Category Archives: Beauty
ချိုင်းမဲလို့လက်ပြတ်မ၀တ်ရဲ တဲ့ပျိုမေတို့စိတ်ပူစရာမလိုေ တာ့ပါဘူးနော်…
(၂) ရှားစောင်းလက်ပက်အနှစ်နဲ့ဆားကို ရောပြီး အ မွှေးနှုတ်ထားတဲ့ချိုင်းသားအသားရည်ကို ညင်သာ စွာပွက်တိုက်ပေးပါ( ရေမချိုးခင် ၂၀မိနစ်အလို လောက်မှာပွက်တိုက်သင့်ပါတယ်)
Unicode
ချိုင်းမဲ နေလို့လက်ပြတ်ဝတ်ရမှာ ရှက်နေတတ်ကြတဲ့သူ တွေရှိကြမှာပါနော်။ လက်မောင်းလေးလှ နေပြီး လက်ပြတ်မိုက်မိုက် လေးေ တွနဲ့ကြိုးတစ်ချောင်းကြိုး လေးေ တွနဲ့လန်းချင်ပင်မဲ့ ချိုင်းမဲ ကြီးကြောင့် စိတ်ပင်ပန်းနေရမှာပါ။ ဒီလိုိမုန်းတီးစရာ ကိစ္စကြီးကို ဖြေရှင်းနိုင်ဖို့ အ တွက် ချိုင်းမဲခြင်း ပြဿနာကို ဘယ်လို တွေ ကုသမလဲဆိုတာ အနည်းငယ်လေး Sharing လုပ်ပေးချင်ပါတယ်…
(၁) ချိုင်းကို အ မွှေးမျှင်ရှင်းအော င်ဦးဆုံးလုပ်ပါ။ ဒီလို လုပ်ဆောင်ခြင်းက ချိုင်းသား အသားရည်ကို ပိုပြီး သန့်စင်လှပဖို့ထောက်ကူပြုစေပါတယ်။
(၂) ရှားစောင်းလက်ပက်အနှစ်နဲ့ဆားကို ရောပြီး အ မေ ွှးနှုတ်ထားတဲ့ချိုင်းသားအသားရည်ကို ညင်သာ စ ွာပ ွက်တိုက်ပေးပါ( ရေမချိုးခင် ၂ဝမိနစ်အလို လောက်မှာပ ွက်တိုက်သင့်ပါတယ်)
(၃) နောက်တစ်မျိုးက တော့ မုန့်ဖုတ် ဆော်ဒါပါ။ မုန့် ဖုတ် ဆော်ဒါကို ပျစ်ပျစ် လေး ဖျော်ပြီး ချိုင်းကို အသားထိစိမ့်ဝင်အောင်လိမ်းပေးပါ။ ခြောက်အောင် လောက်ထိထားပြီးမှ ရေ ဆေးချ ပေးပါ။
ဒီလို နည်းလမ်း လေး ေ တွလုပ်ကြည့်မယ်ဆိုရင် သင်တို့ဝတ်ချင်တဲ့ လက်ပြတ်ကို ဘယ် နေရာ ရောက်ရောက် အေး ဆေးေ လးဝတ်နိုင်ပါပြီနော်။ ချိုင်းမဲလို့ လက် မြှောက်ရပြုရမှာကြောက် နေတာေ တွကိုလည်း အေး ဆေး ဖြေရှင်းနိုင်မှာပါ…
ညအိပ်ရာမ၀င်ခင် မိန်းကလေးတိုင်းမဖြစ်မနေလုပ်သင့်တဲ့အချက် ၅ချက်
ပျိုမေတို့အတွက် အသားအရည်လှပဖို့ဆိုတာ လက်တစ်ကမ်းအကွာမှာပါပဲ။အသားအရည်လှပစိုပြည်ချင်လို့ ဈေးကြီးပေးဝယ်ထားရတဲ့အကောင်းစားမိတ်ကပ်ပစ္စည်းတွေကိုတော့ နေ့တိုင်းသုံးနေတာပဲ။သိပ်ပြီးမထူးခြားလာဘူးဆိုတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေမျှဝေပေးချင်ပါတယ်။
တကယ်တော့ အသားအရည်ဆဲလ်တွေက ညအိပ်ရာဝင်ရင်ပြောင်းလဲပြီးအသစ်ပြန်လည်ဖြစ်ပေါ်တဲ့အတွက် အဲ့ဒီအချိန်မှာသာ ကောင်းမွန်တဲ့အလှအပပစ္စည်းတွေသုံးပေးမယ်ဆိုရင်ပိုပြီးထိရောက်မှုရှိနိုင်ပါတယ်။မနက်တိုင်းနေ့တိုင်းသုံးတာထက် ညဘက်မှာလုပ်တာကပိုပြီးထိရောက်စေတာပါ။
သဘာဝအတိုင်းအသားအရည်လှပချင်တယ်၊စိုပြည်ချင်တယ်ဆိုရင် ပျိုမေတို့အားလုံး ဒီအချက် ၅ချက်ကိုနေ့တိုင်းလုပ်ဆောင်သင့်ပါတယ်။ဘာတွေလဲဆိုရင်…
၁။မိတ်ကပ်ဖျက်ပါ
နေ့တိုင်းအလုပ်သွားရုံးသွားနေရတဲ့အတွက် မိတ်ကပ်ကအမြဲတမ်းလိမ်းနေရပါတယ်။မိတ်ကပ်ကိုတစ်နေကုန်လိမ်းထားရတဲ့အတွက် ငယ်ရွယ်တုန်းမှာလှပပေမဲ့အသက်အရွယ်ရလာတဲ့အခါမိတ်ကပ်ကြောင့်အသားအရည်တွန့်တာတွေဖြစ်ပေါ်လာနိုင်ပါတယ်။အထူးသဖြင့် မိတ်ကပ်ကိုတစ်နေကုန်လိမ်းထားပြီးညဘက်မိတ်ကပ်မဖျက်ပဲအိပ်မိရင်တော့ပိုပြီးဆိုးနိုင်ပါတယ်။အဲ့ဒါကြောင့် အိမ်ပြန်ရောက်လို့ အိပ်ရာဝင်တော့မယ်ဆိုတာနဲ့ မိတ်ကပ်အရင်ဖျက်ပါ။မျက်နှာသစ်ဆေးနဲ့သစ်ရုံနဲ့ မိတ်ကပ်တွေအကုန်သန့်စင်မပေးနိုင်ပါဘူး။အကြွင်းအကျန်တွေပါမရှိအောင် မိတ်ကပ်ဖျက်တဲ့တစ်ရှူးဖြစ်စေ၊အရည်ဖြစ်စေ အရင်ဆုံးသုံးပေးသင့်ပါတယ်။
၂။မျက်နှာသန့်စင်ပါ
မိတ်ကပ်ဖျက်ပြီးရင်တော့ မျက်နှာသစ်ဆေးနဲ့သန့်စင်ပေးရပါမယ်။မျက်နှာသစ်ဆေးသုံးတဲ့အခါမှာလည်းကိုယ့်အသားအရည်နဲ့သင့်တော်တဲ့မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။မျက်နှာကအဆီပြန်ရင် အဆီပြန်တာသက်သာစေတဲ့မျက်နှာသစ်ဆေး၊၀က်ခြံထွက်တဲ့အသားအရည်ဆိုရင်ဝက်ခြံကာကွယ်ပေးတဲ့မျက်နှာသစ်ဆေး၊ခြောက်သွေ့တဲ့အသားအရည်ဆိုရင်သုံးပေးသင့်တဲ့မျက်နှာသစ်ဆေးစသဖြင့်အမျိုးမျိုးရှိပါတယ်။မှန်ကန်နဲ့မျက်နှာသစ်ဆေးသုံးပေးဖို့အရေးကြီးပါတယ်။မျက်နှာသစ်ဆေးကိုလည်း အနေတော်လောက်လက်ထဲထည့်ပြီးမျက်နှာကိုပွတ်တိုက်တဲ့အခါမှာ ကြမ်းတမ်းစွာပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။မျက်နှာအသားအရည်က အရမ်းနူးညံ့လို့ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တဲ့အခါမှာ အသားအရည်ကိုမြန်မြန်ပျက်စီးစေပါတယ်။
၃။တိုနာသုံးပါ
