်းမှာ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ် သုံးစီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

RFA Burmese

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s