အိမ်ထောင်ပြုတယ်ဆိုတာ…

အခုခေတ်လူငယ်တွေကြားမှာ အိမ်ထောင်ပြုခြင်းနဲ့ပတ်သတ်ပြီး သူတိုရဲ့ထင်မြင်ယူဆချက်တွေဟာ သိပ်ပေါ့ပေါ့တန်တန်နိုင်လာတာကိုတွေ့ရပါတယ်။ ”အဆင်မပြေရင် ကွာလိုက်ကြပေါ့ ”ဆိုတဲ့ စကားတွေကိုလွယ်လွယ်ပြောထွက်လာကြတယ်။ ဘဝရဲ့အရေးကြီးတဲ့ကိစ္စတစ်ခုကိုပြီးစလွယ်လုပ်ရဲလွန်းတယ်။

”အဆင်ပြေတဲ့ အိမ်ထောင်ရေးထက် ပိုပြီးနှစ်သက်ခင်တွယ်စရာကောင်းသောအရာမရှိ ” လို့ မာတင်လူသာကပြောခဲ့ဖူးတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ အခြေခံသဘောတရားတွေ၊ သဘာဝဆွဲအားအချင်းချင်းတွေ့ကြုံဆုံစည်းမှုလို့ဆိုတာထက် ရေရှည်မှာ တကယ်တမ်း
အလိုအပ်ဆုံးက လိုက်ဖက်မှု ရှိ ၊ မရှိဆိုတာပါပဲ။ ဒါမျိုးက ချက်ချင်းကောက်ကာငင်ကာ ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ဦးနှောက်နဲ့ နှလုံးသား နှစ်ခုပေါင်းစပ်မှဖြစ်လာတာပါ။

အိမ်ထောင်တစ်ခုပြိုကွဲပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကြုံရစမြဲပါပဲ ။ ကလေးတွေရှိရင် ပိုဆိုးပါတယ်။ လင်မယားနှစ်ဦးက မချစ်မနှစ်သက်လို့ အတူတူမနေချင်တာမှန်ပေမယ့် ကြားထဲက
ဘာအပြစ်မှမရှိတဲ့ ကလေးတွေ နစ်နာရမယ်။ စိတ်ထိခိုက်ရမယ်။ စိတ်ထဲ ဘယ်လိုအစိုင်ခဲတွေဖြစ်သွားမလဲ မှန်းဆလို့မရပါဘူး။ နောက်ပြီး အိမ်ထောင်ကွဲဆိုတဲ့အသိ၊ ဘေးပတ်ဝန်းကျင်လူတွေရဲ့
ရိုက်ခတ်မှုကလည်း ပေါ့သေးသေးတော့မဟုတ်ဘူး။ ဒီရိုက်ခတ်မှုတွေကြောင့် ငါဟာ အရှုံးသမား၊ ဘာကိုမှဖြစ်ထွန်းအောင်မလုပ်နိုင်တဲ့သူလို့ အတွေးပေါင်းများစွာ ဝင်လာနိုင်တယ်။

အိမ်ထောင်ရေးဆိုတာကို လူနှစ်ယောက် စပ်တူလုပ်တဲ့ အကြီးကျယ်ဆုံး ရင်းနှီးမြှုပ်နှံမှုလို့မြင်ကြည့်ရအောင် ! နှစ်ဖက်နှစ်လမ်းဖြစ်နိုင်ပါတယ်။ အောင်မြင်တဲ့အိမ်ထောင်ရေးကြောင့် လူတစ်ယောက်ရဲ့ဘဝဟာ များစွာသော တန်ဖိုးမဖြတ်နိုင်လောက်တဲ့ ပံ့ပိုးထောက်ကူမှုတွေဖြစ်နိုင်တယ်။ မအောင်မြင်တော့တဲ့ အိမ်ထောင်ရေးတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ လုပ်ငန်းတွေပျက်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေအထိဖြစ်လာနိုင်တယ်။

ဒီတော့ အိမ်ထောင်ပြုပြီဆိုတာနဲ့ အချိန်ကိုမျှတစွာ စီမံခန့်ခွဲတတ်ဖို့လိုပါတယ်။ တစ်ဖက်တည်းကိုပဲ အချိန်တွေအရမ်းပေးမိရင် နှစ်ယောက်ကြားအဖုထစ်အစိုင်အခဲတွေဖြစ်လာမယ်။ ငွေရေးကြေးရေးပိုင်းမှာလည်း သေချာ စိစစ်ပိုင်းခြားပါ။ ငွေတွေ ဘယ်နားမှာ ပရမ်းပတာကုန်နေလဲ ၊
မိသားစုအတွက် ဘာကတော့လိုအပ်နေတယ်… ဒါတွေကို သေချာစီစဉ်နိုင်ဖို့လိုပါမယ်။ငွေကိုရှာသင့်သလောက်ရှာ၊ မိသားစုကိုလည်း အချိန်ပေးသင့်သလောက်ပေး။ မျှတနေရင် ဘယ်အရာမဆို အဆင်ပြေပါတယ်။ အိမ်ထောင်မပြုခင် သေချာစဉ်းစားဆုံးဖြတ်နိုင်ကြပါစေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s