တစ်ခါတစ်လေ မျက်နှာသန့်စင်ပြီးရင် အစိုဓာတ်ထိန်းပေးတဲ့ကရင်မ်တစ်ခုခုကောက်လိမ်းလိုက်လေ့ရှိပါတယ်။ဒါပေမဲ့ အဲ့ဒီကရင်မ်မလိမ်းခင်မှာတိုနာအရင်သုံးပေးဖို့လိုပါတယ်။မျက်နှာသစ်ဆေးက မျက်နှာအရေးပြားအညစ်အကြေးကိုသာသန့်စင်ပေးတာပါ။တိုနာက အသားအရည်အတွင်းပိုင်းအထိ
သန့်စင်ပြီးချွေးပေါက်လည်းကျဉ်းစေလို့ အဆီပြန်တာ၊၀က်ခြံထွက်တာမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။အဲ့ဒါကြောင့်မျက်နှာသန့်စင်ပြီးရင် တိုနာလိမ်းပေးဖို့မမေ့ပါနဲ့။
၎။Moisturizer သုံးပါ
တိုနာလိမ်းပြီးတဲ့အခါ Moisturizer သုံးပေးပါ။Moisturixzer သုံးတဲ့အခါမှာလည်း အသားအရည်ကွဲပြားတတ်ပါတယ်။အသားအရည်ခြောက်တဲ့သူတွေကကရင်မ်လိုသုံးပေးသင့်ပြီး အဆီပြန်တတ်တဲ့သူတွေကတော့ ဂျယ်လ်လိုမျိုးကိုသုံးပေးသင့်ပါတယ်။အဆီပြန်တဲ့သူက ကရင်မ်လိမ်းတဲ့အခါ ပိုပြီးအဆီပြန်စေပါတယ်။သက်ဆိုင်ရာကျွမ်းကျင်သူတွေကိုမေးပြီးရွေးချယ်ဝယ်ယူပါ။
၅။Humidifier သုံးပါ
Humidifier ဆိုတာ အသားအရည်ခြောက်သွေ့တတ်သူတွေ အခန်းထဲမှာထည့်ထားသင့်တဲ့စက်ပစ္စည်းတစ်ခုပါ။အဲ့ဒါဟာ လေထုကို စိုစွတ်စေပြီးခန္ဓာကိုယ်အစိတ်အပိုင်းခြောက်သွေ့တာကိုကာကွယပေးတတ်ပါတယ်။နှာခေါင်း၊လည်ချောင်း၊နှုတ်ခမ်းနဲ့ခြောက်သွေ့လွယ်တဲ့အစိတ်အပိုင်းတွေကို
အစိုဓာတ်ဖြည့်ပေးတဲ့ကိရိယာလည်းဖြစ်ပါတယ်။ဒါပေမဲ့ အသားအရည်ခြောက်သွေ့သူတွေတင်မကပဲ လူတိုင်းနီးပါးသုံးပေးသင့်ပါတယ်။အထူးသဖြင့်ဆောင်းတွင်းဘက်မှာပိုပြီးသုံးပေးသင့်ပါတယ်။ပတ်ဝန်းကျင်လေထုကိုကောင်းမွန်စေလို့ အိပ်တဲ့အခါမှာလည်းစိတ်လက်ချမ်းသာစွာအိပ်စက်နိုင်ပါတယ်။
ဒီအချက် ၅ချက်ကိုတစ်ပတ်လောက်နေ့တိုင်းလုပ်သွားကြည့်ပါ။မနက်နိုးလင်းတဲ့အခါတိုင်းသင့်ရဲ့ အသားအရည်က သိသိသာသာပြောင်းလဲလှပလာတာကိုမြင်တွေ့ရပါလိမ့်မယ်။
ညအိပ်ရာဝင်ခါနီးဒီအချက်တွေ ကိုလုပ်ပေးရုံနဲ့ အရွယ်တင်နုပျိုစေနိုင်
မျက်နှာမှာအရေးအကြောင်းတွေ အရွယ်မတိုင်ခင်ဖြစ်လာမှာကို မိန်းကလေးတိုင်းလိုလို ကြောက်ကြပါတယ်။နေ့တိုင်းမိတ်ကပ်ပစ္စည်းတွေသုံးစွဲနေတဲ့အတွက် မျက်နှာမှာ အရေးအကြောင်း တွေဖြစ်လာဖို့က မိတ်ကပ်ပစ္စည်းမသုံးစွဲတဲ့သူထက် ရာခိုင်နှုန်းပိုများပါတယ်။ဒါဆို အရွယ်မတိုင်ခင်အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းမရှိဘူးလားလို့ တွေးမိပါလိမ့်မယ်။
အရွယ်မတိုင်ခင်အရေးအကြောင်းတွေဖြစ်ပေါ်တာကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။အသက်အရွယ်အရ အရေးအကြောင်းကတော့ တဖြည်းဖြည်းဖြစ်လာမှာပါပဲ။ ဒါကိုရှောင်လွှဲလို့မရပါဘူး။ဒါပေမဲ့ ညအိပ်ရာဝင်ခါနီးဒီလိုအချက်တွေကိုပုံမှန်လုပ်ပေးမယ် ဆိုရင်တော့ စောစောစီးစီးမျက်နှာအရေးအကြောင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
၁။နူးညံ့စွာအိပ်စက်ပါ
ဒါကတော့ ရိုးရိုးအိပ်ရာခင်းတွေထက် ပိုးသားနဲ့လုပ်ထားတဲ့အိပ်ရာခင်း၊ပိုးသားခေါင်းအုံးစွပ်တွေကို သုံးခိုင်းတာပါ။နူးညံ့တဲ့ပိုးသားက ရိုးရိုးအိပ်ရာခင်း၊ခေါင်းအုံးစွပ်တွေသုံးတာထက်ပိုပြီး အရေးအကြောင်းဖြစ်နိုင်စွမ်းနည်းပါးပါတယ်။ချည်သား၊ပိတ်သားတွေထက် ပိုးသားကသက်တောင့် သက်သာလည်းရှိပြီး မျက်နှာမှာအရေးအကြောင်းတွေမဖြစ်စေပါဘူး။ အိပ်ပျော်တဲ့အခါမှာမျက်နှာကို ဟိုလှည့်ဒီလှည့်လုပ်ရင်းခေါင်းအုံးစွပ်နဲ့ထိမိပွတ်မိတတ်ပါတယ်။ပိုးသားခေါင်းအုံးစွပ်ကတော့သင့်မျက်နှာထိမိပွတ်မိလည်းချောမွတ်စေလို့ အရေးအကြောင်းကိုကာကွယ်ပေးနိုင်ပါတယ်။
၂။ဗီတာမင်သောက်ပါ
ဗီတာမင်ဓာတ်က ကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ဗီတာမင်တွေက အရွယ်တင်နုပျိုစေတယ်ဆိုတာကိုတော့သတိထားမိချင်မှထားမိပါလိမ့်မယ်။ ဗီတာမင်ဘီ၊ဗီတာမင်စီတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့လုပ်ဆောင်မှုတွေကို ကူညီအားဖြည့်ပေးနေတဲ့အရာတွေပါ။ ညအိပ်ရာဝင်ခါနီးသောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုလည်းတိုးတက်ကောင်းမွန်စေပြီးစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်။ဇီဝဖြစ်စဉ်တိုးတက်ကောင်းမွန်လာလေ ကိုယ်အလေးချိန်ကိုလည်းထိန်းပြီးသားဖြစ်သွားစေပါတယ်။ ညပုံမှန်ဗီတာမင်ဘီ၊ဗီတာမင်စီသောက်သေးပေးတာက ပျက်စီးနေတဲ့အသားအရည်ကို လည်းပြန်လည်ပြုပြင်ပေးပြီး ငယ်ရွယ်နုပျိုတဲ့အသားအရည်ကိုပိုင်ဆိုင်စေပါတယ်။
