သူငယ်ချင်းတွေနဲ့အဆင်မပြေတဲ့အခါ ဘာလုပ်သင့်လဲ

တစ်ခါတစ်လေ သူငယ်ချင်းဆိုတာ စိတ်ပြောင်းလဲလွယ်သလို သစ္စာဖောက်ပြီး သင့်ကိုအောက်ဆုံးထိဆွဲချနိုင်ပါတယ်။ ဒါက သူငယ်ချင်းအမည်ခံ စိတ်ကောင်းမရှိတဲ့လူမျိုးတွေကိုပြောတာပါ။ သူငယ်ချင်းကောင်းဆိုတာရဖို့တကယ်ခက်ပါတယ်။နေရာအသစ်ရောက်တဲ့အခါ စိတ်တူ ကိုယ်တူလူမျိုးတွေ့ဖို့ မလွယ်ပါဘူး။ဒီလိုလူမျိုးရှားတယ်ဆိုလို့ သူငယ်ချင်းမထားတော့ဘူးလို့လည်းမဟုတ်ပါဘူး။ အပေါင်းသင်းမိတ်ဆွေမရှိတဲ့အခါ အထီးကျန်ပြီး စိတ်ဓာတ်တွေကျနိုင်ပါတယ်။ လူရယ်လို့ဖြစ်လာတည်းက အသိုင်းအဝိုင်းပတ်ဝန်းကျင်ဆိုတာ ကိုယ်စီမှာရှိပြီးသားပါပဲ။အပြန်လည်မှီခိုအားထားရတာမျိုးတွေ၊ တစ်ယောက်အကြောင်း တစ်ယောက်ရင်ဖွင့်ပြီးစိတ်ပူပန်မှုတွေလျော့ချပေးနိုင်တဲ့လူမျိုးတွေရှိမှလည်း လူဖြစ်ရတာ ပျော်ဖို့ကောင်းမှာပေါ့။သူငယ်ချင်းထားတယ်ဆိုတာ ခရီးသွားရသလိုပဲ။ ဒီနေရာမှာ ဒီလူနဲ့ဆုံပြီး ရေစက်ကုန်ရင်ခွဲခွာကြရမှာပါ။ အရာရာတိုင်းက မတည်မြဲပါဘူး။

၁).အရာအားလုံးက ခေတ္တယာယီမျှသာလို့သဘောထားပါ။ ဒီသူငယ်ချင်းမရှိရင်မဖြစ်ဘူးလို့ ဘယ်သူပြောလဲ။ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ.. ဒါတွေက ခဏပါပဲ သင့်ခေါင်းထဲမှာအမြဲမှတ်ထားလိုက်ပါ။ တစ်ဘဝလုံးနဲ့စာရင် ဒါတွေကအသေးအမွှားကိစ္စတွေလို့ သတ်မှတ်နိုင်ရမယ်။ တစ်ခါတစ်လေ အထီးကျန်တဲ့ခံစားချက်မျိုးကို လူတိုင်းခံစားဖူးကြပါတယ်။ ကိုယ့်ဘဝထဲကို ခဏလေးလာပြီး ပြန်ထွက်သွားကြတဲ့လူတွေလည်းရှိသလို… တကယ်မိတ်ဆွေကောင်းအဖြစ်ကျန်ရစ်နေတဲ့ လူမျိုးတွေလည်း ရှိပါတယ်။နေ့တိုင်း ကိုယ့်ရဲ့ခံစားချက်တွေဖွင့်ထုတ်ဖို့ ဒိုင်ယာရီလေးတစ်အုပ်ဆောင်ထားပါ။သူငယ်ချင်းတွေနဲ့ပတ်သတ်ပြီး စိတ်ထဲဘဝင်ကျတာတို့၊ ဝမ်းနည်းတာမျိုးအတွက် ဒိုင်ယာရီရေးခြင်းကအများကြီးစိတ်သက်သာစေပါတယ်။

၂.)တစ်ခုခုပေါ်စိတ်နှစ်ထားခြင်းက ရှုပ်ထွေးနေတဲ့စိတ်တွေကိုပျောက်စေပါတယ်။တစ်ခုခုဆိုတာက ကိုယ့်ဝါသနာပါရာအလုပ်တစ်ခုဖြစ်ဖို့လိုပါတယ်။ ဗဟုသုတအသစ်တွေကိုလေ့လာခြင်း ၊ကွန်ပျုတာပရိဂရမ်အသစ်တွေရေးဆွဲတာ၊ ပန်းစိုက်တာ၊ ဘာသာစကားအသစ်တစ်ခုသင်တာ ၊ဂစ်တာတီးခြင်း စသဖြင့်ပေါ့။ စိတ်ညစ်စရာတွေကိုထိုင်တွေးနေမယ့်အစား ဒီလိုအချိန်တွေကိုကုန်ဆုံးလိုက်တာက ပိုအကျိုးရှိပါတယ်။

