Category Archives: ဆောင်းပါးများ

လေယာဉ်နဲ့ခရီးဝေးစီးသွားတဲ့အခါသက်တောင့်သက်သာဖြစ်စေမဲ့နည်းလမ်းလေးတွေကိုသင်သိပြီးပြီလား…










Unicode

လေယာဉ်လေးနဲ့သွားရတာပဲ မသက်သာစရာရှိပါ့မလားလို့ မထင်လိုက်ပါနဲ့….လေယာဉ်နဲ့ပဲသွားသွား ကားနဲ့ပဲသွားသွား ဘာနဲ့သွားသွားခရီးကြာကြီးစီးရရင်တော့ သက်တောင့်သက်သာဖြစ်ဖို့ဆိုတာ ခက်ပါတယ်။

ဒါကြောင့် လေယာဉ်နဲ့ ခရီးစဉ်ဝေးဝေးကိုပဲဖြစ်ဖြစ် နီးနီးသွားတဲ့သူပဲဖြစ်ဖြစ် လေယာဉ်ပေါ်ကကာလမှာ သက်တောင့်သက်သာနဲ့လိုက်ပါစီးနှင်းနိုင်အောင် ဒီလိုအရာလေးတွေကို ဗဟုသုတရစရာအနေနဲ့သိထားသင့်ပါတယ်…

(၁) ခန္ဓာကိုယ်ကို သက်ထောင့်သက်သာနဲ့ဖော့ဖော့လေးထိုင်ပါ( ကိုယ်ကြီးလိမ်းစောင်းပြီး ထိုင်တာမျိုးရှောင်ပါ)

(၂) လေယာဉ်ပေါ်မှာ အစာစားပြီးရင် အိမ်သာလည်းမှန်မှန်တတ်အောင်ကြိုးစားပါ(မရရင်ဝမ်းပျော့ဆေးသုံးပါ) အထိုင်များတာကြောင့် ဝမ်းလေချုပ်ပြီးမအီမလည်အဖြစ်မခံပါနဲ့

(၃) မျက်လုံးအုပ်တဲ့ Mask ယူသွားပါ။ ကိုယ်အိပ်ချင်တဲ့ အချိန် အုပ်ပြီးသက်တောင့်သက်သာအိပ်လို့ရပါတယ်။

(၄) ကိုယ်ပိုင်ရေဘူးနဲ့ အဆာပြေမုန့်တစ်ချို့ကို အချိန်မရွေးစားသုံးလို့ရအောင်ဆောင်ထားပါ။

(၅) လန်းလန်းဆန်းဆန်းတက်တက်ကြွကြွနေပါ။

(၆) ကျောမှီ Seat Pad လေးတွေကိုအသုံးပြုပြီး ခါးနဲ့နောက်ကျောကိုသက်တောင့်သက်သာထိုင်ပါ။

(၇) ထိုင်ရုံကြီးပဲထိုင်မနေပဲပေါ့ပေါ့ပါးပါး လက်လွှဲခေါင်းလွှဲလေ့ကျင့်ခန်းမျိုးလေးတစ်ခုကို လုပ်ဆောင်ပေးပါ။

မိန်းကလေးတစ်ယောက်ကို ဘာလို့လေးစားတန်ဖိုးထားသင့်သလဲ

မိန်းကလေးဆိုတာ ယောက်ျားလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အလင်းရောင်ခြည်တစ်ခုပါ။ မိန်းကလေးဆိုတဲ့ မိခင်တွေ ၀မ်းဗိုက်နဲ့ခက်ခက်ခဲခဲလွယ်ပြီး မွေးဖွားခဲ့လို့ ကိုယ်တွေအခုလိုအသက်ရှင်နေနိုင်တာပါ( ယောကျာ်းလေးရဲ့ကြိုးစားမှုမပါဘူးမပြောဘူးနော် 

 

မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ အပျိုဘ၀မှာသူ့မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ်မူတည်ပြီးတန်ဖိုးတတ်သလို ဇနီးမယားဘ၀မှာလည်း ယောကျာ်းရဲ့ တန်ဖိုးထားမှုပေါ်မူတည်ပြီး တန်ဖိုးရှိတဲ့မိန်းမသားအဖြစ်နေထိုင်ရတာပါ။ ဒီလိုပဲ ချစ်သူရည်းစားဘ၀မှာလည်းဒီမိန်းကလေးဘ၀ကံကောင်းတယ်မြင့်မားတယ် ဆိုတာ ကိုယ့် ရဲ့ချစ်သူအမျိုးသား ပေါ်မှာအများကြီးမူတည်ပါတယ်။




Unicode

မိန်းကလေးဆိုတာ ယောကျ်ားလေးတိုငး်အတွက် မရှိမဖြစ်လိုအပ်တဲ့ အလင်းရောင်ခြည်တစ်ခုပါ။ မိန်းကလေးဆိုတဲ့ မိခင်တွေ ဝမ်းဗိုက်နဲ့ခက်ခက်ခဲခဲလွယ်ပြီး မွေးဖွားခဲ့လို့ ကိုယ်တွေအခုလိုအသက်ရှင်နေနိုင်တာပါ( ယောကျား်လေးရဲ့ကြိုးစားမှုမပါဘူးမပြောဘူးနော်  )

မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ အပျိုဘဝမှာသူ့မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ်မူတည်ပြီးတန်ဖိုးတတ်သလို ဇနီးမယားဘဝမှာလည်း ယောကျား်ရဲ့ တန်ဖိုးထားမှုပေါ်မူတည်ပြီး တန်ဖိုးရှိတဲ့မိန်းမသားအဖြစ်နေထိုင်ရတာပါ။ ဒီလိုပဲ ချစ်သူရည်းစားဘဝမှာလည်းဒီမိန်းကလေးဘဝကံကောင်းတယ်မြင့်မားတယ် ဆိုတာ ကိုယ့် ရဲဲ့ချစ်သူအမျိုးသား ပေါ်မှာအများကြီးမူတည်ပါတယ်။

မိန်းကလေးတွေက တစ်ခါတစ်လေတစ်ဖက်စွန်းရောက်တတ်ပါတယ်။ ချစ်သွားပြီပတ်သတ်မိသွားပြီ သံယောဇဉ်ငြိတွယ်သွားပြီဆိုရင် ကိုယ်ချစ်တဲ့သူတွေအပေါ်ဘာပဲလုပ်ရလုပ်ရ လုပ်ပေးဖို့အဆင်သင့်ဖြစ်နေတတ်ကြတဲ့အမျိုးပါ။

ပြီးတော့စိတ်ထားနူးညံ့ဆုံးသောလူသားတွေပါ။ မိန်းမတိုင်းမှာ ပျိုပျိုအိုအို မိခင်စိတ် ကြင်နာတတ်တဲ့စိတ်အပြည့်ရှိတတ်ကြပြီးသားပါ။

ကိုယ့်ပတ်ဝန်းကျင်ကမိန်းကလေးတွေတင်မက ဘယ်မိန်းကလေးကိုမှမရိုမသေတန်ဖိုးမထားအလေးနက်မရှိမဆက်ဆံမိပါစေနဲ့။ မိန်းကလေးတိုင်းကသူ့တန်ဖိုးနဲ့သူရှိပြီးသားပါ။ စစရာနောက်စရာသရော် လှောင်ပြောင်စရာ လိုသဘောထားပြီး စလိုက်တဲ့ ကိုယ့်ရဲ့အပြုမူတွေ တန်ဖိုးမထားပဲအော်ငေါက်မိလိုက်တာတွေ နှိမ်ချိုးပြီးပြောဆိုလိုက်မိတာတွေ ပြောမယ်ကြံတိုင်း တန်ဖိုးထားတဲ့စိတ်လေးနဲ့ ဆင်ခြင်နိုင်ပါစေ…

ကိုယ်ဘယ်လောက်လုပ်ပေးပေးလူစုံရင်ကိုယ်ဘယ်လောက်ပျင်းကြောင်းပြောပြောပြတတ်တဲ့ မာမီမားသားတွေရှိတတ်ကြတယ်





Unicode

တစ်ခြားမာမီတွေတော့ မသိ မင်မင် မာမီကတော့ ဘာတွေဘယ်လောက်လုပ်ပေးပေး လူစုံရင် ပြောနေကြစကားက ဒီကောင်မလေးကသိပ်ပျင်းတာ ဆိုတာကြီးပဲ :-/

ကဲ အသွင်တူ အဆင်းတူ ခံစားချက်ခြင်းတူတဲ့ သူငယ်ချင်းတွေရှိရင်တော့ ပြီးဆုံးတဲ့အထိတိုက်ကြည့်ပြီး ဘယ်လောက် ယူတို့အဖြစ်နဲ့တူလည်းတိုက်ကြည့်လိုက်ကြနော်…

တကယ်တော့ မိဘဆိုတာ သားသမီးအပေါ်အမြဲ စိတ်ကောင်းပဲထားတတ်ကြတာပါ။ ဒါပင်မဲ့ အပြောကတော့ ခပ်ဆိုးဆိုးရယ် အထူးသဖြင့်အမေတွေပေါ့ သူတို့စိတ်ထဲချစ်ပါရဲ့နဲ့လည်းသိပ်ပြီးချစ်မပြဘူး။ သူတို့စိတ်ထဲကိုယ်လုပ်ပေးတာတွေကို ကျေနပ်နေပါရက်နဲ့လည်း အမလေးတော်ပါအေ ဆိုတာနဲ့ နိဂုံးချုပ်တတ်ကြတာ။ သူတို့ကိုယ့်အကြောင်းကိုပြောပြီးဆိုကတည်းက ဘယ်သူနဲ့ပြောပြောကိုယ်ကငပျင်းလေးကိုဖြစ်နေရော…

