အရပ်ပုတဲ့ကောင်လေးတွေအတွက် ယုံကြည်မှုအပြည့်ရှိပြီး စမတ်ကျစေမယ့်ဖက်ရှင်စတိုင်လ်များ

Shares 105

အရပ်ရှည်တဲ့သူနဲ့အရပ်ပုတဲ့သူယှဉ်လိုက်ရင် အရပ်ရှည်တဲ့သူကတော့ပိုပြီးစမတ်ကျမယ် ဆိုတာငြင်းစရာမရှိပါဘူး။ ဒါပေမဲ့အရပ်ပုပေမဲ့လည်း စတိုင်လ်ကျဖို့မဖြစ်နိုင်ဘူးဆိုပြီး စိတ်ဓာတ်ကျအားငယ်နေစရာမလိုပါဘူး။အရပ်ပုတဲ့အမျိုးသားတွေ၊ကောင်လေးတွေအတွက် စတိုင်လ်ကျစေမယ့်နည်းလမ်းလေးတွေ၊ဖက်ရှင်လေးတွေရှိပါတယ်။

ခပ်မိုက်မိုက်နဲ့စတိုင်လ်ကျဖို့ဘယ်လိုပုံစံမျိုးဝတ်ဆင်ရမလဲဆိုရင်…

၁)ခန္ဓာကိုယ်နဲ့ကွက်တိအ၀တ်အစားကိုဝတ်ပါ

အကျီပွပွ၊ဘောင်းဘီပွပွကို လူကိုဝသလိုဖြစ်စေတဲ့အပြင် အရပ်ကိုပိုပြီးပုနေသလိုဖြစ်စေပါတယ်။ အဲ့ဒါကြောင့်ကိုယ်နဲ့ကွက်တိဖြစ်တဲ့အ၀တ်အစားကိုသာရွေးချယ်ဝတ်ဆင်ပါ။

၂)ကိုယ်နဲ့အလိုက်ဖက်ဆုံးထင်တဲ့အ၀တ်အစားဒီဇိုင်းကို ၀တ်ဆင်ပါ

ဘယ်သူမဆိုကိုယ်ပိုင်စတိုင်လ်ဆိုတာရှိပါတယ်။ဥပမာ ကိုယ်က တီရှပ်နဲ့ဘောင်းဘီတိုနဲ့ ၀တ်သွားမယ်။သူငယ်ချင်းတွေ၊မိသားစုတွေကလည်း မင်းဒီလိုပုံစံနဲ့ပိုလိုက်တယ်လို့ပြောလေ့ရှိပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီအ၀တ်အစားဝတ်ရတာသက်တောင့်သက်သာနဲ့ စတိုင်လ်ကျတယ်လို့ခံစားရရင် အဲ့လိုအ၀တ်အစားပုံစံတွေများများဝတ်ပေးပါ။

၃)ဘောင်းဘီရှည်ကို တတ်နိုင်သလောက်မ၀တ်ပါနဲ့

အရပ်ပုတဲ့ကောင်လေးတွေက ဘောင်းဘီရှည်နဲ့မလိုက်ဖက်ပါဘူး။ အရပ်ကပုတဲ့အတွက်ဘောင်းဘီရှည်နဲ့ဆိုရင် ကြည့်လို့ကောင်းမှာမဟုတ်ပါဘူး။ များသောအားဖြင့်အရပ်ပုတဲ့ကောင်လေးတွေက ဒူးအတိဘောင်းဘီတွေ၊ဒူးလောက်ဂျင်းန်တွေနဲ့ပိုပြီး အဆင်ပြေလိုက်ဖက်ပါတယ်။ပေါ့ပေါ့ပါးပါးလည်းရှိတာပေါ့။ဘောင်းဘီရှည်ကိုတော့ မလွှဲသာမှဝတ်ဆင်ပါ။

၎)လိုက်ဖက်တဲ့အရောင်ကိုရွေးချယ်ပါ

ကိုယ့်ရဲ့အသားအရောင်နဲ့လိုက်ဖက်တဲ့အကျီအ၀တ်အစားအရောင်ကိုသေချာရွေးချယ်တတ်ဖို့ လိုပါတယ်။အသားဖြူတဲ့သူဆိုရင်တော့ ဘယ်လိုအရောင်နဲ့မဆိုလိုက်ဖက်ပြီး အသားညိုတယ်ဆိုရင်တော့ သေချာအရောင်ရွေးချယ်ဖို့လိုပါတယ်။ အရောင်တောက်တောက်တွေကိုလည်းရှောင်ပါ။

၅)ဈေးနှုန်းသင့်တင့်တဲ့အ၀တ်အစားကိုဝယ်ပါ

ဈေးသက်သာတဲ့အ၀တ်အစား အစုံ၃၀ထက် ဈေးနှုန်းသင့်တင့်ကောင်းမွန်တဲ့အ၀တ်အစား ၃စုံရှိတာက ပိုပြီးအဆင်ပြေပါတယ်။ကွာလတီကောင်းတဲ့အ၀တ်အစားတွေက ကိုယ့်ရဲ့ပုံစံကိုလည်း ပိုပြီးပေါ်လွင်စေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိစေပါတယ်။

ယောက်ျားလေးတွေအတွက် အဓိကစတိုင်လ်ကျဖို့နဲ့ဆွဲဆောင်မှုရှိဖို့က အရပ်ရှည်တာ၊ အရပ်ပုတာထက် သန့်သန့်ရှင်းရှင်းနဲ့အမြဲတမ်းလန်းဆန်းတက်ကြွနေဖို့က ပိုပြီးအရေးကြီးပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်းဂရုစိုက်မယ်၊အ၀တ်အစားကိုလည်းအပေါ်ကပုံစံအတိုင်း

ရွေးချယ်ဝတ်ဆင်တတ်သွားမယ်ဆိုရင်အရပ်ပုပေမဲ့လည်း စတိုင်လ်ကျပြီးခပ်မိုက်မိုက်ပုံစံမျိုးဖြစ်သွား မှာသေချာပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s