၃။ရေချိုးပါ
တစ်နေကုန်အလုပ်ကပင်ပန်းလို့နားချင်တဲ့အချိန်မှာရေအေးအေးလေးချိုးလိုက်ရရင် လန်းဆန်းတက်ကြွသွားစေပါတယ်။ရေချိုးတာက ကြွက်သားတွေကိုအနားပေးရာရောက်သလို စိတ်ကိုလည်းကြည်လင်စေပါတယ်။စိတ်ဖိစီးမှုကိုတောင်လျှော့ချပေးနိုင်ပါတယ်။အိပ်ရာမ၀င်ခင်မှာ မိတ်ကပ်တွေသေချာသန့်စင်ပြီး ရေချိုးပေးမယ်ဆိုရင် ညဘက်လည်းကောင်းကောင်း အိပ်ပျော်စေပါတယ်တဲ့။ မနက်ခင်းမှာပါပေါ့ပါးလန်းဆန်းစွာနိုးထချင်တယ်ဆိုရင် အိပ်ရာမ၀င်ခင် မှာရေခပ်နွေးနွေးလေးနဲ့ချိုးပေးပါတဲ့။အဲ့ဒါဆိုရင်မနက်မှာပိုမိုလန်းဆန်းစွာနိုးလာပြီး အရွယ်တင်နုပျိုစေပါတယ်။
၎။ပက်လက်လှန်အိပ်ပါ
အရေးအကြောင်းဖြစ်တာကိုအကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းကတော့ ပက်လက်လှန်အိပ်တာပါ။ရိုးရှင်းပေမဲ့ ထိရောက်ပါတယ်။နောက်ကျောပေးပြီးအိပ်တာက မျက်နှာအရေပြားကို ပုံမှန်အတိုင်းထိန်းသိမ်းထားပြီးအရေးအကြောင်းတွေ ၊အတွန့်တွေမဖြစ်စေဘူးလို့သိရပါတယ်။ ဘေးကိုစောင်းအိပ်မယ်ဆိုရင် အသားအရည်ကို ပိုမိုပျက်စီးစေပြီး အရေးအကြောင်းတွေပိုဖြစ်စေတယ်လို့ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်အရသိရပါတယ်။
၅။မီးပိတ်ပြီးအိပ်ပါ
ညအိပ်ရာမ၀င်ခင်မှာ မီးပိတ်ဖို့မမေ့ပါနဲ့။မီးပိတ်ပြီးအမှောင်ထဲမှာအိပ်တာက စိတ်ပျံ့လွင့်တာတွေ မဖြစ်အောင်ကူညီပေးနိုင်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။မျက်လုံးမှာတစ်ခုခုဖုံးကာပြီးအိပ်တာကလည်း နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပြီး နူးညံ့တဲ့အိပ်ရာခင်း၊ခေါင်းအုံးစွပ်တွေနဲ့ အိပ်စက်မယ်ဆိုရင် မျက်လုံးအရေးအကြောင်းတွေဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပြီး အသားအရည်ပျက်စီးတာကိုကာကွယ်ပေးနိုင်ပါတယ်။
ညအိပ်ရာဝင်ခါနီးဒီလိုအချက်လေးတွေသတိထားပြီးလုပ်ပေးမယ်ဆိုရင် မိတ်ကပ်ကြောင့် အသားအရည်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်ပြီးအရွယ်တင်နုပျိုစေပါတယ်။
မျက်နှာအဆီ ဖယ်ရှားနည်း
လူတိုင်းမှာ မတူညီသော မျက်နှာပုံစံ ၊ ကိုယ်လုံးကိုယ်ပေါက်နဲ့ ခန္ဓာကိုယ် အချိုးအစားရှိကြပါတယ်။ ဒါပေမယ့် မိမိပါးပြင်တွေ သို့မဟုတ် မေးနှစ်ထပ်ဖြစ်လို့ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင်တော့ ၄င်းပြသနာတွေကို သင်ကိုယ်တိုင် ကိုင်သွယ်ဖြေရှင်းနိုင်ပါတယ်။ ဒီနည်းလမ်းများတွေကို နေ့စဉ်လိုက်နာကျင့်သုံးပါက သင့်မျက်နှာအပါအဝင် သင့်ခန္ဓာကိုယ်တစ်ခုလုံး သေးသွယ်အဆီလျော့ကာ အကောင်းဆုံး အနေအထားသို့ ရောက်ရှိလာမှာအမှန်ဖြစ်ပါတယ်။
ဆားနဲ့သကြားရှောင်ပါ
ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ပြောင်းလဲပေးမယ့် ရိုးရှင်းနည်းလမ်းလေး တစ်ခုရှိပါတယ်။ ဆားနဲ့ သကြားကို အလွန်အကျွံစားသုံးပါက အပိုရေဓာတ်တွေ ထိန်းသိမ်းပေးပါလိမ့်မယ်။ အလျင်အမြန်ဖြေရှင်းနည်း နောက်တစ်မျိုးမှာ တစ်နေ့ ဆိုဒီယမ် ၁,၅၀၀ မီလီဂရမ်နဲ့ သကြားကို ၂၀ ဂရမ်ထက် ပိုမစားသုံးသင့်ပါဘူး။
လေ့ကျင့်ခန်းလုပ်ပါ
သင့်ခန္ဓာကိုယ်တစ်ခုလုံး ပြည့်ဖောင်းဖို့ စိုးရိမ်နေလျှင် လေ့ကျင့်ခန်း ပိုလုပ်ဖို့ လိုအပ်ပါတယ်။ တစ်ပတ် ၅ ကြိမ် အချိန် မိနစ် ၆၀ ကြာ လုပ်သင့်ပါတယ်။ တစ်နေရာတည်း ပုံမှန်လုပ်ရတဲ့လေ့ကျင့်ခန်းထက်  ရွေ့ရှားသွားလာ လှုပ်ရှားတဲ့ လေ့ကျင့်ခန်းများဆောင်ရွက်ပါ။  အဲဒီလိုလုပ်ပေးပါက ကယ်လိုရီတွေပိုမိုလောင်ကျွမ်းလာမှာဖြစ်ပါတယ်။
ရေများများသောက်ပါ
ရေဓာတ်ခန်းခြောက်တာ သင့်အစာစားချင်စိတ် ကင်းဝေးစေနိုင်တယ်။ ရေများများသောက်ခြင်းကြောင့် အသားအရေ ရွန်းစိုလှပစေပြီး အစာချေဖျက်မှု ပိုမိုအားကောင်းစေပါတယ်။ သံပုယို၊ ဂျင်းစတဲ့ အဆိပ်ကိုဖယ်ရှားပေသောအရည်တွေက ရေထက် နှစ်ဆပိုလို့တောင်ကောင်းမွန်ပါသေးတယ်။
အချိန်မှန်မှန်အိပ်ပေးပါ
အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်ကို ပုံမှန်ပြန်လည်ဖြစ်စေပါတယ်၊ ခုခံအားစနစ် ကြံ့ခိုင်စေပြီး ဟော်မုန်းများ အညီအမျှဖြစ်အောင် ထိန်းပေးပါတယ်။ စွမ်းအင်နဲ့ အဆီလောင်ကျွမ်းစေနိုင်စေရန် ညတိုင်း အနည်းဆုံး ၇ နာရီကြာ အိပ်ဖြစ်အောင် အိပ်ပေးပါ။
