Category Archives: ကဗျာ

အမေ့စာ

အသားသည်တွေ၊ ငါးသည်တွေရဲ့ ရွှေခေတ်ကို ရောက်နေပေပြီပဲ။ ဟင်းရွက်သည်တွေကလည်း ခေါင်းမော့လို့။

တက်လာတဲ့ ဈေးနှုန်းတွေကိုကြည့်ပြီး ကဗျာဆရာ ရင်မောမိတယ်။ နေ့တိုင်း ဈေးသွားနေရတဲ့ ကဗျာဆရာ့ကတော်ကတော့ နှလုံးရောဂါတောင် ရနေပြီလား မသိဘူး။

17.jpg

လစဉ် အသက်၀၀ မရှူနိုင်လွန်းလို့ တောကအမေ့ဆီ ပြန်ပြေးချင်တဲ့ စိတ်တွေ ပေါက်နေမိတယ်။ ဒါပေမဲ့လည်း စိတ်သွားတိုင်း ကိုယ်ကမပါနိုင်ပြန်တော့ ဒီလိုပဲ ဖုတ်လိုက်ဖုတ်လိုက်နဲ့ နေကြရတာပေါ့။ ဘ၀တွေဟာလည်း တက်ဈေးတွေထဲမှာ နစ်မွန်းလို့။
*** *** ***

ဘ၀ခါးခါးကို
ကဗျာများစွာစပ်ပြီး
ချိုမြိန်တတ်ခဲ့ပြီ။

ကဗျာဆရာဟာ ဟိုတုန်းကတော့ ဒီလိုပဲ ကြွေးကြော်ခဲ့ဖူးပါရဲ့။ ခုတော့ ဒီလို ကြွေးကြော်တာဟာ သူမှဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်နေသေးတော့တယ်။

ဒီလိုနဲ့ ခါးသီးမှုတံတားငယ်၊ တံတားကြီးတွေကို နင်းလျှောက် ကျော်ဖြတ်သွားရင်း၊ တစ်နေ့မှာတော့ ကဗျာဆရာ့ဆီကို စာတစ်စောင် ရောက်လာတယ်။ သိပ်ပြီး ရေးလေ့ရေးထမရှိတဲ့ တောက အမေရဲ့စာပေါ့။

ကဗျာဆရာလည်း အမေ့ကို လွမ်းစိတ်နဲ့ စာကို ဖတ်လိုက်တော့ မာကြောင်းသာကြောင်း၊ အမေလက်လှမ်းမီတဲ့ ဈေးနှုန်းတွေအကြောင်း စသဖြင့် ဒါတွေကို အလျင်ဖတ်ရတယ်။

အဲ၊ နောက်ဆုံး အဆုံးသတ်လည်း ဖတ်ရရော ကဗျာဆရာ တော်တော် အံ့သြသွားမိတယ်။ ဘာကို အံ့သြသလဲဆိုတော့ သူ့အမေရဲ့ ကတ်ကတ်သတ်သတ် အတွေးနဲ့ ရေးထားတဲ့ မေးခွန်းလေးကိုပေါ့။

ကြည့်လေ … ။

“သားရေ၊ ကဗျာတွေကော
ဈေးတက်ရဲ့လားကွယ်” … တဲ့။

( 1993 )
ဆောင်းဖြူ

သဘာဝအလျောက် ရင်သားကြီးထွားအောင် လုပ်နည်း (၃) နည်း

breast_enhancement_and_yoga_zzic8_5kydp

သင်ဟာ ရင်သားသေးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အစားထိုးကုသရန်လည်း စိတ်ကူးမရှိပါက ဖြေရှင်းနည်းတစ်ခုရှိပါတယ်။ ဒီနေ့စဉ် အလေ့အကျင့် (၃) ခုနဲ့ သင့်ရင်သားကို သဘာဝအလျောက် ကြီးထွားအောင် လုပ်ယူနိုင်ပါတယ်။

