Category Archives: ကျန်းမာရေး
သွားပွတ်တံအဟောင်းလေးတွေကို ဒီလိုနေရာတွေမှာသုံးကြမယ်
အ၀တ်စနဲ့တော်ရုံသန့်ရှင်းလို့မရတဲ့ ကီးဘုတ်ချောင်ကြိုချောင်ကြားနေရာတွေကို သွားပွတ်တံအဟောင်းလေးနဲ့ သန့်ရှင်းပေးလို့ရပါတယ်။
Ref:experthometips
Unicode
သွားပွတ်တံဟောင်းနေပြီဆိုပြီး လွှင့်မပစ်ပါနဲ့ဦး။သွားတိုက်ဖို့အတွက်ဟောင်းလွန်းသွားပေမဲ့ တစ်ချို့နေရာတွေမှာ အသုံးဝင်နေပါသေးတယ်။သွားပွတ်တံအဟောင်းတွေဟာ ဘယ်လိုနေရာတွေမှာအသုံးဝင်နေတာလဲဆိုရင်…
*စဉ်းနှီးတုံးတွေသန့်ရှင်းမယ်
မီးဖိုချောင်အတွက်မရှိမဖြစ်အသုံးဝင်တဲ့ စဉ်းနှီးတုံးတွေဟာ သုံးပါများလာတဲ့အခါ ညစ်ပတ်လာတတ်ပါတယ်။အဲ့ဒီအခါ  သွားပွတ်တံအဟောင်းလေးကိုသေချာဆေးကြောပြီး စဉ်းနှီးတုံးကိုတိုက်ချွတ်ပေးမယ်ဆိုရင် သန့်ရှင်းတဲ့စဉ်းနှီးတုံးလေးပြန်ရလာမှာပါ။
*ရေချိုးခန်းသန့်ရှင်းမယ်
ဘရပ်ရှ်နဲ့သေချာတိုက်လို့မရတဲ့ ရေချိုးခန်းကျောက်ပြားကြားတွေကို သွားပွတ်တံအဟောင်းလေးနဲ့သန့်ရှင်းပေးလို့ရပါတယ်။
*မျက်ခုံးမွှေးခြစ်တံအဖြစ်သုံးမယ်
မျက်ခုံးမွှေးခြစ်စရာမရှိရင်တောင် သွားပွတ်တံအဟောင်းလေးရှိရင် အဆင်ပြေပါတယ်။အရေးပေါ်သုံးလို့ရတာပေါ့။
*လက်သည်းလေးတွေသန့်ရှင်းမယ်
လက်သည်းကြားနေရာတွေကိုသေချာသန့်ရှင်းချင်တယ်ဆိုရင် သွားပွတ်တံအဟောင်းလေးမှာဆပ်ပြာအနည်းငယ်ထည့်လို့ လက်သည်းကြားထဲသန့်ရှင်းပေးလို့ရပါတယ်။
*ခေါင်းဖြီးသန့်ရှင်းမယ်
တစ်ခါတစ်လေ ကိုယ့်ခေါင်းဖြီးဆေးတော့မယ်ဆိုရင် အောက်ခြေကညစ်ပတ်နေတဲ့အရာတွေကို ဘာနဲ့သန့်ရှင်းရမလဲ ခေါင်းခြောက်ရတတ်ပါတယ်။ဘရပ်ရှ်နဲ့လည်းတိုက်ချွတ်ရတာ အဆင်မပြေပါဘူး။တကယ်လို့ သင့်မှာ သွားပွတ်တံအဟောင်းလေးတစ်ချောင်းရှိနေရင်တော့ ခေါင်းဖြီးအောက်ခြေထိ သန့်ရှင်းပေးလို့ရပါပြီ။
*လက်ဝတ်ရတနာတွေ တိုက်ချွတ်ဆေးကြောမယ်
ဆွဲကြိုးတွေ၊လက်စွပ်တွေဆိုတာ ဝတ်တာကြာရင် အရောင်မှိန်လာတတ်ပါတယ်။အဲ့ဒီအခါ သွားပွတ်တံအဟောင်းလေးကို ဆပ်ပြာအနည်းငယ်ထည့်လို့ တိုက်ချွတ်ပေးရင် အရောင်ပြန်လက်လာပါလိမ့်မယ်။
*ကွန်ပျူတာကီးဘုတ်သန့်ရှင်းမယ်
အဝတ်စနဲ့တော်ရုုံသန့်ရှင်းလို့မရတဲ့ ကီးဘုတ်ချောင်ကြိုချောင်ကြားနေရာတွေကို သွားပွတ်တံအဟောင်းလေးနဲ့ သန့်ရှင်းပေးလို့ရပါတယ်။
*ဆံပင်ဆေးဆိုးတဲ့အခါသုံးမယ်
သွားပွတ်တံအဟောင်းတစ်ချောင်းတစ်လေကိုသိမ်းထားတာမမှားပါဘူး။တကယ်လို့ ဆံပင်ဆေးဆိုးဖို့ ဆိုးစရာမရှိတဲ့အခါမျိုးမှာသွားပွတ်တံအဟောင်းလေးကိုသုံးလို့ရပါတယ်။
Ref:experthometips
ခေါင်းကိုက်သက်သာစေတဲ့လွယ်လွယ်ကူကူအိမ်တွင်းကုထုံးများ
(၂) ပူစီနံရွက်စားပါ
(၄) ပန်းသီး
Unicode
ခေါင်းမူးခေါင်းကိုက်တယ်ဆိုတာ ဖြစ်နေကြပြဿနာမလို့ ဒီတိုင်းပေါ့ပေါ့လေးပစ်မထားစေချင်ပါဘူး။ တစ်ခါတစ်ရံကိုက်ခဲတာလောက်တော့  လျစ်လျူရှုထားလို့ရပင်မဲ့ ကြာလာရင်ရောဂါစွဲကပ်သည်အထိဖြစ်လာစေနိုင်တာမလို့ ဆေးခန်းမသွားချင်ရင်တောင် အိမ်တွင်းကုသနည်းလေးတွေနဲ့ ကုသလို့ရပါတယ်။
ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် ခေါင်းကိုက် တဲ့အခါ အိမ်တွင်းကုထုံးလေးတွေနဲ့ဘယ်လိုကုကြမလဲ…
(၁) ဂျင်းပြုတ်ရည်ကျိုးသောက်ပါ
ဂျင်းပြုတ်ရည်ဟာ ခန္ဓာကိုယ်တွင်းကသွေးသားများကို ကောင်းမွန်စေတဲ့ အပြင် ခေါင်းကိုက် ခေါင်းခဲခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အခုလိုဆောင်းတွင်းဆို ဂျင်းပြုတ်ရည်လေးကသိပ်အသုံးဝင်တဲ့ဆေးတစ်ခွက်ဖြစ်စေမှာပါ။
(၂) ပူစီနံရွက်စားပါ
ပူစီနံရွက်ကတစ်ချို့သူတွေအတွက်တော့ ဆိုးဝါးတဲ့အနံ့လို့ထင်ရပင်မဲ့ တစ်ချို့သူတွေအတွက်တော့ တစ်ကယ်ကို အနံ့ကောင်းလေးတစ်မျိုးပါတဲ့ အရွက်ပါပဲ။ ပူစီနံကိုအစိမ်းပဲစားစား ဖျော်ရည်ပဲလုပ်သောက်သောက် ခေါင်းကိုက်ဝေဒနာကိုသက်သာစေပါတယ်။
(၃) လေးညင်းပွင့်ဆီလိမ်းပါ
လေးညှင်းပွင့်ဟာ ကျန်းမာရေးအတွက်တော့ တော်တော်အသုံးဝင်တဲ့ ဆေးစွမ်းတစ်လက်ပါပဲ။ လေညှင်းပွင့်ဆီကို ကိုက်ခဲတဲ့ခေါင်းတွေ ဇက်ကြောတွေ ဂုတ်ကြောတွေကိုလိမ်းပြီးနှိပ်နယ်ပေးခြင်းကလည်းခေါင်းကိုက် ခြင်းကိုသက်သာစေပါတယ်။
(၄) ပန်းသီး
ပန်းသီးကိုပါးပါးလေးလှီးပြီး ပျားရည်နဲ့ရေအနည်းငယ်ကို ရောစပ်ကာ သောက်သုံးပါကလည်း ခေါင်းကိုက်ဝေဒနာကို ယူပစ်သလိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။
အားလူးကြိုက်တဲ့သူတွေအတွက် ဘုရားကပေးတဲ့လက်ဆောင်…
Unicode
အားလူးကို တော်တော်များများသောသူတွေက အရမ်းကိုကြိုက်နှစ်သက်တတ်ကြပါတယ်။ ဒီလိုအာလူး ကြိုက်တဲ့သူတွေအတွက် ဘုရားကပေးတဲ့ အတွက် ဘယ်လိုတောင်စွမ်းတဲ့အကျိုးကျေးဇူးတွေရှိသလဲဆိုတာ မသိချင်ကြဘူးလား။ တစ်ချို့တွေကသိပြီးသားဖြစ်မယ်ထင်ပင်မဲ့ မသိသေးတဲ့သူတစ်ယောက်ပဲရှိရှိ သိသွားရင်ကျေနပ်တာမလို့ အနည်းငယ်ဝေမျှပေးလိုက်မယ်နော်…
(၁) ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမြန်ဆန်စေတယ်
(၂) ခန္ဓာကိုယ်တွင်းသကြားဓာတ်များပြားမှုကို ကာကွယ်ပေးနိုင်တယ်
(၃) အစာခြေ မှုအားကို ကောင်းစေနိုင်တယ်
(၄) သွေးပေါင်ကျစေတယ်(သွေးတိုးခြင်းကိုလျော့ချနိုင်)
