ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီတွေကကျွေးတဲ့ ဝန်ထမ်းတွေအတွက်နေ့လည်စာဆိုတာ ဘယ်လိုမျိုးလဲ?

ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေက ဝန်ထမ်းတွေအတွက် နေ့လည်စာခင်းကျင်းပြင်ဆင်ပေးမှုကို လူတိုင်းသိချင်လောက်မယ်လို့ထင်ပါတယ်။ တကယ့်စားသောက်ဆိုင်ကြီးတွေလိုပဲ.. ၀န်ထမ်းတွေကိုကျွေးမွေးတာရှယ်ပါပဲ။ ဒီလိုကုမ္ပဏီကြီးတွေရေရှည် တည်တံ့ခိုင်မြဲနေတယ်ဆိုတာလည်း
ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ဆိုတော့ ဒီလောက်တော့လုပ်ပေးရမှာပေါ့။

Google


Google ရုံးချုပ်က နယူးယော့မြို့ မှာရှိပါတယ်။ ထိုကုမ္ပဏီက ၀န်ထမ်းတိုင်း တစ်နေ့ကို သုံးနပ်စာအလကား စားရပြီး အလှဆုံး ရှုခင်း Manhattan ကိုလည်း ကြည့်ရင်းပေါ့။ ကော်ဖီကနေရာတိုင်းမှာရနိုင်ပြီး ကိုယ်ကြိုက်နှစ်သက်ရာအစားစာ၊ အမြန်အစားသောက်နဲ့ မုန့်သရေစာ၊ ဒိန်ချဉ်နဲ့ သောက်စရာမျိုးစုံလည်းရရှိပါတယ်။

Apple


Apple ရုံးချုပ်က ကယ်လီဖိုးနီးယား Cupertino မှာတည်ရှိပါတယ်။ သူတို့ရဲ့ထမင်းစားဆောင်ကြီးကို Caffè Macs လို့ခေါ်တယ်။ အရမ်းကိုကျယ်ဝန်းပြီး အလင်းရောင်လည်းကောင်းကာ ကြိုက်သလောက်စားလို့ရတယ်။ Caffè Macs မှာ မက်စီကို၊ အီတလီ ၊ ဂျပန် ၊ စပိန် နဲ့ ပြင်သစ်
စာတွေရရှိပါတယ်။ မနက်စာတွေကတော့ ပြင်သစ် စတော်ဘယ်ရီ ပေါင်မုန့်မီးကင်၊ ချောကလက် ပန်ကိတ် ၊ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေရတယ်။ အချိုပွဲကတော့ ရေခဲမုန့်စသဖြင့် အများကြီးရှိပါတယ်။ မီနူးက အပြောင်းလဲရှိလို့ပါ။

Facebook


Facebook ရုံးချုပ်က ကယ်လီဖိုးနီးယား Menlo Park မှာရှိပါတယ်။ Epic Cafe မှာ ၀န်ထမ်းတစ်ယောက်ကို တစ်နေ့မှာ သုံးနပ်စားခွင့်ရပါတယ်။ သူ့ဆီမှာ အမေရိကန်နဲ့ အာရှအစားစာတွေအများဆုံးရပါတယ်။ ၀န်ထမ်းနဲ့အတူပါလာတဲ့ ဧည့်သည်တွေရှိရင်လည်း Discount ရသေးတယ်လို့ သိရပါတယ်။

Dropbox


Dropbox ရုံးကတော့ ကယ်လီဖိုးနီးယား ၊ ဆန်ဖရန်စ္စကိုမှာရှိပါတယ်။ သူတို့ဆီက ထမင်းစားဆောင်ကို Tuck Shop လို့ခေါ်တယ်။ မီတာ ၄၀၀ကျယ်ဝန်းပြီး ကြိုက်တဲ့အစားစာကို အကန့်သတ်မရှိစားလို့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းက အကောင်းဆုံးစားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခဲ့တဲ့ စားဖိုမှူးတွေကိုပဲ ခန့်ထားတာတဲ့။

Twitter


Twitter ကုမ္ပဏီကတော့ ၁၉၃၇ခုနှစ်တည်းက တည်ဆောက်ထားတဲ့ ဆန်ဖရန်စ္စရဲ့ မြို့ လယ်ခေါင် အဆောက်အုံကို အခုရွေ့ ပြောင်းလိုက်ပြီလို့သိရပါတယ်။ ၀န်ထမ်းတွေအတွက် ကြိုက်တာစား ၀န်ဆောင်မှုပေးထားပြီး ဟင်းလျာတွေကတော့ နှစ်မျိုးနှစ်စားကွဲပါတယ်။ လူမျိုးအလိုက် အကြိုက်ချင်း
မတူတာမို့ ရွေးချယ်စရာတွေများများစားစား စီစဉ်ပေးထားပါတယ်။

Bright Side


Bright Side ကုမ္ပဏီကြီးရဲ့ ဝန်ထမ်းတွေ ထမင်းစားဆောင်ကိုလည်းပြောပြပေးချင်ပါတယ်။ သူတို့ဆီမှာ ကွဲပြားခြားနားတဲ့ ရိုးရာဓလေ့တွေရှိတာကြောင့် ဟင်းလျာတွေကလည်း မျိုးစုံရှိပါတယ်။ အလုပ်တွေအရမ်းကြပ်လာတဲ့အခါ ခေါင်းစားလာရင် အစားယူနိုင်တဲ့နေရာတစ်ခုလည်းထားထားပေးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s