၁။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပါ

ကြီးမားကျစ်လစ်တဲ့ ရင်သားပိုင်ဆိုင်လိုပါက သင့်ခန္ဓာကိုယ်ကို estrogen နဲ့ progesterone လို အမျိုးသမီးဟော်မုန်းများဖြင့် သဘာဝနည်းဖြင့် ဖြည့်စွမ်းပေးပါ။ အသား၊ ငါးနဲ့ ကြက်ဥစသော ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကြောင့် အရင်ထက် ပိုမိုကြီးမားတဲ့ ရင်သားကို ရရှိနိုင်ပါတယ်။ ဟင်းသီးဟင်းရွက် ပိုကြိုက်နှစ်သက်ပါက ကွေနိုအာ (quinoa)၊ ပဲ၊ အခွံမာအစေ့၊ ဟင်းနုနွယ်နဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေ စားဖြစ်အောင် စားပါ။

၂။ အမျိုးသမီးဟော်မုန်းမျိုး (estrogen) ကြွယ်ဝတဲ့ အစားအစာများ စားပါ

သဘာဝအရ ဟော်မုန်းအပြောင်းအလဲများက အန္တရာယ်မရှိပါဘူး။ ဒီတော့ နေ့စဉ်အစားအသောက်စာရင်းထဲမှာ ခန္ဓာကိုယ်အတွင်း estrogen ပမာဏတိုးမြင့်ပေးတဲ့ အစားအစာတွေ ထည့်သွင်းနိုင်ပါတယ်။ နှမ်းကြတ်စေ့၊ နေကြာစေ့၊ ပဲပုပ်၊ ကြက်ဥနဲ့ ပဲတောင့်ရှည်ပဲမျိုးတွေမှာ ဒီအကျိုးသက်ရောက်မှု ရှိပါတယ်။

၃။ သွေးလည်ပတ်မှုတိုးမြင့်ပေးတဲ့ အစားအစာများ စားသုံးပါ

အသားရေလှပခြင်းနဲ့ အရေပြားအောက် အဆီဆဲလ် လျှော့နည်းစေခြင်းအပြင် သွေးလည်ပတ်မှုကောင်းမွန်ခြင်းက သင့်ရင်သားကို ရင်သပ်ရှုမောဖွယ် ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အပန်းဖြေမှုအပြင် ကြက်သွန်နီ၊ ချောကလက်အမည်း၊ ဂျင်း၊ ရှောက် သံပုရာမျိုးဝင်အသီး၊ အုတ်ဂျုံ၊ ထောပတ်သီးနဲ့ ဖရဲသီး/သခွားသီးတွေကို မကြာခဏ စားပေးပါက ဒီအကျိုးသက်ရောက်မှု ရရှိနိုင်ပါတယ်။

Ref: FLA

“ ဝေမြဲ.နှင်းဆီ ”

ဟိုတုန်းက ပြပွဲတွေမှာ

နှင်းဆီတပွင့်ပုံ တင်ချိတ်ရုံနဲ့

ပန်းချီကားလည်း အဖြုတ်ခံရ

ရေးဆွဲသူလည်း အစစ်ခံရတယ်

.

မိခင်က ရင်သွေးကို


နို့ချိုကျွေးမယ်

ဘာအဓိပ္ပာယ်လဲ မေးစရာလား

.

မိခင်က ရင်သွေးကို

အသက်ကယ်ပေးမယ်

ဘာရည်ရွယ်လဲ မေးစရာလား

.

ပုဆိန်ရိုး ..တဲ့
ချိုးဖဲ့တိုင်း ကြွေရရင်

ဝေပြစရာတောင် ကျန်မှာမဟုတ်

.

ခုတော့

ပုံတူကိုယ်ပွားတွေ တောလုံးဝေပြီ

.

အို..နှင်းဆီ…

ရန်လိုတိုက်ခိုက်သူများအတွက်

ဘယ်လိုရင့်ကျက်
ရက်စက်ရိုင်းစိုင်းမှုများကို

ဘယ်လို ဖြတ်ကျော်

သူ့ကျင့်စဉ်အလှ

ကမ္ဘာမြေရဲ့ သင်ရိုးအဖြစ် ပြဌာန်းရပြီ ။

.

ဝေမြဲ.နှင်းဆီ

ဣနြေ္ဒ္ဒဖြင့် ရှေ့ကိုပဲကြည့်နေသည်။…….။

.