(၅) antioxidants နဲ့ vitamin A ကြောင့်  cancer ရောဂါကို ကာကွယ်ပေးနိုင်တယ်
(၆) ဖောရောင်သော ရောဂါဝေဒနာတွေကို ကာကွယ်ပေးနိုင်တယ်
(၇) ဦးနှောက်ကျန်းမာရေးအတွက် များစွာ အထောက်ကူပြုတယ်
(၈) ပိုမို အိပ်လို့ကောင်းစေတယ်( အိပ်ရေးဝတယ်)
(၉) ရာသီလာတဲ့အခါ နာကျင်ကိုက်ခဲမှုကို ကာကွယ်ပေးနိုင်တယ်
(၁၀)  အရိုးအဆစ်တွေကို သန်မာစေတယ်
ကိုယ်ဝန်အလွယ်တကူပြတ်စေနိုင်တဲ့အကြောင်းအရင်းများ…
ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်လာနိုင်သည့် ကိုယ်ဝန်ပျက်ကျခြင်းကို လျော့နည်းအောင် ကိုယ်ဝန်ပျက်ကျစေသော အကြောင်းရင်းများကို သိရှိကာ ကြိုတင် သတိပြု ကာကွယ်နိုင်ရန် လိုအပ်သည် ။ကိုယ်ဝန်ဆောင်ကာလ အိမ်ထောင်သည်ဘ၀တွင် စိတ်လှုပ်ရှားစရာ အပြည့်နှင့် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု ၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု စသော အပြောင်းအလဲများစွာ ကို ရင်ဆိုင် ကျော်လွှားရသော အချိန်ဖြစ်သည် ။ စနစ်တကျ အစီအစဉ်ချ ထားသော အိမ်ထောင်များတွင်သာမက မတော်တဆ ရရှိလာသော ကိုယ်ဝန်များပင်လျှင် မိမိ၌ ရောက်ရှိလာသော သားသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများကို အမှားအယွင်း မရှိအောင် ပြင်ဆင်ကြရသည် ။ အများဆုံး ကြောက်ရွံမှုမှာ ကိုယ်ဝန်ပျက်ကျသွားမည်ကိုပင်။ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်လာနိုင်သည့် ကိုယ်ဝန်ပျက်ကျခြင်းကို လျော့နည်းအောင် ကိုယ်ဝန်ပျက်ကျစေသော အကြောင်းရင်းများကို သိရှိကာ ကြိုတင် သတိပြု ကာကွယ်နိုင်ရန် လိုအပ်သည် ။သင်နေ့စဉ် စားသုံးနေသော အသီးအနှံ တချို့ နှင့် အပြုအမူများသည် ကိုယ်ဝန်ကို အလွယ်တကူ ပျက်ကျစေနိုင်တယ်ဆိုတာ သိပါသလား ?
အစောပိုင်း ကိုယ်ဝန်ဆောင်ကာလများတွင် ဤစမြိတ်ပင်ပျော့ ပါဝင်သော အစာများကို ပုံမှန်စားသုံးမိပါက သားအိမ်ညှစ်အားဖြစ်ပွားလာစေကာ နုနယ်သေးသော ကလေးကို ပျက်ကျစေနိုင်သော သဘာဝထွက်ကုန်ဖြစ်ပါသည် ။ရေနွေးဖြင့်ချိုးခြင်းသင်သည် ရေနွေးဖြင့် ရေချိုးလေ့ရှိပါသလား ? ခပ်ပူပူရေနွေးဖြင့် ရေကို ပုံမှန်ချိုးခြင်းသည် သားလျောသားပျက်ဖြစ်စေသော အကြောင်းတစ်ခု ဖြစ်လေသည် ။ အချို့ သည် ဆေးဖက်ဝင်အရွက်များဖြင့် ကျိုကာ ရေနွေးငွေ့ ပေါင်းခံရေချိုးခြင်းကို မွေးကင်စတွင် ပြုလုပ်တတ်ကြသည် ။ သားအိမ်ရှိ အညှစ်အကြေးများ သွေးပုပ်များကင်းစင်ရန် ရည်ရွယ်ခြင်းဖြစ်သည် ။ဗီတာမင်စီများဗီတာမင်စီ ၌ သဘာဝအလျောက် သားအိမ်ကို ညှစ်အားကောင်းစေသော အကျိုး အာနိသင် ပါရှိသည် ။ ရှောက်နွယ်ဝင် အချဉ်ဓာတ်များပါသည့် အသီးအနှံတို့တွင် လုံလောက်စွာပါရှိသည် ။သင်္ဘောသီးလေ့လာချက်များအရ သင်္ဘေားသီးသည် အမျိုးသမီး အများစုတွင် သားပျက်စေသော အကြောင်းတစ်ခု ဖြစ်သည်။ ကိုယ်ဝန် လနုစဉ်တွင် ရှောင်သင့်သည့် အသီးအနှံဖြစ်သည်။နာနတ်သီးနာနတ်သီးရှိ ဗီတာမင်စီ enzymes မှ သားပျက်သားလျောစေနိုင်သည် ။ လေ့လာချက်များအရ လတ်ဆတ်သော နာနတ်သီးများကို ပုံမှန်စားသုံးခြင်းနှင့် နာနတ်သီးဖျော်ရည်အား နေ့စဉ် ခုံမင်စွာ သောက်သုံးတတ်သော ကိုယ်ဝန်ဆောင်များတွင် သားလျောခြင်း ပိုမို သက်ရောက်ဖြစ်ပေါ်စေနိုင်သည် ။လိင်ပြင်းထန်စွာဆက်ဆံခြင်းပြင်းထန်စွာ တက်ကြွ လှုပ်ရှားမှု နှင့် လိင်ဆက်ဆံခြင်းသည် ကိုယ်ဝန် ပျက်ကျစေနိုင်သော အဓိက အချက်ဖြစ်သည် ။ ကိုယ်ဝန်ဆောင် အစောပိုင်းကာလများတွင် မကြာခဏ လိင်ဆက်ဆံခြင်း ပြုလုပ်ပါက ဟော်မုန်းအပြောင်းအလဲ နှင့် သားအိမ်ထိခိုက်ဒဏ်ရာရကာ သားလျောနိုင်သောကြောင့် ဆင်ခြင်သင့်သည် ။ ထို့အပြင် ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှုများကို ရျောင်ရှားသင့်သည် ။စိတ်ဖိစီးမှုကိုယ်ဝန်ဆောင် ကာလတွင် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကြောင့် စိတ်ဖိစီးမှု စိတ်ရှုပ်ထွေးမှု များ မကြာခဏ ရင်ဆိုင်ရတတ်သည် ။ စိတ်ဖိစီးမှုများကြောင့် ပုံမှန် အိပ်မပျော်ခြင်း မစားနိုင်မသောက်နိုင်ဖြစ်ခြင်း အဟာရချို့ တဲ့ လာခြင်းစသော ပြဿနာများစွာ ကြောင့် ကိုယ်ဝန်ကို ထိခိုက်စေနိုင်သည် ။ ကိုယ်ဝန်ဆောင် အမျိုး သမှးတစ်ဦးအနေဖြင့် စိတ်ဖိစီးမှုလျော့နည်းအောင် တရားထိုင်ခြင်း ၊ အဟာရလုံလောက်စွာ စားသုံးခြင်း ၊ ကိုယ်ဝန်ပုံမှန်စစ်ဆေးခြင်း ၊ ကျွမ်းကျင် ဆရာဝန် ဆရာမများထံမှ အကြံညဏ်ရယူခြင်း ၊ ကိုယ်ဝန်ဆောင်အချင်းချင်း မိတ်ဆွေဖွဲ့ ကာ မျှဝေခြင်း စကားစမြည်ပြောခြင်း စသည်တို့ကို ဂရုတစိုက် လုပ်ဆောင်သင့်သည် ။
သင့်ခန္ဓာကိုယ်ပေါ်ကမထင်မှတ်ပဲ ထွက်ထွက်လာတတ်တဲ့အကွက်တွေအကြောင်းသိပြီးပြီလား
တစ်ခါတစ်လေ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ မထင်ထားတဲ့အကွက်တွေပေါ်ပေါ်လာတတ်ပါတယ်။ ဘယ်ကြောင့်ရယ် ဘယ်လိုပေါ်လာတယ်ဆိုတာကို မသိပဲ ဒီတိုင်းပစ်ထားတာက တစ်ခါတစ်ရံပဲကောင်းပါတယ်။ အကြိမ်ပေါင်းများစွာ(သို့) အချိန်ကြာမြင့်စွာ ဒီအကွက်တွေ ခန္ဓာကိုယ်ပေါ်မှာရှိနေမယ်ဆိုရင်တော့ ဒီလိုအချက်တွေကြောင့်ဖြစ်လာနိုင်ပါတယ်….