Ref: popsugar
မိတ်ကပ်မပါပဲလည်း ရှိရင်းစွဲအသက်ထက်ငယ်ရွယ်နုပျိုပုံပေါက်အောင်
အသက်ကြီိးမလာဖို့ကိုရွေးချယ်ခွင့်မရှိပါဘူး။ ဒါပေမယ့် ရုပ်မရင့်လာဖို့ကိုတော့ ကိုယ်တို့တွေရွေးချယ်လို့ရဦးမယ်ထင်ပါတယ်။ ငယ်ချင်တာက လူတော်တော်များများရဲ့ အန္တိမရည်မှန်းချက်ကြီးတစ်ခုပါပဲ။ အပူအပင်ကင်းတဲ့ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်ဆိုတဲ့သီချင်းတောင်ရှိသေးမဟုတ်လား။  ကလေးဘဝကိုပြန်မရနိုင်တော့ပေမယ့် ခုဖြစ်နေတဲ့ဘဝမှာ မှန်ကန်စွာနေထိုင်ရင်တော့ တအားကြီးအိုမင်းရင့်ရော်မလာအောင် တားဆီးကောင်းတားဆီိးနိုင်မှာပါ။ အိုမင်းရင့်ရော်ခြင်းကိုတားဆီးတယ်ဆိုတာက သဘာဝလွန်နည်းလမ်းတွေကိုမဆိုလိုပါဘူး။ဆေးတွေထိုး ခွဲစိတ်ပြုပြင်မှုတွေလုပ်နဲ့ ခွဲစိတ်ခန်းထဲကိုအကြိမ်ပေါင်းများစွာဝင်ပြီးမှ ငယ်ရွယ်နုပျိုနေတာကိုမည်သို့မျှပြောချင်စိတ်မရှိပါ။ အဲဒီလိုတွေလုပ်ဖို့ရာမတတ်နိုင်သူတွေဒါမှမဟုတ် သဘာဝနည်းနဲ့ နုပျိုလိုသူတွေအတွက် တစ်ဖက်တစ်လမ်းကအထောက်အကူပြုနိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အစားအသောက်ဆင်ခြင်ခြင်း
ကိုယ်တွေခန္ဓာကိုယ်ထဲကိုနေ့တဓူဝဝင်နေတဲ့အစားအသောက်တွေက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေမှာအများကြီးပါဝင်ပက်သက်မှုရှိနေပါတယ်။ အဆီပါတဲ့အစားအစာတွေ ဆေးမဖြစ်ပဲဘေးဖြစ်စေတဲ့အစာတွေစားခြင်းဖြင့် အလွယ်တကူအိုမင်းရင့်ရော်မှုကို လက်ယပ်ခေါ်နေသလိုဖြစ်မှာအမှန်ပါပဲ။ သစ်သီိးသစ်ဖုတွေကဲ့သို့သော အသားအရည်ကိုကြည်လင်တောက်ပစေတဲ့အစားအစာတွေကိုစားမယ်ဆိုရင်တော့ အိုမင်းရင့်ရော်မှုကိုအတိုင်းအတာတစ်ခုအထိထိန်းထားနိုင်ပါလိမ့်မယ်။
အားကစားတစ်ခုခုလိုက်စားခြင်း
ဘောလုံးကန်တာ၊ဘတ်တံရိုက်တာ၊ဘော်လီဘောကစားတာ၊အပြေးလေ့ကျင့်တာ၊မြင်းစီးတာ၊စကိတ်စီးတာ စသဖြင့်အားကစားအမျိုးမျိုးထဲမှာ တစ်ခုခုကိုစိတ်ရောကိုယ်ပါလိုက်စားခြင်းဖြင့် ခန္ဓာကိုယ်က အမြဲတစေလှုပ်ရှားလေ့ကျင့်နေရတာကြောင့်အကျင့်ဖြစ်သွားပြီး ကြံ့ခိုင်သန်စွမ်းလာကာ အိုမင်းမှုနှောင့်နှေးစေပါတယ်။
တရားထိုင်ခြင်း
စိတ်သာရှင်စောဘုရားဟောဆိုတာကြားဖူးတယ်ဟုတ်။ နေ့စဉ်နေ့တိုင်း မိသားစုအရေး အချစ်ရေး၊စားဝတ်နေရေးတွေနဲ့ ပူလောင်မြိုက်နေရတဲ့စိတ်ကလေးကို တစ်နေ့မှာ ဆယ့်ငါးမိနစ်နာရီိဝက်လောက်တော့ တရားရေအေးတိုက်ကျွေးသင့်ပါတယ်။ တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်ထဲက အပူဓာတ်တွေကို ငြှိမ်းသတ်ပေးတာကြောင့် စိတ်ကိုကြည်လင်စေပြီး ရုပ်သွင်ပြင်ကိုပါ နုပျိုလတ်ဆတ်စေပါတယ်။
အိပ်ချိန်မှန်အောင်ဂရုစိုက်ပါ
တစ်နေကုန်ပင်ပန်းနေရတဲ့ ဦးနှောက်ကလေးဟာ အိပ်နေတဲ့အချိန်မှာပဲအနားရတာပါ။ ဒါတောင်အပြည့်အဝအနားရတာမဟုတ်သေးပါဘူး။ ဒီတော့ အိပ်ချိန်နည်းပါးခြင်းဟာ ဦးနှောက်ကိုအလုပ်အလွန်အကျွံခိုင်းသလိုဖြစ်တာနဲ့အညီ လူကိုပါ စိတ်ဖိစီိးမှုတွေအလွယ်တကူဖြစ်စေပြီး ရင့်ရော်စေတတ်ပါတယ်။ အိပ်ရေးမဝရင် မျက်နှာမှာ အဖုတွေထွက်တတ်တာတော်တော်များများသတိထားမိကြပါလိမ့်မယ်။ ဒါကငယ်သေးလို့ပါ။ အသက်ကြီးလာရင်တော့ အဖုတွေအစားအရေးအကြောင်းတွေထွက်လာပါလိမ့်မယ်။ ဒါကြောင့်ဘယ်လောက်ပဲအလုပ်များများအိပ်ချိန်မှန်အောင်ဂရုစိုက်ပေးသင့်ပါတယ်။
ဘယ်လိုတွေပဲနုပျိုအောင်လုပ်လုပ် သင်ကအသက်ခြောက်ဆယ်ဆိုရင် ဆယ့်ခြောက်နှစ်သမီးအရွယ်ရုပ်မျိုးဘယ်တော့မှထွက်မှာမဟုတ်တာလည်း သတိပြုပါ။ ရောင့်ရဲတင်းတိမ်တတ်ခြင်းဟာလည်း နုပျိုခြင်းရဲ့ အဓိကသော့ချက်ပါပဲ။စိတ်ပျိုတော့ ကိုယ်နုတယ်မဟုတ်လား။
ဆောင်းတွင်းမှာ မျက်နှာအရေခွံလန်နေတာတွေဘယ်လိုကုသကြမလဲ