#မင်းကိုနိုင်

(၁၉/ဇွန်/၂၀၁၆)

ဒါမှငါ့သမီး

2.jpg

မိခင်၏နှောင်ကြိုးကိုဖြေပါအံ့

သည်းစွာသောအနာကို ကုစားပါအံ့

သမီး၏ လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့…

မွေးကျေးဇူးကို မသိတတ်သော

ထိုထိုသောသူတို့အား

သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို

သမီးအားပေးပါလေ…

တွေ့ရအံ့သော ဘေးရန်တို့ကို

သမီးထီမည်မဟုတ်…

တစ်ဘ၀တွင် တစ်ခါသာသေရသည်ဖြစ်၍

အဘယ်နည်းနှင့်သေရသည်ဖြစ်စေ

သမီး၌မထူးခြား…

သမီး၏ စိတ်ကူးတို့သည်

အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်

အသင်တို့သည်လည်း ပျော်မြူးကြရမည်…

အခြားအခြားသော သူတို့၏

ရှုတ်ချခြင်း

ကဲ့ရဲ့ခြင်း

မုန်းတီးရွံ့ ရှာခြင်း

နာမည်ဖျက်ခြင်းတို့ကို

သမီး အလျဉ်း ဂရုမပြု…

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော

ကျုးရင့်သံကိုသာ တောင့်တပါ၏…

လောကတွင် မိခင်၏ ကျေးဇူးကို

အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

‪#‎ဒေါ်အောင်ဆန်းစုကြည်‬

နူတ်ခမ်းနီမလေးအတွက်


နူတ်ခမ်းနီမလေးတွေကို ငေးတယ်ဒါပေမယ့် .. သနပ်ခါးမလေးတွေကို ရွေးတယ်

ဆံနီမလေးတွေကို ကြည့်တယ်

ဒါပေမယ့် .. ဆံကျစ်ကလေးတွေဆို ငြိတယ်
sexy လေးတွေကို တပ်မက်တယ်ဒါပေမယ့် .. အိနြေ္ဒရှင်လေးကိုပဲ လက်ထပ်တယ်
အတို အဟိုက်လေးတွေဆို မျက်ဝန်းမှာ ဝဲနေတယ်ဒါပေမယ့် .. ရင်ဖုံး လုံချည် လေးတွေပဲ ရင်တွင်းမှာ စွဲစေတယ်လရောင်အောက်က ချစ်သူဆို မက်မဆုံး ကြည်နူးတယ်ဒါပေမယ့် .. နေရောင်အောက်က ချစ်သူကိုပဲ တစ်သက်လုံး ရည်စူးတယ်
၃ နှစ် ၃ မိုးခေတ် မဟုတ်တော့လို့

၃ ရက် ၃ မိနစ် အချစ်ကို ကြည်နူးတယ်

ဒါပေမယ့် စံပယ်တွေ လွယ်လွယ်ပွင့်ရင်

လွယ်လွယ်လေးပဲ လွှင့်ပစ်တတ်ကြတယ်
မိန်းကလေးရေ !!

မင့် ဘယ်လောက်ပဲ ဖလန်းဖလန်း ထထ

လူပျိုတွေ တမ်းတမ်းတတ စာရင်းထဲတော့

မင်း … မပါဘူး !

အချစ်ရှင်းတမ်း

**ရူပ်ခဲ့ဘူးသည်****ရူပ်ခဲ့ဘူးသည် ………ဟိုတစ်ချိန်က

ရည်းစားလည်း၇ှိခဲ့ဖူးတယ်……..

ဟိုအတိတ်က…

မချစ်ချင်ဘဲ ချစ်ခဲ့ဖူးတယ်……….ဟိုတစ်ခါကအချစ်စစ်ကိုတွေ့ခဲ့ဘူးတယ်……….

မင်းနဲ့ကျမှ…………………… တွေ့တော့မှကိုယ်အချစ်ကို………….

မင်းကရူပ်တယ်ဆိုပြီး………..ရက်စက်မှာလားရည်းစားရှိခဲ့ဘူးတယ်ဆိုပြီး……..ထားခဲ့မှာလားချစ်ခဲ့ဘူးသူဆိုပြီး……………မယုံတော့မှာလားမင်းသဘောပါချစ်သောသူရာ…မင်းဆွဲချက်လို ငါကိုယ်တိုင်လည်းမှား ခဲ့ဖူးတော့ မင်းသဘောပေါ့………….. နုနယ်တဲ့…….. ကိုယ်အသည်းမှာတော့ကနာရ……..မြက်ပင်လေးလိုရင်ထဲမှာ………

နွမ်းလျှကာ………………….. ကြေကွဲရပါ ပေါ့ဒီအသည်းလေ မသေဆုံးခင် ပြောချင်ပါတယ် ချစ်သောသူရယ်…

ငါတစ်ကယ်ချစ်တာ…..မင်းကိုယ်ပါ

ငါတစ်ကယ်မြတ်နိုးတာ….