(၁) အားကစားလုပ်ရင်းထိခိုက်တာ
အားကစားပြင်းပြင်းထန်ထန်လုပ်နေရင်း လုပ်နေတုန်းမသိလိုက်ပဲ ကြာမှ သတိထားမိတာမျိုးလည်းဖြစ်တတ်ပါတယ်။
(၂) ဆေးသုံးစွဲမှုများခြင်း
ထိုးဆေးသောက်ဆေးတွေကို လိုတာထက်ပိုပြီးမှီဝဲနေရသူတွေအတွက် ဆေးတွေမှာပါတဲ့ဓာတုတွေကြောင့်လည်း အခုလိုအကွက်တွေဖြစ်တတ်ပါတယ်။
(၃) သွေးသားမသန့်စင်ခြင်း
သွေးသားမသန့်စင်တဲ့ အကြောင်းကြောင့်လည်း ဒီလိုအကွက်ထမှုတွေဖြစ်တတ်ပါတယ်။
(၄) ဟော်မုန်းမညီမျှခြင်း
လူတစ်ရဲ့အသက်ရွယ်နဲ့ရှိသင့်တဲ့ဟော်မုန်း ပမာဏဟာ လိုအပ်တာနဲ့မညီမျှရင်လည်းဒီလိုအကွက်တွေပေါ်လာတတ်ပါတယ်။
(၅) ဆီးချိုဝေဒနာခံစားနေရခြင်း
ဆီးချိုဝေဒနာရှင်တွေဖြစ်လေ့ရှိတဲ့ လက္ခဏာတစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အကွက်တွေထနေပြီဆိုရင်တော့ ဆီးချိုဝေဒနာကြောင့်ဖြစ်တာလည်းဖြစ်နိုင်ပါတယ်။
Necrozoospermia သုက်အားနည်းခြင်း
(ကန်တော့ပါ)
အသက် ၃၀ ကျားပါ။ အိမ်ထောင်သက် ၇နှစ်။ သုတ်ပိုးအားနည်း၍ Fertomid 25 သောက်တာအဆင်မပြေဘူးဆရာ။ ကျွန်တော့်ကို ဆေးနည်းလေးပေးပါဦးခင်ဗျ။
သုက်အားနည်းတာကို Necrospermia လို့လည်းခေါ်တယ်။ Complete necrozoospermia မှာ သုက်ပိုးတွေက အသက်မရှင်ကြပါ။ 5% ကနေ 45% အထိရှင်တယ်။ အဲတာမျိုးက အလွန်ရှားတယ်။ Incomplete necrozoospermia မှာ တချို့တဝက်သာ ကောင်းတယ်။ 0.2% ကနေ 0.5% သာရှင်သန်တယ်။
Asthenozoospermia ဆိုတာက သုက်ပိုးလှုပ်ရှားမှုမကောင်းတာ။ ယောက်ျား ၅ဝဝဝ မှာ တယောက်ရှိတယ်။ အဲဒီအမျိုးအစားတွေက သားသမီးမရဖြစ်စေတယ်။ ဘာလို့ဖြစ်ရသလဲ သေချာ မသိသေးပါ။ ဖြစ်နိုင်တာတွေတော့ရှိတယ်။
1. Infection in the male reproductive tract ပိုးဝင်ခြင်း၊
2. Prolonged periods of no ejaculation သုက်မထုတာကြာရှည်နေရခြင်း၊
3. Spinal cord injuries ခါးရိုးထိခိုက်ခြင်း၊
4. Problems with the testicles ကျားအစိရောဂါ၊
5. Epididymis ကျားအကြောရောဂါ၊
6. Hypogonadotropic hypogonadism ဟော်မုန်းရောဂါ၊
7. Early testicular cancer ကျားအစိကင်ဆာ၊
8. Abnormally high body temperature ကျားအင်္ဂါနေရာအပူချိန်များခြင်း၊
9. Varicocele ဗေရီကိုဆီးလ် ခေါ် အကြောထုံးခြင်း၊
10. Street drug use မူးယစ်ဆေးစွဲခြင်း၊
11. Advanced age အသက်ကြီးလာခြင်း။
ကုသရာမှာ အကြောင်းရှာတွေရင် အဲတာကိုကုသရမယ်။ ဥပမာ ပိုးဝင်နေရင် ပိုးသေဆေးပေးရမယ်။
Complete necrozoospermia ဖြစ်သူကို IVF-ICSI (TESE-ICSI) နည်းနဲ့ သုက်ပိုးထုတ်ယူနည်းသုံးနိုင်တယ်။ IVF နည်းနဲ့ ကလေးရစေနိုင်တယ်။
သုက်ပိုးနည်းနေတဲ့ယောက်ျားတွေကို Clomiphene 25mg ပေးတယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ အပြင်ကနေ သုက်ပိုးထည့်ပေးတာခံယူမဲ့ အမျိုးသမီးကို မျိုးဥတွေပွါးများလာအောင်လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၇
သိကောင်းစရာဆီးကျောက်တည်ရောဂါ
ဆီးလမ်းကြောင်းမှာ ကျောက်တည်တဲ့ရောဂါ ဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝဝဝ ကျော်BC ၃ဝဝဝ လောက်ကတည်းက ရှိနေပြီးဖြစ်ပါတယ်။ အီဂျစ်မှာရှိတဲ့ Mummy ရုပ်အလောင်းအချို့ကို တူးဖော်လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ ကျောက် ကပ်နဲ့ ဆီးလမ်းကြောင်းတွေမှာ ဆီးကျောက် လေးတွေ တွေ့ရခြင်းအားဖြင့် အဲဒီခေတ်က တည်းက ရှိနေပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေ မဲ့ အခုနောက်ပိုင်း ရောဂါဖြစ်ပွားမှုနှုန်းဟာ တစ်နေ့တခြား ပိုမိုများပြားလာပါတယ်။ Western diet လို့ခေါ်တဲ့ အနောက်တိုင်းဆန်ဆန် စား သောက်နေထိုင်တဲ့လူနေမှုစနစ်ကြောင့်လို့ ယူဆ ကြပါတယ်။ရောဂါဖြစ်ပွားတဲ့နှုန်း တဖြည်းဖြည်းများလာ ခြင်းဟာ နိုင်ငံတကာ လေ့လာချက်များအရ နေရာဒေသနဲ့ နေထိုင်စားသောက်ပုံ စရိုက်ပေါ် မူတည်ပြီး ကွာခြားမှုရှိပါတယ်။ အမေရိကန်နိုင်ငံ မှာဆိုရင် ဆေးရုံတက်သူ လူတစ်ထောင်မှာ တစ် ယောက်နှုန်းရှိပါတယ်။ တစ်ကမ္ဘာလုံးနှင့် ယှဉ်ပြီး ကြည့်ရင် နှစ်စဉ်ကမ္ဘာ့လူဦးရေရဲ့ အနည်း ဆုံး ဝ.၁ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ အများ ဆုံးဖြစ်တာတွေ့ရပါတယ်။ အထူးသဖြင့် အမျိုး သားအားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ဘဝ သက်တမ်းတစ်လျှောက်မှာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဆီးကျောက်တည်တာ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာလည်း လွန်စွာ များပြားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ ဆေးရုံတွေရဲ့ ခွဲစိတ်ကုသဆောင်ကို တက်ရောက် ကုသနေတဲ့ လူနာတွေရဲ့ ၂ဝ ရာခိုင်နှုန်း ခန့်ဟာ ဆီးကျောက်တည်မှုနဲ့ ဆက်စပ်နေပါတယ်။ အချို့လည်း ရောဂါရှိလို့ ရှိမှန်းမသိဘဲ နေနေကြတဲ့ သူတွေအတော်များများရှိမယ်လို့ ခန့်မှန်းရပါ တယ်။