ဒီလိုအမေတွေရှိရင်သူတို့တွေကို အပြစ်မမြင်ပဲ ပိုချစ်ပေးလိုက်ကြပါ။ အပြောသာဆိုးနေပင်မဲ့ကိုယ်က အမေကလဲ ဆိုပြီးချွဲလိုက်တာနဲ့ရင်ထဲပန်းတွေဝေသွားတတ်ကြတာပါ။ ကိုယ်ကပါးလေးကိုင်လိုက် နှာဖူးလေးနမ်းလိုက်လုပ်ကြည့်ပါလား သွားစမ်းပါအေ မထိတထိနဲ့အသည်းယားအောင်မလုပ်စမ်းပါနဲ့ ကလေးကုလားနဲ့လို့ဆိုတတ်ပင်မဲ့ရင်ထဲ တော့ကြည်နူးနေတတ်ကြတာပါ။ ကဲ ဒီလိုအပြောလေးတွေနဲ့ ခပ်မာမာပွစိပွစိလုပ်တတ်တဲ့မေမေတွေကို ပိုင်ဆိုင်ထားတဲ့ Trend ပရိတ်သတ်ကြီးဘယ်နှစ်ယောက်လောက်ရှိမလဲ…

ကိုယ့်လုပ်ရပ်တိုင်းကို နောင်တကင်းစေဖို့










Unicode

လူတိုင်းနောင်တရမှာကို ကြောက်တတ်ကြတယ်ဆိုတာ သေချာပါတယ်။ လုပ်ချင်တာလုပ်လိုက်တဲ့ အချိန်မှာသာ ပျော်ရင်ပျော်မယ် နောင်တရရင်တော့ အသေအကြေခံစားတတ်ကြတာလူ့သဘာဝလို့ ဆိုရမှာပါပဲ။

ဒီတော့ ကိုယ့်ဘဝမှာဘယ်အရာပဲ လုပ်လုပ် နောက်ဆုံး မအောင်မြင်ပဲ မှားသွားပါတယ်ဆိုရင်တောင် နောင်တကင်းကင်းနဲ့ ကိုယ့်စိတ်လေး Free ဖြစ်နေစေဖို့ အတွက် ဘယ်လို Try သင့်သလဲ????

တစ်စုံတစ်ခုကို မလုပ်ခင်မှာ….

တစ်စုံတစ်ခုကို မလုပ်ခင်မှာ ဒီအရာကို ကိုယ်လုပ်ဖို့ရည်ရွယ်လိုက်တာဟာ ဘာကြောင့်လဲ၊ ဘယ်လိုရည်ရွယ်ချက်ကြောင့်ကိုယ်ဒီအရာကိုလုပ်မှာလဲ? တကယ်ရောစိတ်အားထက်သန်တဲ့အရာလားဆိုတာကိုတွေးပြီးမှလုပ်ပါ။

တစ်စုံတစ်ခုကို လုပ်ပြီးသွားတဲ့အချိန်…

လုပ်ပြီးချိန်မှာ ကိုယ်လုပ်ခဲ့ပြီးပြီး ဘယ်လိုအခြေနေမျိုးပဲဖြစ်ဖြစ်ကိုယ်လုပ်ခဲ့လိုက်တဲ့အရာအတွက် အမြဲ တာဝန်ယူနိုင်တယ်ဆိုတဲ့စိတ်လေးထားပါ။

တစ်စုံတစ်ခုကို လုပ်ပြီးလို့ Result ထွက်လာတဲ့အချိန်မှာ…

တစ်စုံတစ်ခုကိုလုပ်ပြီးလို့ ကိုယ်လုပ်လိုက်တဲ့အရာဟာ ကောင်းတဲ့ Result ထွက်မလာလည်း ဒီအရာပေါ် ကိုယ်ကြိုးစားခဲ့တာတွေ ပြန်တွေးပြီးဘယ်နေရာလိုသွားလည်းဘာတွေချို့ယွင်းသွားလည်းဆိုတဲ့ အဖြေကိုပြန်တွေးတတ်ဖို့ပဲလိုပါတယ်။

ဒီလိုနေတတ်ရင်တော့သင့် ဘဝမှာ အရင်ကထက်နောင်တတွေလျော့လာမှာအသေချာပါပဲ…

အိမ်ထောင်ကျပြီး ကလေးမယူတာဟာ အပြစ်တစ်ခု မဟုတ်ပါ

ယောင်္ကျားယူပြီး ကလေးမွေးကိုမွေးရမယ်ဆိုတဲ့ ကိစ္စဟာ တယူသန်ဆန်လွန်းပါတယ်။ နှစ်ဦးစလုံးက ကလေးလိုချင်တာမျိုး မဟုတ်ပဲ အိမ်ကမိဘတွေကြောင့် စီးပွားရေးအဆင်မပြေပဲ ကလေးယူလိုက်ရတယ်ဆိုတာမျိုး၊ ဒါမှမဟုတ် ကိုယ်က ကလေးမယူချင်ပဲ ယောင်္ကျားကအတင်းယူမယ်ဆိုလို့ ယူလိုက်ရတာမျိုးတွေဟာ ခုလို ခေတ်ကြီးထဲမှာ မရှိသင့်တော့ပါဘူး။ ကိုယ်က လိုလိုလားလားမရှိပဲ၊ ဒါမှမဟုတ် ကလေးယူဖို့အတွက်တောင် အချိန်မပေးနိုင်လို့၊ စသဖြင့် အခက်အခဲတွေ ရှိနေတယ်ဆိုရင်တော့ ကလေးမယူပဲ အိမ်ထောင်ရေးကို ပိုအဆင်ပြေအောင် ညှိုနှိုင်းနေထိုင်သင့်ပါတယ်။ ကိုယ့်သဘောမပါပဲ တစ်ဦးတစ်ယောက်ကြောင့် ကလေးယူရတဲ့အဖြစ်မျိုးတော့ အရောက်မခံပါနဲ့။ ဒီတော့ ကလေးမယူတာဟာ အပြစ်တစ်ခုမဟုတ်သလို အောက်မှာဖော်ပြထားတဲ့အချက်တွေအတိုင်းဆိုရင်တော့ ကလေးယူဖို့ကိစ္စကို သေချာစဉ်းစားသင့်ပါပြီ။