မင်းကိုယ်ပါ

ငါတစ်ကယ်ပေးဆပ်ချင်တာ….

မင်းကိုပါ

 ကိုယ်လိုလူကို မသနားရင်တောင်….. နုနယ်တဲ့ ကိုယ်အသည်းကို…………….

သနားပေးပါ …………ချစ်သောသူရာ

ချစ်ခွင့်ပေးပါ ……ချစ်သောသူရာ နားလည်းပေးပါ……..ချစ်သောသူရာစာနာသနားလှည့်ပါ..ချစ်သောသူရာ ကိုယ်တိုင်ရှင်းတဲ့ဒီစာတမ်းကို………..

 မင်းမယုံမှာ ကြောက်မိပါရဲ့…..နှောက်ကွယ်ရာမှာ

မင်းဟားနေမှာ………… ရှက်မိပါရဲ့

ဒါပင်မဲ့……………………………

“ကြိုက်မရှက်ငိုက်မရှက်တော့ပါဘူး”

ငါချစ်တာမင်းလေးပါ…………………..

သနားစွာနဲ့ ချစ်ခွင့်ပေးပါ …………..

ချစ်သောသူရာ………………………….

မင်း အချစ်တွေကိုမျှော်လင့်နေမှာ မင်းသိမှာပါ။            

                                            ဒီပကျော်(နည်းပညာ)

*** ငါသေသွားခဲ့ရင် ***

  
• ငါ့ကို ထွေးပွေ့ မထားပါနဲ့ ..

ဘာခံစားချက်မှ မရှိတော့လို့ပါ..
• ငါ ကြိုက်တတ်တဲ့ ပစ္စည်းတွေ ယူမလာပါနဲ့ ..

ငါ သုံးလို့ မရတော့လို့ပါ ..
• ငါ သိချင်ခဲ့တဲ့ အဖြေတွေ လာပြောဖို့ 

မစဉ်းစားပါနဲ့ ..

မနားဆင်နိုင်တော့လို့ပါ ..
• ငါ့ ကို တောင်းပန်ဖို့ စကားမဆိုပါနဲ့တော့ ..

ခွင့်လွှတ်ဖို့ ပြန်နိုးမထ နိုင်တော့လို့ပါ ..
** အတူရှိနေချိန်လေးကို အကောင်းဆုံး ဖန်တီးပေးကြပါ **

ပျော်ရွှင်သော ဘဝလေးတွေ ပိုင်ဆိုင်ကြပါစေ

( ကိကိ ) 