ဆီးကျောက်တည်ရောဂါဖြစ်တဲ့အခါ ကျောက်အမျိုးအစားက တစ်ဦးနဲ့တစ်ဦးတူချင်မှ တူမှာပါ။ ဆီးကျောက်အမျိုးအစားကို ခွဲခြားရာမှာ ပါဝင်ဖွဲ့စည်းထားတဲ့ ဓာတုေ ဗဒပစ္စည်းပေါ် မူတည်ပြီး ခွဲခြားကြည့်နိုင်ပါတယ်။
အဓိက အဖြစ်အများဆုံး ဆီးကျောက် လေးမျိုးရှိပါတယ်။
1. Oxalate Stone 30 -35 ရာခိုင်နှုန်း
2.Phosphate Stone 15-20 ရာခိုင်နှုန်း
3. Uric acid Stone 6- 10 ရာခိုင်နှုန်း
4. Cystine Stone 2-3 ရာခိုင်နှုန်း
အချို့လည်း ဒီအမျိုးအစားတွေတစ်မျိုးနဲ့ တစ်မျိုးပေါင်းစပ်ပြီး နေလေ့ရှိပါတယ်။ ဒါကို တော့ Mixed Stone လို့ခေါ်ပါတယ်။ ဆီးကျောက်အားလုံးထဲမှာ အများဆုံးပါဝ င်နေ တာကတော့ Calcium လို့ခေါ်တဲ့ ထုံးဓာတ်ဖြတ် ပြီး Stone အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ ပါဝင်နေလေ့ရှိပါတယ်။
ဆီးကျောက်အမျိုးအစားလေးမျိုးရဲ့ ထူးခြား ချက်တွေက-
Oxalate Stone မှာအဓိကပါဝင်တာ ကတော့ Calcium နဲ့ Oxalate ဖြစ်ပါတယ်။ နှစ်ခုပေါင်းပြီးCalcium Oxalate Stone လို့ လည်း ခေါ်လေ့ရှိပါတယ်။အစား အသောက်ထဲမှာCalcium ချို့တဲ့ လာရင် Oxalate Crystal တွေဟာ အထိန်းမရှိ တဲ့အတွက် ဆီးလမ်းကြောင်းထဲမှာ အနည်ကျလေ့ ရှိပါတယ်။ ဆီးကျောက်ရဲ့ သဘာဝကိုကြည့်ရင် အနားတွေမှာ အချွန်အတက်တွေထွက်ပြီး အလွန် မာကျောတဲ့အတွက် ဆီးလမ်းကြောင်း တစ် လျှောက်မှာ သွေးယိုစီးစေပြီး ဆီးထဲမှာ သွေးတွေ ပါ တတ်ပါတယ်။ အင်မတန်မှ နာကျင်မှုကို ပေး ပါတယ်။ ခွဲစိတ်ပြီး ထုတ်ကြည့်ရင် အပြင်ပိုင်းမှာ သွေးတွေနဲ့ ဖုံးနေလို့ မည်းနေတတ်ပါတယ်။
Phosphate Stone မှာလည်း Calcium phosphate တို့ Magnesium Phosphate တို့ Ammonium Phosphate တို့ စသည်ဖြင့် အမျိုးမျိုးထပ်ခွဲနိုင် ပါတယ်။ Phosphate Stone ရှိရင် ဆီးလမ်းကြောင်းမှာ မကြာခဏဆိုသလို ပိုးဝင်တတ်ပါတယ်။ သူ့ရဲ့ အနားတွေဟာ ချော မွတ်နေတဲ့အတွက် သွေးထွက်တာကို မဖြစ်စေ တတ်ပါဘူး။ နာကျင်မှုမပေးတဲ့အတွက် မသိဘဲ နေတတ်ပါတယ်။ အရွယ်အစားလည်း ကြီးတတ် ပြီး ကျောက်ကပ်တစ်ခု လုံးပြည့်တဲ့အထိ ဖြစ်တတ် ပါတယ်။
Uric Acid Stone ကတော့ အလွန်မာကျော ပါတယ်။ မျက်နှာပြင်ကတော့ အချွန်အတက်တွေ ရှိလေ့မရှိပါဘူး။ များသောအားဖြင့် တစ်ခုတည်း မဟုတ်ဘဲ အများ အပြားဖြစ်လေ့ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ရိုးရိုးဓာတ်မှန်မှာ တွေ့ရလေ့မရှိပါဘူး။ဂေါက်ရောဂါရှိတဲ့သူတွေ မှာ အများဆုံး တွေ့ရပါတယ်။ သူ့ကိုကုရင် ရောဂါကို ကုမှပျောက်မှာဖြစ်ပါတယ်။Cystine Stone ကတော့ အားလုံးထဲမှာ အဖြစ် အနည်းဆုံးဖြစ်ပါတယ်။ များသောအားဖြင့် မျိုးရိုးလိုက်လို့ဖြစ် တတ်ပါတယ်။ တစ်ခုတည်း နေလေ့မရှိဘဲ အများအပြားရှိလေ့ရှိပါတယ်။ တဖြည်းဖြည်းကြီးလာပြီး Phosphate Stone လိုပဲ ကျောက်ကပ် တစ်ခုလုံး ပြည့်သွားတဲ့အထိ ကြီးလာ တတ်ပါတယ်။ Cystine မှာ Sulphate ပါတဲ့အတွက်ကြောင့်ရော အရွယ်အစားကြီးတဲ့ အတွက်ကြောင့်ရော တစ်ခုတည်းမနေဘဲ များများ ပူးကပ်နေ တဲ့အတွက် ကြောင့်ရော ဓာတ်မှန်ရိုက် ရင် အလွယ်တကူ တွေ့နိုင်ပါတယ်။
ဆီးကျောက်တည်ရင် ပြသလေ့ရှိတဲ့ ရောဂါ လက္ခဏာများ
ဆီးကျောက်တည်ရောဂါဖြစ်ပေမယ့်လည်း အချို့လူတွေမှာ ဘယ်လိုလက္ခဏာမှ မပြဘဲ နေနိုင်ပါတယ်။ ကျောက်ကပ်ဆိုတာက နှစ်ခုရှိ တော့ တစ်ခုနဲ့ပဲ အသက်ရှင်နို င်တဲ့အတွက် ကျောက်ကပ်တစ်ခုလုံး ပျက်စီးတဲ့အထိ ကျောက် တည်နေတာတောင် သိချင်မှသိမှာဖြစ်ပါတယ်။ဒါပေမဲ့ များသောအားဖြင့် ကျောက်တည် ရင် ရောဂါလ က္ခဏာတွေ ပြသလေ့ရှိပါတယ်။ ဖြစ်တဲ့ ကျောက်အမျိုးအစားရယ်၊ ဖြစ်တဲ့နေရာ ရယ်၊ အရေအတွက်အနည်းအများ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပူးတွဲဖြစ်ပေါ်လေ့ ရှိတဲ့ နောက် ဆက်တွဲ ပြဿနာတွေပေါ် မူတည်ပြီး
ရောဂါ လက္ခဏာများလည်း ကွဲပြားနိုင်ပါတယ်။များသော အားဖြင့်
– နောက်ကျောဘက်မှာ မခံမရပ်နိုင်အောင် နာကျင်လာမယ်
– ဆီးသွားရင် အနည်တွေပါလာမယ်
– အချို့လည်း ပြည်လိုလို အဖတ်တွေပါလာ မယ်
– ဆီးအရောင်အသွေးနီရဲလာမယ်ဆိုရင်
ဆီးကျောက်တည် ရောဂါဖြစ်နိုင်ဖို့ အလား အလာ များပါတယ်။ ဒါဆိုရင် နီးစပ်ရာ ဆေးပညာ ရှင်နဲ့ပြသပြီးရောဂါအမှန်ကို ရှာဖွေဖို့လိုပါ တယ်။ရောဂါရှာဖွေစမ်းသပ် ဖို့ စစ်ဆေးကြည့်မယ် ဆိုရင်ဆီးကျောက်အများစုကို ရိုးရိုးဓာတ်မှန်မှာ တွေ့နိုင်ပေမယ့် Uric Acid Stone လို ဆီး ကျောက်ကိုတော့ ရိုးရိုးဓာတ်မှန်မှာ မတွေ့နိုင်ပါ ဘူး။ အဲလိုအခါမျိုးမှာ ဆေးသွင်းပြီး ရိုက်တဲ့ ဓာတ်မှန်မှာမှ တွေ့နိုင်ပါတယ်။ ဒါ့အပြင် အခုခေတ်စားလာတဲ့ Ultra Sound ရိုက်ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။ ဆီးကျော က်ဝေဒနာရှင်တိုင်းဟာ မိမိရဲ့ဆီး ကျောက်ကို သေသေချာချာ တိတိကျကျသိနိုင်ဖို့ အတွက် အဲဒီ စမ်းသပ်မှုတွေကိုတော့ ဖြစ်နိုင်ရင် လုပ်သင့်ပါတယ်။ ဒါမှကုသတဲ့ အခါမှာ ပိုမို လွယ်ကူမှာဖြစ်ပါတယ်။
ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ Complications
ဆီးလမ်းကြောင်းမှာ ကျောက်တည် နေတာ ကို စနစ်တကျမကုဘဲထားရင်
၁။ ဆီးလမ်းကြောင်းထဲကို ရောဂါပိုးမကြာခဏ ဝင်ပြီး မကြာခဏဖျားနာခြင်း ဖြစ်တတ်ပါတယ်။ ဒီထက်ပိုဆိုးတာက ဒီပိုးတွေဟာ သွေးထဲကို ရောက်ပြီး အသက်ဆုံး ရှုံးတဲ့အထိ ဖြစ်နိုင်ပါ တယ်။
၂။ ကျောက်တဖြည်းဖြည်းကြီးလာပြီး ကျောက် ကပ်မှာရှိတဲ့ တစ်သျှူး(Tissue) တွေကို ဖျက်ဆီး ပစ်နိုင်ပါတယ်။ ကြာရင် ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။
၃။ ဆီးလမ်းကြောင်းကနေ မကြာခဏဆိုသလို သွေးတွေထွက်ပြီး ဆီးနဲ့အတူဆုံးရှုံးလေ့ရှိတဲ့ အတွက် နာတာရှည်သွေးအားနည်းရောဂါဖြစ် နိုင်တယ်။
၎။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်လာတဲ့အတွက် သွေးတိုးရောဂါဖြစ်တတ် ပါတယ်။
ဒါတွေကတော့ အဖြစ်များတဲ့ နောက်ဆက် တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဆီးကျောက်တည်ရောဂါ ဖြစ်ရပါ သလဲ။
ဆီးကျောက်တည်ရောဂါ ဖြစ်ရတဲ့အကြောင်း များစွာရှိပါတယ်။ အဓိကအားဖြင့် လွယ်ကူအောင် အုပ်စုကြီး နှစ်ခုခွဲနိုင်ပါတယ်။ပထမအုပ်စုကတော့ သူ့ မှာ နဂို ရောဂါ အခံရှိလို့ ဆီးကျောက်တည်ခြင်း ဖြစ်ပါ တယ်။ ဥပမာ- ဆီးလမ်းကြောင်းထဲကို ကျောက် တည်စေ နိုင်တဲ့Calcium တွေ Oxalate တွေ Uric Acid တွေ Cystine တွေများများ စွန့်ထုတ်ပေးတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဒါကိုတော့ သက်ဆိုင်ရာ ဆေးပညာရှင်များကသာ ရှာဖွေကုသပေးနိုင်မှာ ဖြစ်ပါတယ်။
ဒုတိယအုပ်စုကတော့ မိမိမှာ ဘာရောဂါမှ အခံမရှိဘဲနဲ့ အနေအထိုင်အစားအသောက် မှားယွင်းနေတဲ့အတွက် ဆီးကျောက်တည်ခြင်း ဖြစ်ပါတယ်။ဒါကိုတော့ မိမိဘာ သာ သိရှိနားလည်ပြီး ပြုပြင်နေထိုင်စားသောက်ခြင်းအားဖြင့် ဆီး ကျောက်တည်ရောဂါကနေ ကာကွယ်နိုင်ပါတယ်။ ဖြစ်ပြီးရင်လည်း သက်သာပျောက်ကင်းေ အာင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဆီးကျောက်တည်ရောဂါကို ကြိုတင်ကာကွယ် ခြင်း။
ဆီးကျောက်တည်ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့ဆိုရင် အဓိကအားဖြင့် ခြုံပြီး ပြောရရင်-
၁။ ရေများများသောက်ပါ၊ ရေကို ကျိုချက်ပြီး မှ သောက်ပါ။
၂။ ဟင်းသီးဟင်းရွက်များများစားပေးပါ။ အဝါ ရောင်ရှိတဲ့ အသီးအနှံတွေကို ပိုစားပါ။
၃။ အသားငါးကို ပုံမှန်သင့်တင့်စွာစားပါ။ အသားငါးစားတိုင်း အသီးအရွက်နဲ့ တွဲဖက်စား ပါ။
၎။ အငန်လျှော့စားပါ။
၅။ အချိုဓာတ်များတဲ့ အချိုရည်၊ ဂလူးကို့စ် သကြားစတာတွေကို ရှောင်ကြဉ်ပါ။
၆။ ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။
၇။ ကွမ်းယာစားတဲ့ အကျင့်ကို ရှောင်ကြဉ်ပါ။ စသည်တို့ပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့် မိမိရဲ့ အနေအထိုင် အစား အသောက်စတဲ့ ဘဝနေဟန်အပြုအမူတွေ မှား ယွင်းနေတယ်ဆိုရင် ပြောင်းလဲပြုပြင်ခြင်းဖြင့် ဆီး ကျောက်တည်ရော ဂါမဖြ စ်အောင် မိမိဘက်မှ တတ်စွမ်းသလောက် ကြိုတင်ကာကွယ်ထားနိုင် ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
ဒေါက်တာအောင်ဆန်းဝင်း
ဂျပန်အမျိုးသမီးတွေလို ကျန်းမာနုပျိုလှပလာစေမယ့် လျှို့ ဝှက်ချက်
Happy japanese woman tourist taking selfie in Nyhavn, Copenhagen
Gree Tea
Related image
Image result for Fermented Foods
ပင်လယ်စာ
Image result for japanese seafood
Image result for japanese seafood
တစ်ယောက်စာ ပန်းကန်
Related image
လမ်းလျှောက်ခြင်း
Image result for walking
အချိုစားမှုနည်း
Image result for dessert
Unicode
ဂျပန်နိုင်ငံဟာ လှပတယ်။ စိမ်းစိုနေတဲ့ တောင်တန်းတွေ ၊ အပြာရောင် ပင်လယ် ၊ ထင်ရှားတဲ့ ဓလေ့ရိုးရာတွေ နဲ့ အစားသောက်တွေ အားလုံးဟာ အပြစ်ပြောစရာကိုမရှိပါဘူး။ သင်ဟာ ဂျပန်နိုင်ငံကို ရောက်ဖူးသူဆို ဂျပန်အမျိုးသမီးတွေ ဘာကြောင့်နုပျိုလှပနေလဲဆိုတာကို သိချင်ကြမယ်ထင်ပါတယ်။
ဂျပန်တွေရဲ့လူနေမှုပုံစံဟာ ကျန်းမာနဲ့ညီညွတ်ပြီး လူကိုလည်းနုပျိုစေတယ်။ အဓိကကတော့ သူတို့စားသောက်တဲ့ အစားစာတွေရဲ့နုပျိုလှပမှုရဲ့ အဓိကအခြေခံ သော့ချက်ပဲဖြစ်ပါတယ်။ ဂျပန်တွေက အစားသောက်စားရာမှာ အရသာခံကို သိပ်မခံစားကြပါဘူး။ ကျန်းမာရေးအတွက် ဘယ်လိုအထောက်ကူပြုနိုင်မလဲဆိုတာကိုပဲ ကြည့်ပြီးစားသုံးကြတာများပါတယ်။ ဂျပန်အမျိုးသမီးတွေ ကျန်းမာလှပပြီး ခန္ဓာကိုယ်လေးတွေ သွယ်လျနေရတဲ့အကြောင်းရင်းကတော့
Gree Tea