အရေခွံလန်တာကိုတချို့ကတော့ အရေခွံလဲတယ်လို့ပြောကြပါတယ်။မြွေတွေက နှစ်စဉ် ဒါမှမဟုတ် သုံးနှစ်တစ်ခါအရေခွံလဲလေ့ရှိကြပါတယ်။ ဒါကြောင့်အရေခွံလဲတဲ့လူတွေကို မြွေဘဝကလာတယ်ဘာညာစနောက်ကြတာတွေလည်းရှိပါသေးတယ်။ တကယ်တမ်းမှာတော့ ရာသီိဥတုအေးတဲ့ဒဏ်ကို အရေပြားကတောင့်မခံထားနိုင်တဲ့အခါ အရေခွံလန်တာတွေဖြစ်လာတာပါပဲ။ မျက်နှာအရေခွံလန်တာဟာ ကျန်းမာရေးအရသာဘာမှမဖြစ်လောက်ဘူးထင်ရသလိုရှိပေမယ့် အလှအပပိုင်းဆိုင်ရာမှာတော့ အတော်လေးဒုက္ခပင်လယ်ဝေပါတယ်။ သနပ်ခါးလိမ်းလို့လည်းမရ၊ မိတ်ကပ်လိမ်းလို့လည်းမကောင်း၊ Skin care တွေလိမ်းဖို့များမစဉ်းစားလေနဲ့ စပ်သွားမယ်၊သွေးတွေထွက်လာမယ်၊မျက်ရည်တွေဝဲသွားမယ်ဆိုတာမျိုးပါ။ မျက်နှာပြောင်ကြီးနဲ့အပြင်ထွက်နေရတဲ့ကြားမှာမှ တွေ့သမျှလူတွေက အထူးတဆန်း သူတို့ဘဝမှာတစ်ခါမှမတွေ့ဖူးတဲ့ဂြိုလ်သားကိုတွေ့လိုက်ရသလို ကိုင်ကြည့်လို့ရလား၊ခွာလိုက်ပါလားတို့ဘာတို့ပြောကြတာပိုဆိုးပါတယ်၊အံမယ် … တချို့များဆို ဘာမှတောင်ပြောမနေဘူး၊ဇိုးဇိုးဇတ်ဇာတ်ဆွဲခွာလိုက်တာဗျား.. မျက်ရည်ဝဲရတာကကိုယ်ပါပဲ။ ဆောင်းတွင်းမှာမျက်နှာအရေခွံလဲတာနဲ့ နှုတ်ခမ်းမှာပေါက်တဲ့ဝက်ခြံတွေဟာ တစ်ခုခုမတော်မတည့်တွေထိခိုက်မိတဲ့အခါ ရည်းစားနဲ့ကွဲတာထက်ပိုပြီးမျက်ရည်ဝဲရပါတယ်။ ထားပါတော့လေ.. ဒီလို ဒုက္ခပေးတဲ့ မျက်နှာအရေခွံလန်နေတာတွေကိုဘယ်လိုကုသကြမလဲဆိုတာနဲ့ ဘာတွေနဲ့ကုသရမလဲဆိုတာတွေကိုဖော်ပြပေးလိုက်ပါတယ်။
သံလွင်ဆီလိမ်းပါ
လိမ်းလိုက်တာနဲ့နူးအိသွားစေတဲ့သံလွင်ဆီကတကယ့်အကြံကောင်းပါပဲ။အထိမခံတဲ့မျက်နှာအသားအရည်ကို သံလွင်ဆီလေးအနည်းငယ်နဲ့ စက်ဝိုင်းပုံပွတ်ပြီး အသားထဲစိမ့်ဝင်အောင်လိမ်းပေးပါ။ ပြောင်ပြောင်ကြီးဖြစ်နေလည်းသည်းခံပေါ့လေ အဖတ်တွေလန်နေတာထက်စာရင်တော်သေးတယ်မဟုတ်လား။ သံလွင်ဆီကိုသတိရတိုင်းထထလိမ်းပေးခြင်းအားဖြင့် အရေခွံလဲနေတာတွေတစ်ပတ်လောက်နဲ့ပျောက်သွားနိုင်ပါတယ်။
ပျားရည်လိမ်းပါ
သန့်စင်ထားတဲ့ပျားရည်ကို မျက်နှာအနှံ့လိမ်းပေးပါ။ ခြောက်လုခြောက်ခင်ဖြစ်သွားတဲ့အထိထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပေးပါ။ လုံးဝခြောက်သွားတဲ့အထိထားရင်အရေပြားတွေတင်းပြီးနာမှာမို့ပါ။
သခွားသီး
ပျားရည် ဒါမှမဟုတ် သံလွင်ဆီလိမ်းပြီးသွားတဲ့အခါ ရေနွေးနွေးလေးနဲ့ဆေးပြီးသွားရင် သခွားသီးကိုအဝိုင်းလေးတွေလှီးပြီးအဲ့အဝိုင်းလေးတွေနဲ့ မျက်နှာအနှံ့ပွတ်ပေးပါ။ သုံးဝိုင်းစာလောက်အသုံးပြုပြီးပွတ်ပြီးသွားရင် ရေပြန်ဆေးပါ။ သခွားသီးက မျက်နှာကိုသန့်စင်စေပြီး အရေခွံလန်တာတွေကြောင့်ဝင်နေတဲ့ပိုးတွေဘာတွေအရေပြားထဲမှာရှိနေခဲ့ရင်လည်း ဖယ်ရှားပေးပါလိမ့်မယ်။
ရှားစောင်းလက်ပတ်
ဒါကတော့ နောက်ဆုံးအဆင့်လို့ပြောလို့ရပါတယ်။ အပေါ်ကအဆင့်တွေအကုန်လုပ်ပြီးသွားတဲ့အခါ (တစ်ခုမှမလုပ်ချင်ဘူး ပျင်းတယ်၊မသိဘူး ဒါပဲလုပ်မယ်ဆိုလည်း ရွှေသဘောတော်အတိုင်းပါပဲ) ရှားစောင်းလက်ပတ်အနှစ်လေးတွေကို မျက်နှာအနှံ့ငြင်ငြင်သာသာလိမ်းပေးထားလိုက်ပါ။ညမအိပ်ခင်အထိ ရေပြန်ဆေးချစရာမလိုပါဘူး။ပြီးပါပြီ။
မျက်နှာအရေခွံလဲတတ်တဲ့အသားအရည်ကိုပိုင်ဆိုင်ထားကြသူများ အထောက်အကူနည်းနည်းလေးဖြစ်ဖြစ်ရသွားရင်ကျေနပ်ပါပြီ။
ဆံပင်ကျွတ်သက်သာအောင် ဆံသားထိန်းသိမ်းနည်း (၉)မျိုး
၃။ ဘီးကိုသာအသုံးပြုရန်
၎။ သဘာဝကျတဲ့ စတိုင်လ်
လုပ်ချင်တယ်ဆိုရင် ဆံပင်ဖျန်းဆေးကိုအသုံးပြုနိုင်ပါတယ်။ နောက်တစ်နေ့ထိ
ပေးနိုင်ပါတယ်။
Unicode
ဆံပင်တွေ မကြာခဏအဆီပြန်ခြင်း၊ ညစ်ပတ်ခြင်းတို့ကြောင့် စိတ်ပျက်ရပါတယ်။
ဒီတော့ ဆံပင်ကိုခဏခဏလျှော်ချင်လာကြပါတယ်။ ခေါင်းခဏခဏလျှော်ရင်
ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်းနဲ့ အခြားဆံသားပြဿနာတွေ
ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်သက်သာစေမယ့် ခေါင်းလျှော်နည်း (၉)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။
၁။ရေနွေးနွေးလေး သုံးပေးပါ
ပုံမှန်သုံးနေကြ ရိုးရိုးရေတွေက သင့်ရဲ့ဆံပင်စတိုင်လ်ကိုပျက်စီးစေပါတယ်။
ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ပေးခြင်းက နောက်နေ့တွေထိ သင့်ရဲ့ဆံပင်တွေကို
သန့်ရှင်းနေစေပါတယ်။ ရေအပူချိန်ဟာ 38°С လောက်ရှိသင့်ပါတယ်။
၂။ ဆံပင်ဖျန်းဆေးရဲ့ကောင်းကျိုး
ဆံလုံးသေးသူနဲ့ ဆံသားပျက်စီးလွယ်သူတွေအတွက် အာရဖြည့်ထုတ်ကုန်တွေဟာ
အသုံးမတတ်ရင် ပျက်စီးလွယ်စေပါတယ်။ ခေါင်းလိမ်းဆီဆိုလည်း တစ်ပတ်ကို
နှစ်ခါလောက်ပဲ အသုံးပြုပေးသင့်ပါတယ်။ စပရေးဖျန်းချင်တဲ့အခါဆိုလည်း
လိုအပ်တဲ့ပမာဏအနည်းငယ်လောက်ကိုသာ အသုံးပြုပေးပါ။
၃။ ဘီးကိုသာအသုံးပြုရန်
သင်ဟာ ဆံပင်ကိုဘရက်ရှ်နဲ့မကြာခဏ ဖြီးနေတတ်သူဆိုရင် ဆံပင်ကျွတ်
သက်သာအောင် ဘီးကိုပဲအသုံးပြုပေးသင့်ပါတယ်။ ဘရက်ရှ်ဘီးနဲ့ ဖြီးပေးခြင်းဟာ
ဆံပင်ကို ညစ်ပတ်မြန်စေပြီး ဆံသားတွေကို တအားကျွတ်စေပါတယ်။