၃.)လူတွေနဲ့ထိတွေ့ဆက်ဆံရမယ့် အလုပ်မျိုးကိုရွေးချယ်ပါ။ အိမ်မှာထိုင်နေပြီးတော့ သူငယ်ချင်းမရှိဘူးလို့ အော်နေလို့မရပါဘူး။ အပြင်ထွက်ရင် သင့်လိုပဲ စိတ်တူကိုယ်တူဖြစ်နိုင်လောက်မယ့်လူမျိုးတွေကိုတွေ့လာရပါလိမ့်မယ်။ ၀ါသနာပါရာ အားကစားတစ်ခုခုလုပ်တာ၊ ညဘက်ကလပ်သွားတာ၊ စေတနာ့ဝန်ထမ်းလုပ်ပေးတာမျိုးဆို လူအများစုနဲ့ပေါင်းသင်းဆက်ဆံရပါလိမ့်မယ်။ ဒီလိုလျှောက်သွားရင်း ကြုံတွေ့ရတဲ့လူတွေက သင်နေ့စဉ် ကျောင်းနဲ့အလုပ်မှာကြုံတွေ့နေရတဲ့လူတွေနဲ့မတူပါဘူး။ကိုယ်နဲ့ စရိုက်တူ၊ဝါသနာတူတဲ့လူမျိုး..၊ နောက် ကိုယ့်ရဲ့အတွေးမြင်တွေကိုပြောင်းလဲပေးနိုင်တဲ့လူမျိုးတွေနဲ့ တွေ့ချင်တွေ့သွားနိုင်ပါတယ်။

၎.)ကိုယ်ဘယ်နေရာပဲရောက်ရောက်၊ ဘာပဲလုပ်လုပ် အခြားလူတွေနဲ့ဆက်ဆံပေါင်းသင်းရတဲ့အခါရင်းနှီးနွေးထွေးစွာနေပါ။ ရည်ရည်မွန်မွန်ရှိပါ။ အမြဲတမ်းပြုံးပျော်ရွှင်နေပါ။ တွေ့တာနဲ့ပြုံးပြီးခေါင်းညိတ်ပြခြင်းက တစ်ဖက်သားအပေါ်အလေးနက်ထားရာရောက်ပါတယ်။ယဉ်ကျေးပျုငှာပြီး ရင်းနှီးစွာနေခြင်းက ဆွဲဆောင်မှုတစ်မျိုးပါပဲ။သင်ဟာ ရှက်တတ်တဲ့လြူုဖစ်ကောင်းဖြစ်လိမ့်မယ်။ သင့်ရဲ့အပြုံးတွေနဲ့အကာကွယ်ယူထားပါ။လူတွေအများကြီးနဲ့စကားလိုက်ပြောရမယ်လို့တော့မဟုတ်ပေမယ့် ကိုယ်တွေ့တဲ့လူနဲ့ စကားပြောတဲ့အခါကိုယ့်ဘက်က စိတ်ဝင်စားကြောင်းပြပါ။

၅.)ခရီးထွက်ပါ။ အခြားနေရာတွေသွားခြင်းဖြင့် ကိုယ့်ကိုကိုယ်ဘယ်သူလဲဆိုတာ ရှာဖွေကြည့်ပါ။ခရီးသွားရင် လူသစ်တွေနဲ့ပေါင်းသင်းဆက်ဆံရမယ်။ ကိုယ်တစ်ခါမှ မတွေ့ဖူး မကြုံဖူးတဲ့အရာတွေနဲ့လည်း ထိတွေ့ခွင့်ရမယ်။ သင်ကိုယ်တိုင်က ရင်းနှီးလွယ်ရင်လူတိုင်းကလည်း သင့်ကိုအချိန်ခဏတွင်း ရင်းနှီးကြသွားမှာပါ။မွေးရာပါ ရင်းနှီးလွယ်တဲ့လူတွေသင့်ကို စကားပြောတဲ့အခါ မကြောက်ပါနဲ့။ စိတ်အေးအေးထားပြီးသာ ပြောစရာရှိတာပြောပါ။သူလည်းလူ ကိုယ်လည်းလူပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s