သူတို့က Gree Tea ကို သိပ်ကြိုက်ကြပါတယ်။ Gree Tea အရသာလေးက ကောင်းသလောက် သူ့ရဲ့အကျိုးကျေးဇူးကလည်း အများကြီးပါပါတယ်။ ဒီ tea ဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်ပြီး အသက်ရွယ်ကြီးရင့်လာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ အရေးကြောင်းတွေ၊ ပါးရေတွန့်တာတွေကို လျော့ချပေးနိုင်ပါတယ်။ မလိုအပ်တဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ချေကိုလည်း ကာကွယ်ပေးနိုင်သတဲ့။ ၂ဝဝ၆ခုနှစ်က လေ့လာမှုကို JAMA မှာဖော်ပြထားတာတော့ ဂျပန်လူမျိုးတွေဟာgreen tea ကိုပုံမှန်သောက်ပေးတာကြောင့် အသက်လည်း ရှည်သလို ၊ ရောဂါတွေလည်း အဖြစ်နည်းကြတယ်။ တစ်နေ့ကို Gree Tea ငါးခွက်လောက်သောက်ကြပါတယ်။
အချဉ်ဖောက် အစားစာများ
သူတို့ရဲ့ရိုးရာအစားစာတွေဖြစ်တဲ့ kefir, kombucha, sauerkraut, miso, tempeh နဲ့ kimchi တို့ဟာ အချဉ်ဖောက်ထားတာများပါတယ်။ ဒီအစားစာတွေဟာ ခန္ဓာကိုယ်တွင်းရှိ ပိုးမွှားတွေကို သေစေနိုင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေကာ အဆီလည်းကျစေတယ်။ ဦးနှောက်အလုပ်လုပ်အားကိုလည်း ပိုမိုကောင်းမွန်စေတယ်လို့ သိရပါတယ်။
ပင်လယ်စာ
ဂျပန်တွေဟာ အသားတွေထက် ပင်လယ်စာ စားရတာကိုသိပ်ကြိုက်ပါတယ်။ ပင်လယ်စာတွေကို မျိုးစုံချက်စားပြီး အဓိကဟင်းလျာအဖြစ် သူတို့ဆီမှာသုံးဆောင်ကြပါတယ်။ သူတို့သိပ်ကြိုက်တဲ့ ငါးတွေဖြစ်တဲ့တူနာ ၊ ဆော်လမွန် ၊ မက်ကရယ်ငါး နဲ့ ပုဇွန်တို့ဟာ ဂျပန်မှာတော့ ရေပန်းစားဆုံးဟင်းလျာတွေပေါ့။
ငါးမှာ ပရိုတိန်းဓာတ် ၊ omega-3 ၊ fatty acids တို့ပါဝင်တာကြောင့် ဦးနှောက် ၊ နှလုံးနဲ့ ခန္ဓာကိုယ် အင်္ဂါအစိတ်ပိုင်းတွေအတွက် အထူးကောင်းမွန်စေပါတယ်။
တစ်ယောက်စာ ပန်းကန်
Related image
သူတို့ရဲ့တစ်ယောက်စာ ပန်းကန်ကို ကြည့်လိုက်ရင် နည်းနည်းလေးပဲပါတယ်။ နည်းနည်းပဲစားလေ ၊ ဝိိတ်များများကျလေပဲပေါ့။ သူတို့ဟာ ပန်းကန်သေးသေးလေးတွေနဲ့ ဟင်းလျာတွေစုံအောင် ချထားတတ်ပြီး မျှတအောင် စားကြတာဖြစ်ပါတယ်။ အလွန်ကျွံစားချင်စိတ်ကိုလည်း လျော့ချနိုင်သလို ကယ်လိုရီကိုလည်းထိန်းနိုင်သွားတာပေါ့။ အတတ်နိုင်ဆုံး စားသမျှ အစားစာတိုင်း လတ်ဆက်နေအောင်လုပ်တယ်။
လမ်းလျှောက်ခြင်း
ယောကျ်ားရော မိန်းမပါ လမ်းများများ လျှောက်ကြပါတယ်။ လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်ကျစ်လစ်စေပြီးသွယ်လျစေတာပါ။ ၀ိတ်ကျစေရုံသာမက နှလုံးရောဂါအဖြစ်နည်းစေပြီး အင်အားပြန်လည်ဖြည့်တင်းပေးကာ စိတ်ဖိစီးမှုတွေ ကင်းဝေးစေပါတယ်။ ဂျပန်မှာ လူဦးရေဟာ အလွန်များပြားတာကြောင့် ရုံးသွား ၊ရုံးပြန််ချိန်တွေဆို လူတွေကျပ်ပိတ်ညှပ်နေတာပါပဲ။ အရမ်းအဝေးကြီးမဟုတ်ရင် လမ်းလျှောက် ၊ စက်ဘီးစီးသွားကြတာများပါတယ်။
အချိုစားမှုနည်း
ဂျပန်တွေအတွက် မုန့်ပဲသရေစာ စားခြင်းဟာ သိပ်အရေးမပါဘူး။ ဂျပန်အမျိုးသမီးတွေဆို အချိုသိပ်မစားကြပါဘူး။ ဒါကြောင့် သူတို့ခန္ဓာကိုယ်လေးတွေ သွယ်လျလှပနေကြတာပါ။ အချိုဆို လတ်ဆက်တဲ့ သစ်သီးဝလံ အချိုမျိုးကိုပဲ သူတို့သဘောကျပါတယ်။ လျှာအရသာခံဖို့ထက် ကျန်းမာရေးကိုဦးစားပေးတာကြောင့် သူတို့ရဲ့နေထိုင်မှုဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး လှပနေကြတာဖြစ်ပါတယ်။
သွားပိုးစားခြင်းကို ထိရောက်စွာကာကွယ်ပေးမယ့် နည်းလမ်းလေးတွေ
အချိုစာ
Image result for food
လျှာတိုက်ပါ 
Unicode
သွားပိုးစားပြီး အခေါင်းပေါက်တွေဖြစ်လို့ သွားဆေးခန်းမှာ လေဆာနဲ့ပြန်ဖာနေရပြီလား။
အခေါင်းပေါက်ဖြစ်ရင် ဝင်သွားတဲ့အစာတွေကြောင့် ခံတွင်းနံဆိုးတွေဖြစ်စေပြီး လူတွေနဲ့စကားပြောရာမှာလည်း မဝံ့မရဲဖြစ်စေပါတယ်။ အခုချိန်ကစပြီး ယုံကြည်မှုရှိရှိ စကားပြောဆိုနိုင်ဖို့ အသုံးဝင်မယ့်
နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။
အချိုစာ
Image result for food
တတ်နိုင်သမျှ ချိုတဲ့အစားစာတွေ လျော့ပါ။အရမ်းချိုလွန်းတဲ့ အစားစာတွေဟာ သွားတွေကိုပျက်စီးစေပါတယ်။ ကိတ်တွေ၊ သကြားလုံးတွေ ကြိုက်သူဆို ဒါလေးတွေ သတိထားပါနော်။ တစ်ခါတစ်လေစားတာဘာမှမဖြစ်ပေမယ့် အမြဲစားမယ်ဆို သွားအတွက် ထိခိုက်နိုင်ပါတယ်။
တစ်နေ့ နှစ်ခေါက်သွားတိုက်ပါ
ထမင်းစားပြီးတိုင်း သွားတိုက်ဖို့ အဆင်မပြေရင်တောင် မနက်တစ်ခါ ၊ ညတစ်ခါတော့ ပုံမှန်သွားတိုက်ပေးဖို့လိုပါတယ်။ ညဘက်အိပ်ခါနီး သွားတိုက်ဖို့ကိုတော့ မပျက်မကွက်လုပ်ဆောင်ပေးသင့်ပါတယ်။ တစ်နေကုန်စားထားသမျှ အစားစာတွေကို ညမှာမသန့်ရှင်းဘူးဆိုရင် ဘတ်တီးရီးယားတွေပေါက်ဖွားပြီး သွားပိုးစားခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွားတိုက်တဲ့အခါ အားနဲ့ဖိမတိုက်ဖို့လည်း လိုပါတယ်။
လျှာတိုက်ပါ
Image result for Brush your tongue.