Photo credit : Line

ကျုပ်ပြောမယ်….ဒေါ်အောင်ဆန်းစုကြည်

  
ဒီမယ်ကျုပ်ပြောမယ်
ဒေါ်အောင်ဆန်းစုကြည်
ခင်ဗျား မျက်လုံးခွဲတယ်

နားနေရမယ် လို့

ဆရာဝန်ပြောတယ်
ခင်ဗျား မနားဘုး

သင်္ကြန်ရက်တွေမှာ

ရုံးတက်ပြီး

အလုပိတွေလုပ်နေတယ်
ဒုတိယအကြိမ်

ယာဘက်မျက်လုံးခွဲတယ်

တပတ်ပဲကွာတယ်

ပထမ ဝဲဘက်ခွဲတဲ့နေ့နဲ့
နားနေရပါ့မယ်လို့

ဆရာဝန်ပြောတယ်

ခင်ဗျား နားမထောင်ခဲ့ဘူး

တိုင်းပြည်

ပြည်သူကို နှစ်သစ်ကူး

စကားပြောခဲ့တယ်
အခုလည်း

ဆေးရုံတက်

ပြည်သူတွေကို

ဘာအခမ်းအနားမှမပါပဲ

လိုက်ပြီး အားပေးစကားတွေ

ပြောနေပြန်ပြီ
ခင်ဗျား တော်တော်ခေါင်းမာပါလား
ခင်ဗျားကတော့ ထင်မှာပေါ့

ငါ့ ကိုယ် ငါ ပိုင်တယ် လို့
မပိုင်ဘူးဗျ

ခင်ဗျားကိုပိုင်တာက ပြည်သူ

လူထု

ဘာလို့လည်းသိလား

ခင်ဗျား က လူထုခေါင်းဆောင် လေ

ပြည်သူတို့ရဲ့အမေလေ
ပြည်သူတွေ က

ခင်ဗျား ကို

အရိပ်တကြည့်ကြည့်နဲ့

နေနေကြတာဗျ

သူတို့က အချိန်ရတိုင်း

ခင်ဗျား မျက်နှာကို Scan ဖတ်

နေကြတာ
မဲဆွယ်ကာလတုန်းကလည်း

တပြည်လုံးမမောနိုင်

မပန်းနိုင် ခင်ဗျားသွားလာနေခဲ့တယ်
သူတိုခမျာ ခင်ဗျားအတွက်

စိတ်ပူကြ

စိုးရိမ်ကြ နဲ့

စားကောင်းခြင်းမစားနိုင်

အိပ်ကောင်းခြင်းမအိပ်နိုင်
ရန်ကုန် နေအိမ်ပြန်ရောက်မှပဲ

သူတို့ခမျာ

ဟင်း ချနိုင်ရှာတော့တယ်
အခုလည်း

ခင်ဗျားစီးနေတဲ့ကားကို

ပြည်သူတွေက

မလုံခြုံဘူး ဆိုပြီး

စိတ်ပူနေကြရတယ်
သူတို့က

အမေရိကန်သမတစီးတဲ့

ကျည်ကာ ကားမျိုးစီးစေခြင်

ကြတယ်
ပိုက်ဆံစုပြီးဝယ်ပေးကြဘို့အထိ

ပြောကြဆိုကြတယ်
ဘာပြုလို့လည်း သိလား

ခင်ဗျားကို ဆုံးရှုံးရမှာကို

သူတို့တော်တော်ကြောက်နေကြတယ်
သူတို့မှာ

စားစရာ

နေစရာ

ဝတ်စရာ

မဖူလုံကြပါဘူး

အဲတာကို သူတို့မပူကြပဲ

ခင်ဗျားအတွက်ကိုပဲ

ပူပန်နေကြရတယ်
သင်္ကြန်ရုံးပိတ်ရက်

ုပြည်သူတွေနားကြ

ပျော်ရွှင်နေကြချိန်မှာ

ခင်ဗျားက

မျက်စိ၂လုံးကို

တပတ်ခြားပြီးခွဲတယ်
ရုံးတွေပြန်ဖွင့်တာနဲ့

အင်တိုက် အားတိုက်

အလုပ်လုပ်တော့မှာကို

ကျုပ်က ကြိုသိနေတယ်
မလုပ်ပါနဲ့ဗျာ

ပြည်သုကို သနားပါ
ခင်ဗျားအဖေ

ဗိုလ်ချုပ် ခေါင်းမာခဲ့လို့

ပြည်သုူတွေခမျာ

ဆုံးရှုံးလိုက်ရပြီ
ဖအေ့သမီး

ဖအေလို ခေါင်းမာတာ

သိပါတယ်
ဖအေလိုတော့

အဖြစ်မခံနိုင်ဘူးဗျာ
သူတို့အတွက်