၁။ဒါကိုယ့်ခန္ဓာကိုယ်၊ ဒါကိုယ့်ဘ၀ပါ။

ကိုယ့်စိတ်ဆန္ဒပါမှ ကလေးယူပါ။ ကိုယ့်ဘ၀ကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးပါ။ ဒီကလေးဟာ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီး မွေးဖွားရမှာဖြစ်တာမို့ ကိုယ်တကယ်ကို လိုချင်တော့မှ ယူပါ။

၂။သင်ဟာ သိပ်အလုပ်ရှုပ်တဲ့သူလားဆိုတာ စဉ်းစားပါ။

တစ်နေ့တစ်နေ့ မနားရအောင် အလုပ်လုပ်ရတယ်။ နားရတဲ့အချိန်က အိပ်ချိန်လောက်ပဲ ရှိတယ်ဆိုရင် ဒီလိုလူမျိုးဟာ ကလေးယူဖို့ သေသေချာချာကို စဉ်းစားသင့်တဲ့အခြအနေပါ။

၃။သင်ဟာ လက်ရှိဘ၀လေးကို ကျေနပ်ပျော်ရွှင်တယ်။

ခုလက်ရှိဘ၀လေးဟာ သာယာတယ်။ ဘာအပူအပင်မှ မရှိဘူး။ ကိုယ့်ရဲ့ နေ့စဉ်ဘ၀လေးကို ကျေနပ်နေတယ်လို့ ခံစားမိရင် ကလေးယူခါနီး စဉ်းစားပါ။ ကလေးယူလိုက်မယ်ဆိုရင် ဒါတွေဟာ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို စဉ်းစားပါ။

၎။ကလေးယူဖို့အတွက် ကိုယ့်အမျိုးသားကလွဲပြီး တခြားသူတွေ ဖိအားပေးခြင်းမျိုး လက်မခံပါနဲ့။

ကိုယ်နဲ့ကိုယ်ခင်ပွန်း နှစ်ယောက်ကြား ညှိထားတာက တစ်မျိုး၊ ဒါပေမယ့် တစ်ခြားအပြင်လူတစ်ယောက်ရဲ့ ဖိအားကြောင့် ကလေးမဖြစ်မနေ ယူလိုက်ရတာမျိုးဆို၇င် ကလေးရလာတဲ့အခါ စိတ်မတည်ငြိမ်တော့တာမျိုး၊ ကိုယ့်ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲ တစ်ခြားတစ်ဦးတစ်ယောက်ကြောင့် ဆိုတဲ့ အသိကြောင့်ပါ စိတ်ညစ်စရာတွေ ကြုံလာနိုင်ပါတယ်။

၅။ကလေးမမွေးတာကြောင့် လူရာမ၀င်ဘူးလို့ ထင်စရာ မလိုပါဘူး။

ယောင်္ကျားယူထားပြီး ကလေးမမွေးတာကြောင့် လူတွေက ကိုယ့်ကို ထင်ချင်သလို ထင်ကြပါစေ။ ဒါဟာကိုယ့်ဘ၀မို့ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း နေထိုင်တာ အကောင်းဆုံးပါပဲ။

၆။သင်ဟာ အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကလေးမယူသင့်သေးပါဘူး။

ကိုယ့်အသက်က ငယ်လွန်းနေတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အစစအရာရာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ယူဆရင် မျက်လုံးစုံမှိတ်ပြီး ကလေးယူလိုက်တာမျိုးတွေဘာတွေ မလုပ်ပါနဲ့။

၇။ကလေးတစ်ယောက်မွေးတော့မယ်ဆိုရင် ကုန်ကျစရိတ်တွေနဲ့ အနာဂတ်ကိုပါ ထည့်တွက်ပါ။

ကလေးယူချင်တာပဲ သိတယ်။ ကလေးမွေးပြီးတဲ့အခါ ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာလည်း မသိဘူး။ ၀င်ငွေဆိုတာကလည်း လောက်လောက်ငှငှ မရှိသေးဘူးဆိုပါတော့။ ဒီလိုအချိန်မျိုးမှာ ကလေးယူဖို့ မစဉ်းစားသင့်သေးပါဘူး။

Ref:cosmopolitan.com

တစ်ဖက်လူကို ကလဲ့စားချေခြင်းဟာ သူတို့တွေးထင်ထားတာထက် သင့်ဘ၀ကိုသင် ပိုမိုပျော်ရွှင်တည့်မတ်စွာ ဖြတ်သန်းနိုင်ခြင်းသာ

ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက်မှာ ချစ်တဲ့သူတွေ၊ မုန်းတဲ့သူတွေ ဘယ်သူမဆို ရှိဖူးကြမှာပါ။  သူငယ်ချင်းမဟုတ်တဲ့ ဆက်နွယ်မှုတွေနဲ့ ပတ်သက်လာခဲ့သူတွေထဲမှာ ကိုယ်ကကောင်းရက်နဲ့ ကိုယ့်ရင်ကို ခွဲပြီး မထင်မှတ်ထားတဲ့ တုံ့ပြန်မှုတွေနဲ့ ရက်စက်ပြသွားသူတွေလည်း သင့်မှာ ရှိကောင်းရှိမှာပါ။ ဒီလူတွေကို ကလဲ့စားချေချင်တဲ့အခါ ဘယ်နည်းလမ်းဟာ အကောင်းဆုံးဖြစ်မလဲ စဉ်းစားဖူးကြမှာပေါ့။ တကယ်တော့ သူတို့ထက် ပျော်ရွှင်ဖွယ်ကောင်းတဲ့၊ စိတ်ချမ်းသာဖွယ်ကောင်းတဲ့ ဘ၀တစ်ခုမှာ နေထိုင်ခြင်းဟာ အကောင်းဆုံး ကလဲ့စားချေနည်းပါပဲ။

ဒီလိုပြောလိုက်လို့ လူမှုကွန်ယက်မှာ နောက်တစ်ယောက်နဲ့ ပလူးပလဲတွေ လုပ်ပြ၊ ပုံတွေတင်၊ ဘယ်လောက်ပျော်ကြောင်းလုပ်ပြနေစရာတော့ မလိုပါဘူး။ သူတို့တွေ ကိုယ့်ဘ၀ထဲက ထွက်ခွာသွားချိန် ကိုယ်ရင်နာနာ နဲ့ ဝေဒနာတွေ ခံစားနေရပါလိမ့်မယ်။ ဒါမထူးဆန်းပါဘူး။ သူတို့နဲ့ အဆက်အသွယ်မရှိတော့တဲ့အချိန် ကိုယ့်ဘ၀ကို ကိုယ်တည့်မတ်အောင် ကြိုးစားပါ။ စိတ်ဓာတ်ကျခဲ့တယ်ဆိုရင်တောင် ခဏသာ ဖြစ်သင့်ပါတယ်။ သူတို့နဲ့ တစ်သက်လုံး အတူနေရရင်တောင် ငါ့ဘ၀ ပျော်ရွှင်စရာကောင်းမှာပဲလို့ တွေးလို့မရတဲ့ လောကကြီးမှာ ဘယ်အရာမှာ မသေချာဘူးဆိုတာ စိတ်ထဲအမြဲထည့်ထားပါ။

လုပ်ရမယ့်အရာတွေကို ပြောပြပါရစေ။ ဒီလို အသည်းကွဲဝေဒနာ ခံစားနေရချိန် ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို မစွန့်လွှတ်လိုက်ပါနဲ့။ အိပ်မက်တွေ ပိုမက်ရမယ့်အချိန်ရောက်ပါပြီ။ ခုခံစားနေရတာတွေကို တွန်းအားတစ်ခုအဖြစ်သုံးပါ။ သင်တန်းတွေတက်တာမျိုး လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာ GYM ဆော့တာလည်း ကောင်းပါတယ်။ အားကစားတစ်ခုခုလုပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုးဟာ သင့်ကို ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေသလို စိတ်တည်ငြိမ်စေတယ်ဆိုတာ မယုံမရှိပါနဲ့။ အလုပ်မှာ အာရုံစိုက်ပါ။ ဒီလိုနဲ့ အသည်းတစ်ခါကွဲလိုက်တာ ကောင်းကျိုးတစ်ချို့တောင် ခံစားနိုင်ပါလားလို့ သိရအောင် အသုံးချလိုက်ပါ။

အဲ့ဒီနောက်မှာတော့ ကိုယ့်ကိုတကယ်နားလည်ပေးမယ့်သူကို ရှာဖွေပါ။ ဒီလိုရှာတဲ့အခါ အရင်တစ်ခါတုန်းက သင်ယူခဲ့ရတဲ့ အမှားတွေကို အခြေခံပြီး ကိုယ်တကယ်လိုချင်တာ ဘယ်လိုမျိုးလဲဆိုတာ သေချာတွေးပါ။ ကိုယ့်စိတ်ကို ကိုယ်သိအောင်လုပ်ပါ။ ငါတကယ်ရည်းစားထပ်ထားသင့်ပြီလား ဆိုတာ သေချာအောင်လုပ်ပါ။ အဆင်သင့်မဖြစ်သေးရင် ဇွတ်အတင်းမထားပါနဲ့။ သူ့ဘာသာသူ ကြုံဆုံလာမယ့် ကံတရားကလည်း ရှိနေပါသေးတယ်။ ကျိန်းသေပြောချင်တာ ကတော့ နေ့စဉ်ဘ၀တွေကို ကိုယ်ချစ်ရသူတွေ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းနေထိုင်ပါ။ နေ့တိုင်းဟာ သင့်အတွက် အကျိုးရှိနေပါစေ။ ပျော်ပျော်ရွှင်ရွှင် ရှိနေပါစေ။