ဘီးနဲ့ဖြီးတဲ့အခါ သင့်ရဲ့ဦးရေပြားကို ဖိပြီးမဖြီးမိအောင် သတိထားပါ။
၄။ သဘာဝကျတဲ့ စတိုင်လ်
ဆံပင်နဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေကတော့ ထွက်နေတာပဲ။ ကိုယ့်ဆံပင်နဲ့
မကိုက်ညီရင်လည်း ဘာမှလုပ်လို့မရဘူး။ သင်ဟာ မြင်းမြှီးပုံစံ၊ ဆံထုံးလေးတွေ
လုပ်ချင်တယ်ဆိုုရင် ဆံပင်ဖျန်းဆေးကိုအသုံးပြုနိုင်ပါတယ်။ နောက်တစ်နေ့ထိ
တောက်ပပြီိး သန့်ရှင်းတဲ့ဆံသားလေးကိုရရှိနေမှာဖြစ်ပါတယ်။
၅။ ဆံသားနဲ့အဆင်ပြေစေမယ့် ခေါင်းလျှော်ရည်အသုံးပြု
ကိုယ့်ဆံသားဟာ ခြောက်သွေ့လား၊ အဆီထွက်များလား ၊ ပုံမှန်ဆံသားပဲလား
ဆိုတာ ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ကိုယ်ဆံပင်နဲ့မတည့်တဲ့ ခေါင်းလျှော်ရည်ကို
သုံးမိရင် ညစ်ပတ်လွယ်စေပြီး ဆံသားကိုလည်းထိခိုက်ပျက်စီးလွယ်စေပါတယ်။
၆။ ဆံပင်ဖြောင့်စက်တွေ သုံးတဲ့အခါ
ဆံပင်ဖြောင့်စက်( သို့) ကောက်စက်သုံးတဲ့အခါ အနိမ့်ဆုံးအပူချိန်ပဲပေးပြီး
ဆံပင်ကိုဖြောင့်/ ကောက်ပေးပါ။ မဟုတ်ရင် အလွန်ပြင်းတဲ့အပူရှိန်ကြောင့်
ဆံသားတွေကိုခြောက်သွေ့ပျက်စီးလွယ်စေပြီး ဆံပင်တွေကျွတ်စေပါတယ်။
၇။ ခေါင်းလျှော်ပြီး ၂ရက်ကြာတဲ့အခါ
Peeling လုပ်ပေးခြင်းက သင့်ဆံသားမှာရှိတဲ့ ဆဲလ်သေတွေနဲ့ ချွတ်ရခက်တဲ့
အညစ်ကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သင့်ရဲ့ဆံပင်ကို ဖြောင့်စင်းစေပြီး
အရှည်မြန်စေပါတယ်။ ပစ္စည်းတွေအစုံရှိရင် အိမ်လုပ် Scrubs လေးလုပ်လို့ရပါတယ်။
၈။ ခေါင်းအုံးမကြာခဏ လဲပေး
ခေါင်းအုံးတွေဟာ သင့်အရေပြားနဲ့ သင့်ခေါင်းမှာရှိတဲ့အဆီတွေကို စုတ်ယူနိုင်
ပါတယ်။ စုတ်ယူထားတဲ့အရာတွေကနေ မကောင်းတဲ့ဘတ်တီးရီးယားပိုးတွေ
ပြန်လည်ပေါက်ပွားစေပြီး ဆံသားတွေကို ညစ်ပတ်စေပါတယ်။ ခေါင်းအုံးစွပ်ကို
တစ်ပတ်ကို တစ်ခါလောက်လဲပေးသင့်ပါတယ်။
၉။ သင့်ဆံပင်ကို နေပူထဲမှကာကွယ်ပါ
နွေရာသီိရော၊ ဆောင်းရာသီပါ ဦးထုတ်ဝတ်ဆင်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့်
သင့်ရဲ့ဆံသားအရင်းတွေသန်မာစေပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်
ပေးနိုင်ပါတယ်။
ဘာကြောင့်ရေမွှေးဆွတ်သင့်သလဲ
ခုခေတ်မှာတင်မကအရင်ခေတ်တွေကတည်းကပါ ရေမွှေးဆွတ်ခြင်းအလေ့အထဟာ ကမ္ဘာရဲ့နေရာအနှံ့အပြားမှာ ခေတ်စားခဲ့တာပါ။ ဟိုးအရင်ခေတ်ကဆို Evening in Paris ဆိုတဲ့ ပဲရစ်မြို့ရဲ့ညနေခင်းအလှကို သတိရစေမယ့်ရေမွှေးလေးက တော်တော်လေးအသုံးတွင်ကျယ်ခဲ့သေးတာမဟုတ်ပါလား။ဒါပေမယ့်လူတော်တော်များများ နားလည်လက်ခံထားတဲ့အမှားတစ်ခုကတော့ ရေမွှေးဆိုတာ လူကုံထံတွေချမ်းသာကြွယ်ဝသူတွေမင်းသမီးမင်းသားတွေသာဆွတ်နိုင်သုံးနိုင်တဲ့အရာဖြစ်ပြီးတစ်နေ့လုပ်မှတစ်နေ့စားရတဲ့အခြေခံလူတန်းစားနင်းပြားတွေနဲ့လားလားမျှမသက်ဆိုင်ချေဆိုပြီိးယုံမှတ်ထားကြတာပါပဲ။ရေမွှေးတွေကလည်း ဈေးတွေကခေါင်ခိုက်နေတာကိုးနော်။ဒါပေမယ့် ဈေးကြီးတဲ့ရေမွှေးမှကောင်းတာမဟုတ်ပါဘူး။ဈေးအသင့်အတင့်နဲ့ တကယ့်ကိုသာယာညှင်းပျောင်းတဲ့ရနံ့လေးထွက်တဲ့ ရေမွှေးတွေလည်းရှိပါတယ်။ အဓိကက တောနံ့ကြီးတွေရနံ့စူးစူးကြီးတွေမဟုတ်ပဲနဲ့ ရေမွှေးနံ့ရလိုက်တာနဲ့ စိတ်ကြည်လင်အေးချမ်းသွားရစေဖို့ပါပဲ။ ရေမွှေးဆွတ်သင့်သလားဆိုတော့ဆွတ်သင့်ပါတယ်။ဒါဖြင့်ဘာလို့ဆွတ်သင့်တာတဲ့လဲ။ရေမွှေးဆွတ်သင့်တဲ့အကြောင်းပြချက်တွေဟာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကပိုများပါတယ်။
ရေမွှေးနံ့က စိတ်ကြည်လင်စေတယ်
ဒါတော့ အကျယ်အကျယ်ရှင်းစရာမလိုဘူးပဲထင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ရေမွှေးနံ့လေးရလိုက်ပြီိဆိုတာနဲ့ စိတ်အနှောက်အယှက်ဖြစ်နေရရင်တောင်တန်းပြီးစိတ်သက်သာသွားစေနိုင်တဲ့အစွမ်းမျိုးကိုရေမွှေးကပိုင်ဆိုင်ထားပါတယ်။
အနံ့အာရုံက အထိရောက်ဆုံး