သွားတိုက်ရင် လျှာကိုပါတိုက်ပေးဖို့ မမေ့နဲ့နော်။ လျှာမှာလည်း မမြင်နိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေ ကပ်တွယ်နေတတ်ပါတယ်။ ဒါကြောင့် သွားတိုက်ရင်း လျှာတိုက်ပေးဖို့က အလွန်အရေးကြီးပါတယ်။
အသေးမွှားလေးတွေ ဂရုစိုက်ပါ
ဘာမှမဟုတ်ပါဘူးဆိုပြီး ပစ်ထားလိုက်တာကနေ ကြီးကြီးမားမားတွေ မဖြစ်သွားစေဖို့ ကိုယ့်ရဲ့ခံတွင်းကိုသေချာဂရုစိုက်ပါ။ စစ်ဆေးပါ။ သင့်ရဲ့သွားဖုံးဟာ အရောင်ပြောင်းနေတာတို့၊ နာကျင်နေတာတို့ဆို မပေါ့ပါနဲ့။ ဆေးခန်းသွားပြပေးပါ။
green or black tea သောက်ပေးဖို့လို
Image result for green or black tea
green or black tea တွေဟာ သွားကျန်းမာရေးအတွက် အများကြီးထိရောက်မှုရှိစေပါတယ်။ သွားပိုးစားခြင်းကို အကောင်းဆုံးကာကွယ်ပေးပါတယ်။ ထမင်းစားပြီးတိုင်း green tea လေးသောက်ပေးမယ်ဆို ခံတွင်းနံဆိုးတွေကိုလည်း လျော့စေမှာပါ။
ခံတွင်းကျန်းမာရေးအတွက် အသီးနှံ့
သွားခံတွင်း ကျန်းမာရေးကိုကောင်းမွန်စေမယ့် အသီးနှံ့တွေ၊ အစားစာတွေ အများကြီးရှိပါတယ်။
ဥပမာ ပန်းသီးမှာဆို အချိုဓာတ်ပါဝင်နေပေမယ့် သွားဖုံးချေးတက်ခြင်းနဲ့ ဘတ်တီးရီယားပေါက်ဖွားမှုနှုန်းကို အကောင်းဆုံးလျော့ချပေးနိုင်ပါတယ်။
တစ်နှစ်တစ်ခါ သွားဆေးခန်းပြဖို့လို
ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်တစ်ခါလောက်တော့ သွားဆေးခန်းသွားပြီး မိမိခံတွင်းကျန်းမာရေးကို
စစ်ဆေးသင့်ပါတယ်။ သွားရမှာမပျင်းပါနဲ့။ တကယ်တမ်းဖြစ်တော့မှ ကုသမယ်ဆို ဒီထက်ပိုကုန်ကျပါလိမ့်မယ်။ မဖြစ်ခင်တည်းက ကြိုကာကွယ်ရင် အချိန်ကုန်၊ ငွေကုန်သက်သာသလို သင်လည်း စိတ်မဆင်းရဲရတော့ပါဘူး။
ကင်ဆာကို ကာကွယ်တဲ့ ဂေါ်ဖီထုပ်
 ဈေးချိုချိုနဲ့ ဝယ်ယူစားသုံးနိုင်တဲ့ ဂေါ်ဖီထုပ်ဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်ကြောင်း ဝမ်းမြောက်ဖွယ်တွေ့ရှိရ
ဂေါ်ဖီ ခေါ် မုန်လာထုပ်၊ ဘရိုကိုလီ ခေါ် ပန်းမုံလာစိမ်း အပါအဝင် ဟင်းသီးဟင်းရွက်တချို့ဟာ အူကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက စမ်းသပ်တွေ့ရှိအတည်ပြုလိုက်ကြပါပြီ။
ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်တွေဟာ အူလမ်းကြောင်းအတွက် ကောင်းကျိုးပြုတဲ့အစာတွေ ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒါကို အားလုံးက အငြင်းပွားသူမရှိ သဘောတူညီထားခဲ့ကြတာ ကြာလှပါပြီ။ ဒါပေမယ့် အူကင်ဆာ၊ အူမကြီးကင်ဆာတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့ အဆင့်အထိ သက်သေပြဖို့ကိုတော့ အရင်က နည်းနည်းအခက်တွေ့ခဲ့ကြပါတယ်။ သတင်းကောင်းကို ပြောရရင် အခုတော့ အတည်ပြုလိုက်နိုင်ပါပြီ။ ဘာ့ကြောင့် ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာကိုလည်း အခုတော့ ချက်နဲ့လက်နဲ့ ကျကျနနရှင်းပြနိုင်ခဲ့ကြပါပြီ။
ဟင်းသီးဟင်းရွက်တွေ အစာခြေကြေညက်သွားချိန်မှာ ကင်ဆာဆန့်ကျင် ဓာတုပစ္စည်းတွေကို ထုတ်လုပ်ပေးကြောင်း Francis Crick Institute သုတေသန အဖွဲ့က သက်သေပြလိုက်နိုင်တာပါ။
ဟင်းသီးဟင်းရွက်ကို ဘာ့ကြောင့် ပိုစားသင့်သလဲလို့ မေးလာရင် အကြောင်းပြစရာ အချက်တွေ တပုံတပင်ပဲလို့ Cancer Research UK ကလည်း ပြောပါတယ်။
ဟင်းသီးဟင်းရွက်တွေဟာ အူနံရံကို ဘယ်လိုပြောင်းလဲပေးနိုင်ကြောင်းကို အဓိကထားပြီး Francis Crick Institute ကသုတေသနလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနကို ကြွက်တွေနဲ့ စမ်းသပ်ခဲ့သလို ဓာတ်ခွဲခန်းမှာ လုပ်ထားတဲ့ အူမကြီးပုံစံတူတွေနဲ့လည်း စမ်းသပ်ခဲ့ပါတယ်။
အူမကြီးနံရံရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေ အများအပြားရှိတဲ့အနက် တချက်က လူ့အရေပြားအလုပ်လုပ်ပုံနဲ့ ဆင်တူနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ အ ရေခွံလဲတတ်တဲ့ အချက်ပါ။ လူဟာ မြွေတွေလို အရေခွံလဲတတ်တယ်ဆိုရင် တချို့က အံ့သြကောင်း အံ့သြကြပါလိမ့်မယ်။ လူတွေရဲ့ လက်တွေ ခြေတွေမှာ အရေခွံကွာတာဟာ မြွေတွေ အရေခွံလဲတာနဲ့ သဘောသဘာဝချင်း အတူတူပါပဲ။ အူမကြီးရဲ့ နံရံမှာလည်း အဲသလိုပဲ အဟောင်းပြိုပျက်ပြီး အသစ်အစားထိုးတဲ့ ဖြစ်စဉ်ဟာ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ အူနံရံ အသစ်လဲတယ်၊ အူနံရံ အပွေးတက်တယ်၊ အူနံရံ အသားနုတက်တယ် စသဖြင့် ခေါ်ဝေါ်ရင် မမှားဘူးထင်ပါတယ်။ အဲသလို အူနံရံအရေပါး အသစ်လဲတဲ့ ဖြစ်စဉ်ဟာ ၄ ရက် ၅ ရက်လောက်အချိန်ကြာပါတယ်။ ဒီအူနံရံ အရေပါး တောက်လျှောက် အသစ်လဲ အစားထိုးတဲ့ဖြစ်စဉ်ဟာ မှန်ကန်တဲ့ လုပ်ငန်းစဉ်ဖြစ်အောင် ထိန်းသိမ်းဖို့ လိုပါတယ်။ အလုပ်လုပ်ပုံမမှန်ရင် ကင်ဆာဖြစ်နိုင်ပါတယ်။ အူရောင်နိုင်ပါတယ်။