နိုင်ငံအတွက်

ခင်ဗျားက

တန်ဘိုးမဖြတ်နိုင်တဲ့

ရတနာပါ
၆၉ နှစ်ကြာမှ

ဒီရတနာကို ရခဲ့ကြတာပါ
အချိန်ရှိတိုင်း

ခင်ဗျား ကျန်းမာဘို့

ဘေးကင်းဘို့ ကို

သူတို့ တဖွဖွနဲ့ 

ဆုတောင်းနေကြရတာပါ
ပြည်သူတွေ

စိတ်ပူအောင်မလုပ်ပါနဲ့ဗျာ

သူတို့ခမျာ

အခုမှ

အလင်းရောင်လေးစရလာတာပါ

ဒီအလင်းရောင်လေး

ပျောက်ကွယ်သွားမှာကို

သေမလောက်ကြောက်ကြပါတယ်
နတ်မောက်သား

တန်ခူး

အော် တန်ခူး တန်ခူး အတော်မြူးမဝတဲ့ လတန်ခူး နှစ်သစ်ကိုကူး

ခေတ်သစ် ထူးဖို့ အတော် အရေးမလှတဲ့ နွေတန်ခူး

အတာရေဖြန်း သဒ္ဓါဝေလှမ်းတဲ့ မောင့်မေဦး

နှစ်သစ်ရောက်မှ ခေတ်စနစ် ဟြေက် ဇစ်မြစ်ကိုဖောက်

ဆန်းသစ်မရောက်အောင် စောင့်ထိန်းကြကွဲ့ ခင်ပျိုဦး မျိုး

ဖြောက်ဖျက် အကျိုး မရောက်တဲ့ ဒီသင်္ကြန်မြူး လူညွှန့် ခူးလို့ လည်ဖို့ မထူးကွဲ့

ဒီနှစ်ကူး ခိုး ခိုက်ခိုက် မိုး မိုက်မိုက် ကြိုး ကြိုက်ကြိုက် ရိုး ရိုက်ရိုက်ပါ ဖိုး ဖိုက်ဖိုက် တိုး တိုက်တိုက် လို လိုက်လိုက် ဆို ဆိုက်ဆိုက်ကာ ငို ငိုက်ငိုက် ရော် ရမ်းရမ်း ဖော် ဖွဲဖွဲ တော် တွဲတွဲ နေ မော် မွဲမွဲ လို့

ယင်း ယားယား ဖျင်း ဖျားဖျား တွင်း တွားတွား မှ ဒု ဒုက္ခ ပုပ်ထုပ်မရမှ လုပ် လုပ်ဟ လို့မအော်နဲ

့ စုတ်စုတ်ပဲ့တဲ့ ဒင်းလိုလူ ဟဟားဟားလို့ ရယ် ဒင်းလိုလူ

ဟြေဖို့မတန်ဖူး သွား သွားစို့ကွယ်

ထာဝရအိမ်

ခြေလှမ်းများ ( နိုင်နိုင်းစနေ)

 
ဒီခြေလှမ်းပဲ
အမှန်တရားဆီ ရွေ့လျားနေတယ်
ဒီခြေလှမ်းပဲ
ချောက်နက်ဆီ တွန်းပို့နေတယ်။

ဒီခြေလှမ်းပဲ
ဆင်းရဲတွင်းက ရုန်းထွက်နေတယ်
ဒီခြေလှမ်းပဲ
နွံနစ်အောင် ဆွဲခေါ်နေတယ်။

ဒီခြေလှမ်းပဲ
အရှေ့နေထွက်ရာဖက် ချီတက်နေကြတယ်
ဒီခြေလှမ်းပဲ
အနောက် နေ၀င်ရာဖက် ဦးတည်ချင်ကြတယ်။

ဒီခြေလှမ်းပဲ
ကုဋေတစ်သန်း အဖိုးတန်တယ်
ဒီခြေလှမ်းပဲ
တစ်ကွက် အရွေ့မှားရင် အစားခံရတယ်

ရှေ့နဲ့နောက် လွန်ဆွဲနေတဲ့ ဒီခြေလှမ်းတွေမှာ
ချွေးတွေရှိတယ်၊ သွေးတွေရှိတယ်
ရည်ရွယ်ချက်ရှိတယ်၊ ပန်းတိုင်ရှိတယ်
မြတ်နိုးခြင်းရှိတယ်၊ စွန့်လွတ် သီးခံခြင်းတွေရှိတယ်
လောဘရှိတယ်၊ အတ္တရှိတယ်
ဒေါသရှိတယ်၊ ရန်ညှိုးရှိတယ်
ဆာလောင်မှုတွေရှိတယ်။

ဆူးညှောင့် အတားအဆီးတွေကြောင့်
အကြိမ်ကြိမ် ခလုတ်တိုက် လဲပြိုခဲ့လည်း
ဒီခြေလှမ်းတွေမှာ အားမာန်ရှိတယ်
ပန်းတိုင်ကို မရောက်မချင်း