လူတစ်ယောက်မှာရှိတဲ့အာရုံငါးပါးထဲမှာ အနံ့အာရုံက စိတ်ကိုဆက်သွယ်ဖို့အထိရောက်ဆုံးပါတဲ့။ဘာကြောင့်လဲဆိုတော့ အကြားအာရုံ၊အမြင်အာရုံ၊အထိအတွေ့တွေထက် အနံ့အာရုံကို ဦးနှောက်ထဲကိုပို့ဆောင်တဲ့သေးမျှင်တဲ့နာဗ့်ကြောလေးတွေက အလျင်မြန်ဆုံးဖြစ်လို့ပါပဲ။ပြီးတော့ အနံ့အာရုံဟာ ရှင်းပြလို့မရတဲ့နည်းနဲ့ စိတ်နဲ့ တိုက်ရိုက်ဆက်သွယ်နေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းအကြာကြီးကရခဲ့တဲ့အနံ့မျိုးကို အခုပြန်ရရင် အဲ့ဒီ့အချိန်က ဖြစ်ပျက်ခဲ့သမျှတွေကို တစ်ခုမကျန်မှတ်မိလာတာမျိုးပေါ့။ဒါကြောင့်စိတ်ရောဂါကုဆေးခန်းတွေ၊အိပ်မွေ့ချတဲ့ ဂမ္ဘီရခန်းတွေမှာ ထူးခြားဆန်းပြားတဲ့ရနံ့ပါတဲ့သစ်မွှေးပုလင်းလေးတွေကို အဆို့ရှင်လေးတွေနဲ့ပိတ်ထားပြီး လူနာရဲ့ နှာသီးဝကိုကပ်ပေးခြင်းနဲု့ကုသဖို့၊အိပ်မွေ့ချဖို့ကြိုးစားတတ်ကြပါတယ်။
ရေမွှေးနံ့က အိပ်ပျော်စေတယ်
နှစ်ရှည်လများအိပ်မပျော်ဖြစ်နေတဲ့ လူတွေအတွက်ကုထုံးကလည်း ရေမွှေးနံ့ပါပဲ။ ညဘက်မျက်လုံးကြောင်နေရင် အိပ်မပျော်ဘူးဖြစ်နေရင် ခေါင်းအုံးနဲ့အနီးတစ်ဝိုက်ကိုရေမွှေးလေးဖြန်းပြီးပြန်အိပ်ကြည့်ပါ။အမှန်တကယ်ကို အိပ်ပျော်စေတဲ့အပြင်အိပ်မက်လှလှတွေပါမက်စေပါတယ်တဲ့။
ရေမွှေးနံ့ဆိုတာ ဂုဏ်သိက္ခာပါ
ဒါကတစ်မျိုးတော့တစ်မျိုးပဲ ဘာကြောင့်များရေမွှေးနံ့က ဂုဏ်သိက္ခာဖြစ်ရတာတုန်းပေါ့။ဒါကဒီလိုရှိပါတယ်။ကိုယ့်ကိုယ်ကထွက်တဲ့အနံ့က ဘေးလူတွေကိုယ့်အပေါ်မြင်တဲ့အမြင်ကိုပြောင်းလဲစေပါတယ်။ရေမွှေးနံ့သင်းသင်းလေးဆွတ်ထားတဲ့သူဆိုရင် ဘာမှမပြောရသေးခင်ကို ကြိုပြီးခင်မင်နေမိတာမျိုး၊လူတွေရဲ့စိတ်ကိုရနံ့တွေကပြောင်းလဲစေပါတယ်။
ဆွဲဆောင်မှုရှိတယ်
သေချာတာပေါ့။အနားကပ်လိုက်တာနဲ့အမောပြေသွားရတဲ့ အေးမြတဲ့ရနံ့မျိုးနဲ့ ကောင်မလေးတွေနားမှာ ယောက်ျားလေးတွေကတောက်တဲ့လိုကပ်နေချင်တတ်ပါတယ်။ မိန်းကလေးတွေကိုဆွဲဆောင်ဖို့ဆိုရင်တော့ ရေမွှေးကအကောင်းဆုံးပါ။ ကောင်မလေးငယ်ငယ်လေးတွေကတည်ငြိမ်ရှင်းသန့်တဲ့ရေမွှေးနံ့မျိုးနှစ်သက်တယ်၊အလယ်အလတ်ပိုင်း 20 ကျော်ကောင်မလေးတွေကတော့ ချိုမြတဲ့မွှေးရနံ့ကိုကြွေကြပြီး မမလှလှတွေကတော့ အရိုင်းဆန်တဲ့ရေမွှေးနံ့နဲ့ကောင်လေးတွေကို ချစ်မြတ်နိုးတတ်ကြပါတယ်။
ရေမွှေးဆွတ်တယ်ဆိုတာ ပိုက်ဆံတွေကို ရေဖျော်ပစ်တာမဟုတ်ရပါဘူး။စိတ်ကြည်လင်ချမ်းမြေ့မှုတွေကိုဝယ်ယူလိုက်တာပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူတွေပေါက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက်
*အုန်းဆီနဲ့သံပုရာရည်
*Almond ဆီ
*အာလူး
*Black coffee
*ထောပတ်သီး
*ငရုတ်ကောင်း
Ref:speakingtree
Unicode
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်တာမျိုးတွေရှိကြပါတယ်။အဲ့ဒီအခါ ဆေးအမည်းပြန်ဆိုးရတာနဲ့ ကြာတော့ ဆံပင်တွေလည်းပျက်စီးလာပါရော။တစ်ပင်နှစ်ပင်လောက်က ပြဿနာမရှိပေမဲ့ နည်းနည်းလေးများလာပြီဆိုရင်တော့ စိတ်ညစ်ရမှာအမှန်ပါပဲ။ဆံပင်လည်းပြန်မည်းချင်တယ်။ဆံပင်ပျက်စီးတာလည်းမဖြစ်ချင်ဘူးဆိုတဲ့သူတွေအတွက် သဘာဝအတိုင်းဆံသားပြန်လည် မည်းနက်စေမယ့် နည်းလမ်းကောင်းလေးတွေပြန်ပြီးဝေမျှပေးပါမယ်။ဘယ်လိုနည်းလမ်းကောင်းလေးတွေလဲဆိုရင်…
*အုန်းဆီနဲ့သံပုရာရည်
ဆံပင်အတွက်လုံလောက်တဲ့အုန်းဆီအနည်းငယ်ရယ်၊သံပုရာရည်စားပွဲတင်ဇွန်းသုံးဇွန်းရယ်ကိုရောစပ်ပြီးဦးရေပြားတစ်ဝိုက်ညင်သာစွာလိမ်းပါ။ပြီးရင်ဆံသားတွေကိုသေချာဖြီးပါ။တစ်နာရီလောက်ထားပြီးရင် ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ လျှော်ပေးနိုင်ပါပြီ။ဒီနည်းလေးကို တစ်ပတ်ကို
၂ခါဖြစ်စေ သုံးခါဖြစ်စေလုပ်ပေးပါ။
*Almond ဆီ
ဆံပင်ဖြူလာတာသတိထားမိတဲ့အခါ Almond ဆီလေးနဲ့ပုံမှန်နှိပ်နယ်လိမ်းပေးမယ်ဆိုရင် ဆံသားတွေပြန်ပြီးနက်မှောင်လာနိုင်ပါတယ်။Almond ဆီကဆံသားကိုပြန်ပြီးအားဖြည့်ပေးတဲ့အတွက် တစ်လလောက်ပုံမှန်လိမ်းပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။
*အာလူး
အာလူးလေးတွေကို ရေနွေးပွက်ပွက်ထဲထည့်ပြုတ်လို့ ရလာတဲ့အရည်ကိုအအေးခံပါ။ပြီးရင် အဲ့ဒီအရည်ကို ဆံသားအနှံလောင်းချပေးတာကလည်းဆံပင်သားတွေပြန်ပြီးနက်မှောင်လာစေတယ်လို့သိရပါတယ်။ဆံသားအရောင်လည်းတောက်ပစေပြီး သန်မာလာစေပါတယ်။
*Black coffee
Black coffee မှုန့်ကို Hair mask အဖြစ် သုံးပေးတာကလည်း သဘာဝအတိုင်းဆံသားနက်မှောင်လာစေတဲ့နည်းလေးပါ။ကော်ဖီမှုန့်အနည်းငယ်ကိုရေနဲ့ရောစပ်လို့ရလာတဲ့အနှစ်တွေကို ဆံသားအရင်းကနေ အဖျားထိလိမ်းပေးပါ။ပေါင်းတင်သလိုဖြစ်တဲ့အပြင် ဆံသားကိုလညး်နက်မှောင်သန်စွမ်းလာစေပါတယ်။
*ထောပတ်သီး