အဲသလို ပုံမှန်အလုပ်လုပ်ရေးမှာ မုန်လာနွယ်ဝင် ဟင်းသီးဟင်းရွက်တွေက ထွက်တဲ့ ဓာတ်ပစ္စည်းဟာ မပါမဖြစ်လောက်အောင်ကို အရေးပါနေတယ်လို့ Immunity ဆေးပညာ ဂျာနယ်က ထုတ်ဖော်ရေးသားလိုက်ပါတယ်။
ဒေါက်တာဘရိုကိုလီလို့ နာမည်ကြီးတဲ့ ဘရိုကိုလီ ခေါ် ပန်းမုန်လာစိမ်းဟာ ကင်ဆာကို ကာကွယ်ကြောင်း အတည်ပြုနိုင်ပြီ
မီးဖိုချောင်မှသည် ကင်ဆာကာကွယ်ရေးသို့
ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်တွေကို အစာခြေလိုက်တဲ့အခါမှာ အင်ဒိုးသရီးကာဘင်နော ဆိုတဲ့ ဓာတ်ပစ္စည်းထွက်ပါတယ်။ ဟင်းချက်တဲ့ အခါ အဲဒီ အင်ဒိုးသရီးကာဘင်နော ဓာတ်ကို မပျက်မစီးအောင်ထိန်းသိမ်းဖို့လိုပါတယ်။ ဘယ်လို ထိန်းသိမ်းရမလဲဆိုတော့ “အကျက်လွန်အောင် မချက်၊ မကြော်ပါနဲ့။ ဘရိုကိုလီလို့ခေါ်တဲ့ ပန်းမုံလာစိမ်းတွေကို ချက်ရင် ပျော့ဖတ်နွမ်းအိသွားအောင် မချက်ကြပါနဲ့။” လို့ သုတေသီ ဒေါက်တာ ဂီတစတော့ကင်ဂါက အကြံပေးပါတယ်။
ဂေါ်ဖီတို့ ဘရိုကိုလီတို့ကို စားလိုက်တဲ့အခါ အဲဒီမှာပါတဲ့ အင်ဒိုးသရီးကာဘင်နောဓာတ်ကို အစာအိမ်ထဲက အက်ဆစ်ကမွမ်းမံပြုပြင်လိုက်ပါတယ်။ အဲသလို မွမ်းမံပြုပြင်ပြီးနောက်မှာတော့ သူဟာ အစာခြေစနစ်အတိုင်း ဆက်လက်ခရီးနှင်ပါတယ်။
 ကင်ဆာ အဖုအကျိတ်ထွက်စပြုတဲ့ ကြွက်တွေကိုတောင် ဟင်းသီးဟင်းရွက်ထည့်ကျွေးပြီး အင်ဒိုးသရီးကာဘင်နော ဓာတ်ရအောင် လုပ်ပေးလိုက်တဲ့အခါ အဖုအကျိတ်ဟာ ဆက်ကြီးမလာတော့ဘဲ ရပ်သွားတာတွေ့ရပါတယ်
    ဒေါက်တာဂီတစတော့ကင်ဂါ
အူမကြီးအောက်ပိုင်းကိုရောက်သွားတဲ့အခါ အဲဒီအာဟာရဟာ ပင်မကလာပ်စည်း stem cell ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ ဟန်ပန်ကို ပြုပြင်ပြောင်းလဲပေးပါတယ်။
ပင်မကလာပ်စည်းဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ သန္ဓေသားပထမအဆင့်မှာတွေ့ရတတ်တဲ့ ကလာပ်စည်းမျိုးပါ။ အဲဒီပင်မကလာပ်စည်းကနေ လူ့ခန္ဓာကိုယ်ရဲ့ တခြား အင်္ဂါ အသီးသီးက ကလာပ်စည်းတွေကို ဆင့်ပွားထုတ်လုပ်နိုင်လို့ သူ့ကို ပင်မကလာပ်စည်းလို့ ခေါ်ပါတယ်။
ပင်မကလာပ်စည်းတွေဟာ အူနံရံအသစ်လဲတာကိုလုပ်သလို ရောင်ရမ်းခြင်းကို ထိန်းတဲ့ ခုခံအားကလာပ်စည်းတွေ အသစ်လဲတာကိုလည်း လုပ်ပါတယ်။
 ကေးလ် အရွက်ဟာလည်း ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်ဖြစ်ပြီး အင်ဒိုးသရီးကာဘင်နောဓာတ်ထုတ်လုပ်ပေးနိုင်
သုတေသနပြုလေ့လာချက်တွေအရ အင်ဒိုးသရီးကာဘင်နော ဓာတ်ကြွယ်ဝတဲ့ အစာတွေဟာ ကြွက်တွေကို ကင်ဆာမဖြစ်အောင် အကာအကွယ်ပေးတာတွေ့ရပါတယ်။ မျိုးဗီဇအရ ကင်ဆာဖြစ်နိုင်ခြေများတဲ့ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အဲသလိုကြွက်တွေကိုတောင်မှ အင်ဒိုးသရီးကာဘင်နောက အကာအကွယ်ပေးသွားတာကို တွေ့ရပါတယ်။
အင်ဒိုးသရီးကာဘင်နောဓာတ်နဲ့ အကာအကွယ်ပေးမထားတဲ့အခါမှာတော့ အူအတွင်းက ကလာပ်စည်းတွေဟာ ထိန်းမရဘဲ ပြိုကွဲကုန်တာကို တွေ့ရပါတယ်။
“ကင်ဆာ အဖုအကျိတ်ထွက်စပြုတဲ့ ကြွက်တွေကိုတောင် ဟင်းသီးဟင်းရွက်ထည့်ကျွေးပြီး အင်ဒိုးသရီးကာဘင်နော ဓာတ်ရအောင် လုပ်ပေးလိုက်တဲ့အခါ အဖုအကျိတ်ဟာ ဆက်ကြီးမလာတော့ဘဲ ရပ်သွားတာတွေ့ရပါတယ်” လို့ ဒေါက်တာ စတော့ကင်ဂါက ပြောပါတယ်။
အူကင်ဆာဖြစ်ခဲ့ရင်
    မစင်ထဲမှာသွေးပါတာကို ရပ်အောင်လုပ်ဖို့ခက်ခဲတာ
    အူလမ်းကြောင်းရဲ့ အလုပ်လုပ်ပုံမူမမှန်တာ၊ အိမ်သာ ခဏခဏတက်ရတာမျိုး
    ဗိုက်နာတာ၊ ဗိုက်တင်းပြည့်အင့်ပြီး မအီမသာဖြစ်တာမျိုး
စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
ဒေါက်တာ ဂီတ စတော့ကင်ဂါ ကတော့ အခုထွက်လာတဲ့ ရလဒ်ကို ကျေနပ်အားရနေပါလေရဲ့။ သူဟာ အခုဆိုရင် အစာကိုလျှော့စားပြီး ဟင်းသီးဟင်းရွက်များများစားနေတယ်လို့ ပြောပါတယ်။
“ပန်းမုံလာစိမ်းနဲ့ ဂေါ်ဖီထုပ်လို ဟင်းသီးဟင်းရွက်တွေမှာ ဖိုင်ဘာပါတယ်ဆိုတာကို ကျွန်တော်တို့ စောစောကတည်းကသိခဲ့ကြပြီးသားပါ။ အခုတော့ သူတို့ဟာ အူကင်ဆာအန္တရာယ်ကိုပါလျှော့ချပေးနိုင်ကြောင်း အခုကြွက်တွေနဲ့ စမ်းသပ်ချက်အရ သိလိုက်ရပါပြီ။ အဲဒီဓာတ်ပစ္စည်းဟာ လူတွေမှာလည်း ကြွက်နဲ့ တန်းတူ အကျိုးသက်ရောက်မှုရှိမရှိဆိုတာကို နောက်ထပ်စမ်းသပ်ချက်တွေ လုပ်ပြီးရင် တိတိကျကျသိရပါမယ်။ လောလောဆယ်သိရသလောက်ကို ပြောရမယ်ဆိုရင်လည်း ဟင်းသီးဟင်းရွက်ကို များများစားသင့်ကြောင်းကိုတော့ ကျိုးကြောင်းချက်လက်နဲ့တကွ သိလိုက်ရပါပြီ” လို့ Cancer Research UK အဖွဲ့က ပါမောက္ခ တင်မ်ကီးကပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese