သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းကို မဆုံးရှုံးရအောင်ဘယ်လိုလုပ်မလဲ ?

လူတိုင်းမှာအရင်းနှီးဆုံးသူငယ်ချင်းဆိုတာရှိပါတယ်။ကိုယ်နဲ့ကိုယ့်အချစ်ဆုံးသူငယ်ချင်းကြားထဲကို တစ်ယောက်ယောက်ကကြားဝင်ပြီး ကိုယ့်သူငယ်ချင်းကိုသူ့သူငယ်ချင်းဖြစ်အောင်လုပ်သွားတာမျိုးရောကြုံဖူးကြမှာပါ။အဲ့လိုမျိုးတစ်စုံတစ်ယောက်ကသင်နဲ့သင့်သူငယ်ချင်းကြားကိုဝင်ဖို့ကြိုးစားနေတဲ့အခါ သင့်ဘက်က သတိထားဖို့လိုပါပြီ။သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းကို မဆုံးရှုံးရအောင်ဒီနည်းလမ်းလေးတွေအတိုင်းကြိုတင်ကာကွယ်လိုက်ပါ။

၁။ သင့်ရဲ့အချိန်တွေကို အရင်ကထက်သင့်သူငယ်ချင်းကိုပိုပေးပါ။

အရင်ကတော့ နှစ်ယောက်ပဲရှိလို့ ဘယ်နေရာသွားသွားအတူတူဆိုပေမဲ့ အခုတတိယတစ်ယောက်ရှိလာပါပြီ။သင်မအားဘူးဆိုရင် အဲ့ဒီတစ်ယောက်ကသင့်သူငယ်ချင်းနဲ့အတူရှိနေပါလိမ့်မယ်။

၂။ တစ်ပတ်တစ်ခါပုံမှန်တွေ့ပါ။

တစ်ပတ်ကိုတစ်ခါလောက်သင့်သူငယ်ချင်းအိမ်မှာ မုန့်လုပ်စားတာတို့၊ရုပ်ရှင်ကြည့်တာတို့လုပ်ပါ။သူ့မိသားစုနဲ့လည်းရင်းနှီးအောင်နေပါ။တတိယတစ်ယောက်ကိုတော့  အရေးကြီးမှခေါ်ပါ။

၃။ သင့်သူငယ်ချင်းရဲ့ ပထမဦးစားပေးက သင်ဖြစ်ပါစေ။

အပြင်တွေဘာတွေသွားစရာရှိတယ်ဆိုရင် သူပထမဆုံးခေါ်တဲ့သူက သင်ဖြစ်ပါစေ။သင်က မအားဘူးဆိုရင်တော့ နောက်အကြိမ်တွေမှာလည်းသူမကသင့်ကိုခေါ်တော့မှာမဟုတ်ပါဘူး။

၎။သင့်သူငယ်ချင်းရဲ့ မွေးနေ့ကိုမမေ့ပါနဲ့။

အဲ့ဒါကအရမ်းအရေးကြီးပါတယ်။သူငယ်ချင်းတွေရဲ့မွေးနေ့အကုန်မှတ်မိစရာမလိုပါဘူး။သင်အလေးထားရတဲ့သူငယ်ချင်းရဲ့မွေးနေ့ကိုတော့ သေချာမှတ်ထားပါ။မွေးနေ့မတိုင်ခင်ညမှာ သူမကို ဆုတောင်းစကားဆိုပေးပါ။အသေးအဖွဲလေးတွေဆိုပေမဲ့ သူမကိုအလေးထားမှန်းသိစေလို့ ပိုပြီးသံယောဇဉ်တွယ်စေပါတယ်။

၅။ နောက်ဆုံးအချက်ကတော့ သူငယ်ချင်းအပေါ်ဘယ်တော့မှသစ္စာမဖောက်ပါနဲ့။

သူမက တခြားသူငယ်ချင်းကို ကိုယ့်ထက်ပိုပြီးခင်သွားရင်တောင် သူမအတွက်ပျော်ပေးပါ။သူမကိုချစ်တဲ့သူတွေများလာတာက စိတ်ပျော်ရွှင်စရာပါ။သူငယ်ချင်းကောင်းဆိုတာ ကိုယ့်သူငယ်ချင်းအပေါ်ချစ်ခင်တဲ့သူပဲပိုများစေချင်ပါတယ်။သင့်သူငယ်ချင်းက သင့်ကိုအရင်လိုမခင်တော့ဘူးဆိုပြီး သူမကိုပစ်ပယ်မထားပါနဲ့။သူမနဲ့လည်း အဆက်အသွယ်မပြတ်ပါစေနဲ့။သူမက သင် သူ့အပေါ်ကောင်းတာတွေကို မေ့မှာမဟုတ်ပါဘူး။တကယ်လို့သင်သာ သူမနဲ့အဆက်အသွယ်ဖြတ်လိုက်မယ်ဆိုရင် ပိုပြီးဝေးကွာသွားပါလိမ့်မယ်။

အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကနေ သုံးယောက်ဖြစ်လိုက်ဖို့ပါပဲ။ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်လာဖို့ဆိုတာ တစ်ယောက်ကိုတစ်ယောက် စိတ်ရင်းစေတနာမှန်မှန်နဲ့ဆက်ဆံပေးဖို့ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s