ထောပတ်သီးကလည်း ဗီတာမင်ဘီ၊ဗီတာမင် 12 ပါဝင်တဲ့အတွက် သဘာဝအတိုင်း ဆံသားနက်မှောင်သန်စွမ်းစေပါတယ်။အသက်အရွယ်ရလာရင်တောင်သူများတွေထက် ဆံပင်ဖြူတာနှေးချင်တယ်ဆိုရင် ထောပတ်သီးကို Hair mask အဖြစ်ပုံမှန်သုံးပေးသင့်ပါတယ်။ထောပတ်သီးကိုကြိတ်ချေပြီးရလာတဲ့အနှစ်တွေကို ဆံသားအနှံ့လိမ်းပေးပါ။တစ်ပတ်ကိုတစ်ခါပုံမှန်လုပ်ပေးသွားရင် ဆံသားခြောက်သွေ့ကြမ်းတမ်းတာတွေအတွက်ပါ ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။
*ငရုတ်ကောင်း
ငရုတ်ကောင်းကလည်း ဆံပင်ဖြူတာကိုကာကွယ်ပေးနိုင်ပြီး ဆံသားနက်မှောင်လာစေပါတယ်တဲ့။ငရုတ်ကောင်းအမည်းစေ့လေးတွေကိုကြိတ်ချေပြီး သံပုရာရည်အနည်းငယ်နဲ့ရောစပ်လိုက်ပါ။ပြီးရင် ဦးရေပြားပေါ်လိမ်းပေးပါ။၁၅မိနစ်၊နာရီဝက်လောက်ကြာတဲ့အခါ ရေနဲ့သေချာဆေးချပြီး ပုံမုှန်ခေါင်းလျှော်သလို လျှော်ပေးလို့ရပါပြီ။ဒါက ဦးရေပြားမှာဖြစ်တတ်တဲ့ဝက်ခြံနဲ့ဗောက်တွေကိုပါ သေစေနိုင်ပါတယ်။
ဒီနည်းလမ်းလေးတွေက ဆံပင်ဖြူစပေါက်နေတဲ့လူငယ်လေးတွေအတွက်ပဲ ပိုပြီးအသုံးဝင်စေမှာပါ။ဆံပင်လုံးဝဖြူနေတဲ့  လူကြီးတွေအတွက်တော့ ဒီနည်းလမ်းလေးတွေက ဆံပင်ကိုလုံးဝပြန်ပြီးမည်းနက်စေတာထက် ဆံပင်အုံပိုကောင်းလာပြီး ဆံပင်တွေမကျွတ်တော့အောင်၊အရင်လိုဆံသားမြန်မြန်ဖြူတာမျိုးမဖြစ်စေတော့အောင် ဆံသားထိန်းသိမ်းပေးတာမျိုးပဲအသုံးဝင်နိုင်ပါတယ်။
Ref:speakingtree
ရောင်စုံမျက်ကပ်မှန်တွေ မတပ်ခင် သိထားသင့်တဲ့ အချက်များ
နာမည်ကြီး အနုပညာရှင်တွေက ရောင်စုံ မျက်ကပ်မှန်တပ်ရတာကို အရမ်းသဘောကျတတ်ပါတယ်။ အကြောင်းကတော့ ရောင်စုံမျက်ကပ်မှန်တွေက လူတစ်ယောက်ရဲ့ မျက်နှာကို အလွယ်ကူဆုံး ပြောင်းလဲ စေနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောင်စုံမျက်ကပ်မှန် တပ်မယ်ဆိုရင် ဘယ်လို အကျိုး၊ အပြစ်တွေ ရှိနိုင်မလဲဆိုတာ သိပြီးမှ တပ်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ရောင်စုံမျက်ကပ်မှန်တွေ အကြောင်း အသိပေးချင်ပါတယ်။ ရောင်စုံ မျက်ကပ်မှန်တွေက ပုံမှန်မျက်ကပ်မှန်တွေနဲ့ အခြေခံအားဖြင့် အတူတူပါပဲ။ သူတို့မှာ အရောင်ပါတာကလွဲရင် ဘာမှထူးထူးခြားခြား ကွာခြားမှုမရှိပါဘူး။ ပုံမှန်မျက်ကပ်မှန် ဝတ်နေကျ လူတစ်ယောက်ဆိုရင် ရောင်စုံမျက်ကပ်မှန်ကို လုံးဝအဆင်ပြေပြေ တပ်နိုင်မှာပဲ ဖြစ်ပါတယ်။ မျက်ကပ်မှန် တပ်ထားလို့ရတဲ့၊ တပ်ထားသင့်တဲ့ ကြာချိန်ကလည်း အတူတူပဲ ဖြစ်ပါတယ်။ရောင်စုံမျက်ကပ်မှန်တွေက ပုံမှန်မျက်ကပ်မှန်တွေထက် အနည်းငယ်ပိုထူပါတယ်။ပုံမှန်မျက်ကပ်မှန်တွေထက် သူတို့က အနည်းငယ်ပိုထူပေမဲ့ အချိန်နည်းနည်းပေးလိုက်တာနဲ့ ကျင့်သားရသွားမှာပါ။ ပိုထူတဲ့ မှန်ဘီလူးဖြစ်တဲ့အတွက် သူက တပ်ရဖြုတ်ရတာ ပိုပြီး လွယ်ကူစေပါတယ်။သင်က မျက်မှန်တပ်စရာမလိုအောင် အမြင်အာရုံကောင်းတဲ့သူတစ်ဦး ဖြစ်နေရင်တောင် ရောင်စုံ မျက်ကပ်မှန်တပ်လို့ ရပါတယ်။ဘာကြောင့်လဲဆိုတော့ ရောင်စုံမျက်ကပ်မှန်တွေကို ပါဝါလုံးဝ မရှိသူတွေကနေ ပါဝါအများကြီးရှိတဲ့လူတွေအထိ တပ်လို့ရအောင် အမျိုးမျိုးထုတ်လုပ်ထားပါတယ်။ဒါပေမဲ့ ကိုယ့်အမြင်အာရုံကို အတိအကျသိနိုင်ဖို့အတွက် မျက်စိဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ တပ်ဆင်ဖို့ အကြံပြုလိုပါတယ်။သင်က ပါဝါ သုညပဲရှိတဲ့ ရောင်စုံမျက်ကပ်မှန်ကို တပ်မယ်ဆိုရင်တောင် ဆရာဝန်နဲ့ ဆွေးနွေးဖို့လိုပါတယ်။ မျက်ကပ်မှန်တွေ၊ ရှင်းလင်းပြတ်သားမှု၊ အရောင် စတာတွေက မျက်လုံးကို လုံးဝ ထိခိုက်စေနိုင်တဲ့အတွက် ဖြစ်ပါတယ်။သင့်ဆရာဝန်က သင့်ကို မျက်ကပ်မှန်တပ်ဖို့ အဆင်ပြေတယ်လို့ဆိုခဲ့ရင် စတိုးဆိုင်တို့  အွန်လိုင်းတို့ကနေ မဝယ်သင့်ပါဘူး။ မျက်စိဆရာဝန်ရဲ့ ဆေးညွှန်းအတိုင်း ပြုလုပ်ပေးနိုင်တဲ့ မျက်ကပ်မှန်အထူးပြုရောင်းတဲ့ ဆိုင်တွေမှာပဲ ဝယ်ယူသင့်ပါတယ်။ပုံမှန် မျက်ကပ်မှန်တွေလိုပဲ ရောင်စုံမျက်ကပ်မှန်တွေကို သူများကို ပေးမသုံးရပါဘူး။ မျက်ကပ်မှန်ဆိုတာ မိတ်ကပ်လို မဟုတ်ပါဘူး။ အထူးသဖြင့် ပါဝါ သုညပဲရှိတဲ့သူတွေဟာ မျက်ကပ်မှန်တပ်သူအချင်းချင်း လဲပြီးတပ်ဆင်တာမျိုးကို လုပ်လေ့ရှိကြပါတယ်။ ဒါမျိုး လုံးဝမလုပ်သင့်ပါဘူး။အကြောင်းက မျက်လုံးထဲက ပိုးမွှားတွေကြောင့် ကူးစက်ပိုးဝင်စေပြီး မျက်စိကို ထိခိုက်မှုဖြစ်စေတတ်လို့ပဲ ဖြစ်ပါတယ်။Ref:seventeen