လူတိုင်းဟာ ကိုယ့်ဘ၀နဲ့ ကိုယ် သီးခြားစီ ရှိနေကြပါတယ်။ ရှုပ်ထွေးသွားခဲ့တဲ့ စိတ်တွေ အနည်ထိုင်စပြုလာတဲ့အခါ အရင်ဖြစ်ခဲ့တာတွေကို ဟားတိုက်ပစ်နိုင်မှာပါ။ ငါရူးခဲ့ပါလားလို့တောင် တွေးမိနိုင်ပါတယ်။ ကိုယ်နဲ့မထိုက်တဲ့သူကို အတင်းကြိုးစားပြီး လက်မတွဲပါနဲ့။ ဒီတော့ သူတို့ကို လက်စားချေချင်နေသေးတယ်ဆိုရင် သင် ကိုယ့်ကိုယ်ကို ထူးချွန်အောင် ကြိုးစားဖို့ပါပဲ။ ပျော်ရွှင်စွာ နေထိုင်ဖို့ပါပဲ။

သင်တို့တွေ လူမှုကွန်ယက်မှာ အဆက်အသွယ် မရှိတော့ဘူးလား၊ instagram မှာလည်း တစ်ယောက်နဲ့တစ်ယောက် follow လုပ်မထားဘူးလား။ ဘယ်လိုပဲဖြစ်စေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သင့်သတင်းတွေ သူ့နားထဲရောက်သွားပါလိမ့်မယ်။ ဖြစ်စေချင်တာက သင့်အကြောင်း ကြားတဲ့အခါ ငါနဲ့လွဲသွားတဲ့ ငါ့ရည်းစားက အဲ့လောက်တောင် ဖြစ်နေပြီလားပေါ့။ သင်ကိုယ်တိုင်ကလည်း သူနဲ့လွဲသွား ကွဲသွားလို့ ငါခု ဒီနေရာတောင် ရောက်နေပြီ။ သူနဲ့ဆို ငါ ဒုံရင်းက ဒုံရင်းဖြစ်နေမယ်လို့ တွေးမိသွားပါလိမ့်မယ်။

ဘ၀ဆိုတာ တိုတောင်းပါတယ်။ ဒီအချိန်ကာလလေးအတွင်းမှာ စိတ်ညစ်စရာ၊ နာကျင်မှု၊ ဝေဒနာတွေနဲ့ ဖြတ်သန်းနေဖို့ မထိုက်တန်ပါဘူး။ အကောင်းဆုံး ကြိုးစားဖြတ်သန်းပြီး သင်ဘာလည်း ဆိုတာ ပြသရမယ့်အချိန်ပါပဲ။

ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်စေဖို့ အလုပ်ခွင်မှာ မလုပ်သင့်တဲ့ အချက်များ

ကျွန်ုပ်တို့ရဲ့ အသက်နှစ်ဆယ်နောက်ပိုင်း အချိန်တွေဆိုတာ ပျော်ရွှင်စရာတွေ နည်းပါးလာတာ အမှန်ပါပဲ။ ပြီးတော့ ပုံသေကားကျ ဘ၀တစ်ခုနဲ့လည်း ကျင်လည်နေရပါပြီ။ ဒီလိုအချိန်တွေဆိုတာ ကိုယ့်ဘ၀ရဲ့ အနာဂတ်ကို အကောင်းဆုံး ပုံဖော်နေကြရတဲ့ အချိန်တွေပါပဲ။ လူ့သက်တမ်းကို ပျှမ်းမျှ (၆၀)နဲ့ သုံးပုံ ပုံကြည့်မယ်ဆိုရင် တကယ်တမ်း ကောင်းကောင်း အလုပ်လုပ် နိုင်တဲ့အချိန်ဆိုတာ အနှစ် (၂၀)ထက်မပိုပါဘူး။ ဒါကြောင့် အသက်(၂၀)နောက်ပိုင်းမှာ အကောင်းဆုံး လုပ်ငန်းခွင်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့နဲ့ အောင်မြင်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင်တော့ လုပ်ငန်းခွင်မှာ ဒီအချက်တွေကို ရှောင်ကြဉ်ဖို့တော့ လိုပါမယ်။

(၁) အလုပ်ချိန် နောက်ကျခြင်း

အလုပ်တိုင်း အလုပ်တိုင်းမှာ တိကျတဲ့အလုပ်တက်ချိန် ၊ အလုပ်ဆင်းချိန် ဆိုတာရှိပါတယ်။ တစ်နေ့တာ အလုပ်ချိန်ဟာ (၈)နာရီကနေ (၉)နာရီကြားရှိတတ်ပါတယ်။ ဒီတော့ အချိန်တိကျအောင် ကြိုးစားပါ။ တကယ်လို့များ သင့်ရဲ့လုပ်ငန်းခွင်ဟာ အတော်လေး လိုက်လိုက်လျောလျောနဲ့ မိသားစုဆန်တဲ့ အသိုင်းအ၀ိုင်းမျိုး ဖြစ်နေခဲ့ရင်တောင် နောက်ကျတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ပါ။ သင့်ရဲ့ အထက်အရာရှိ (သို့) အလုပ်ရှင်ဟာ သင်ထင်ထားတာထက် ပိုပြီးတော့တောင် ဒါကို သတိထားမိနေတတ် ပါတယ်။ တကယ်လို့များ နောက်ကျခြင်းဟာ အကျင့်တစ်ခုလိုဖြစ်သွားမယ် ဆိုရင် သင်ဟာ “Lazy Worker” (ပျင်းရိတဲ့အလုပ်သမား) တစ်ဦးရယ်လို့ သတ်မှတ်ခံရပါတော့မယ်။ အဲ့ဒီအခါ ကြီးမားတဲ့အလုပ်တာဝန် တွေနဲ့ ရာထူးတိုးခြင်း စတဲ့ အခွင့်အရေးတွေကနေ ငြင်းပယ်ခံရပါတော့မယ်။

(၂) သတ်မှတ်မထားတဲ့ အလုပ် စည်းမျဉ်းများကို ချိုးဖောက်လေ့ရှိခြင်း

သင့်ရဲ့ရုံးက အရမ်းမိုက်တာပဲ။ social network တွေလည်း အသုံးပြုလို့ရတယ်။ ဒီလိုရုံးမျိုး ဖြစ်နေခဲ့မယ် ဆိုရင်တောင် အလွန်အကျွံ အသုံးမချပါနဲ့။ သင့်မှာကောင်းမွန်တဲ့ လက်တွေ့ social life ရှိပါတယ်။ ဒါကြောင့် application တွေ ၊ BBM တွေကြားမှာ အချိန်ပြည့်မနေပါနဲ့။ ဇာတ်လမ်းတစ်ခုကို သေမလောက်ကြည့်ချင်နေရင်တောင် ရုံးက အင်တာနက်နဲ့ download မလုပ်ပါနဲ့။ Youtube တွေ ထိုင်မကြည့်ပါနဲ့။ ခုံပေါ်မှာ အိပ်ပျော်မနေပါစေနဲ့။ ဘာကြောင့်လဲဆို ကုမ္ပဏီတိုင်းမှာ ၀န်ထမ်းတွေရဲ့ အင်တာနက်အသုံးပြုမှု activity တွေကို ပြန်သိနိုင်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ ဒါတွေက သင့်ရဲ့ တက်လမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။

(၃) တရားဝင် မှတ်တမ်းမှတ်ရာများ မထားတတ်ခြင်း

မှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်ငန်းတွေကိုဆောင်ရွက်ပါ။ လာသမျှ မေးလ်တွေအားလုံးကိုစစ်ပါ။ ပြီးရင် အားလုံးကို မေးလ်နဲ့ပဲ ပြန်ကြားမှုပြုလုပ်ပါ။ သဲလွန်စ ပြန်ရှာမရတာမျိုးမဖြစ်နိုင်အောင် အားလုံးကို မှတ်တမ်း မှတ်ရာနဲ့တကွ မေးလ်တွေပို့ပြီး သိမ်းဆည်းထားတဲ့ အကျင့်ရအောင်လုပ်ပါ။ ဒါမှသာ သင့်ရဲ့ ဆက်သွယ်မှုတွေ အားလုံးကို electronic နည်းလမ်းတွေနဲ့ record လုပ်ထားနိုင်မှာဖြစ်ပါတယ်။ သို့မှသာ နောင်တစ်ချိန်မှာ သင့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ဦးက complains (စွဲချက်တင် တိုင်တန်းမှု) တွေ လုပ်လာမယ်ဆိုရင် မှတ်တမ်းမှတ်ရာနဲ့တကွ ပြန်လည်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

(၄)  ငွေရေးကြေးရေး အရှုပ်အရှင်း များခြင်း

ပိုက်ဆံ။ ပိုက်ဆံဆိုတာ ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်အတော်များများကို လွှမ်းမိုးထားနိုင်ပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာ အလွန်အကျွံဖက်တွယ်မိသွားရင်တော့ မပျော်ရွှင်မှုတွေ ရလာပါလိမ့်မယ်။ ငွေကြေးကို ရှာပါ ။ ဒါပေမယ့် နည်းမှန်လမ်းမှန်ဖြစ်ပါစေ။ သင့်ရဲ့ အရည်အချင်းတွေ ပြည်ဝစေဖို့ထဲမှာ ငွေကြေးထိန်းသိမ်း တတ်ခြင်းလည်း ပါပါတယ်။ သင့်ရဲ့ကုမ္ပဏီက သင့်ရဲ့ စာရိတ္တ အရည်အသွေးကိုလည်း အမြဲတမ်း ထည့်တွက်လေ့ရှိပါတယ်။ ဒါကြောင့် ရုံးခန်းအတွင်းမှာ ငွေကြေးနဲ့ပတ်သက်ပြီး အမြဲတမ်း အရှုပ်အရှင်း ကင်းရှင်းအောင်နေထိုင်ပါ။

ဒီတော့ အောင်မြင်တဲ့ လုပ်ငန်းခွင်လမ်းကြောင်းတစ်ခု ရရှိဖို့ဆိုရင်တော့ သင့်ရဲ့ အလုပ်အပေါ် ပုံဖော်မှု၊ အကြံအစဉ်ကောင်းမွန်မှု ၊ လုပ်ငန်းကျွမ်းကျင်မှု ၊ အထက်အရာရှိအပေါ် လေးစားတတ်မှု စတာတွေလည်း အမှန်အကန် လိုအပ်ပါသေးကြောင်း တင်ပြပေးလိုက်ရပါတယ်။

Ref:mensxp

အလုပ်ကို အလွန်အမင်း လုပ်လေ့ရှိကြသူတွေ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ အမှားများ

သင့်ရဲ့အလုပ်နဲ့ပတ်သက်ပြီး သင်လုပ်နေရတာတွေကို မကျေမနပ်တဲ့ စိတ် ဖြစ်ပေါ်နေပါသလား။ အဖြေကတော့ သင်တတ်နိုင်တဲ့ဝန်ထက် ပိုပြီးလုပ်နေရလို့ပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အသက်မွေးဝမ်းကြောင်းကို ပုံမှန်လုပ်နေကျ အနေအထားထက် ပိုပြီး သည်းသည်းထန်ထန် လုပ်နေကြတာ တွေ့ရပါတယ်။ လူတွေပြောလေ့ရှိကြတာ မှန်ကန်တဲ့လမ်းက အမြဲတမ်းခက်ခဲပါတယ်တဲ့။ ဒါပေမယ့် သေချာ စဉ်းစားရမှာက ခက်ခဲတိုင်းလည်း မှန်တယ်လို့ ပြောလို့ မရပါဘူး။ အလုပ်မှာ နာရီနှစ်ဆယ်လောက်နေပြီး အလုပ်လုပ်တာက သင့်ကို ကောင်းတဲ့အရာ ဘာတစ်ခုမှ ယူဆောင်လာပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အလုပ်ကို ဘာကြောင့် ပြင်းပြင်းထန်ထန် လုပ်ဖို့ မလိုကြောင်း အကြောင်းပြချက်တချို့နဲ့ ရှင်းပြပါရစေ။

(၁) အရည်အတွက်နဲ့ အရည်အချင်းကြား ဗျာများရခြင်း

အများစုမှာကြုံနေရတဲ့ ပြဿနာက အရေအတွက်နဲ့ အရည်အချင်းကြား မျှခြေဖြစ်အောင် ရုန်းကန်နေရတာပါပဲ။ အရေအတွက်များများရဖို့ ဦးတည်ချက်ထားပြီး အာရုံစိုက်လေလေ အကောင်းဆုံး  အရည်အသွေးတွေရဖို့ အခွင့်အရေးနည်းလေလေပါပဲ။

(၂) အိပ်ချိန် ချို့တဲ့ခြင်း

(၂၄)နာရီထဲမှာ သင်တကယ် အလုပ်လုပ်နိုင်တဲ့ အချိန်အပိုင်းအခြားဆိုတာ ရှိပါတယ်။ အောင်မြင်မှုကို အိပ်ချိန်ထဲက လိုက်ခိုးယူတာကတော့ မဖြစ်သင့်တဲ့ အရာပါပဲ။ အိပ်ချိန် မလုံလောက်ခြင်းဟာ သင့်ကို မောပန်းနွမ်းလျမှု ၊ မျက်တွင်းဟောက်ပက် ဖြစ်မှုတို့ကိုသာ ပေးပါတယ်။ ကျန်တဲ့ ဘာအောင်မြင်မှုမှ မယူဆောင်ပေးနိုင်ပါဘူး။

(၃) အရေးကြုံပါက သက်လုံမကောင်းနိုင်ခြင်း

မလိုအပ်တဲ့ presentation တစ်ခုအတွက် အချိန်တွေ အချဉ်းနှီးအဖြစ်ခံပြီး ကြိုးစားထားသမျှ တကယ်တမ်း ရောင်းချရတော့မယ်ဆိုတော့ သင့်ဦးနှောက်ထဲ ဘာတီထွင်ဆန်းသစ်မှုမှ မကျန်နိုင်တော့ပါဘူး။ ဦးနှောက်ခွန်အားမှန်သမျှ အာဏာ ကုန်ခိုင်းစေထားတဲ့အတွက် စိတ်ကူးဥာဏ်ကွန့်မြူးဖို့ဆိုတာ အိမ်မက်မက်မှပဲ ရတော့မယ့်အဖြစ်မျိုး ကြုံရတတ်ပါတယ်။

(၄)  စိတ်ဆိုး ဒေါသထွက်လွယ်လာခြင်း

အလုပ်ကို မတန်တဆ လုပ်လာတဲ့အခါ သင့်စိတ်က အလိုလို မကြည်မသာနဲ့ ရှုပ်ထွေးနေတတ် ပါတယ်။ အချိန်ကြာကြာစိတ်က ကောင်းတဲ့အခြေအနေမှာ ရှိမနေတဲ့အခါ အလိုလိုစိတ်တိုနေတတ်ပြီး ဘာမဆို ကြိုတင်ဒေါသထွက်ဖို့ ပြင်ထားပြီးသား ဖြစ်နေတတ်ပါတယ်။

(၅) ရှေ့ဆောင်လမ်းပြကောင်း မဖြစ်ခြင်း

သင့်ကို စောင့်ကြည့်နေတဲ့သူတွေရဲ့ အလုပ်နဲ့ဘ၀ကို ရှေ့ဆောင်လမ်းပြနေရသူတစ်ယောက် ဆိုရင်တော့ သင်နည်းလမ်း အမှားတွေကို ချပြနေမိပါပြီ။ သင့်အတုကိုယူပြီး နောက်ကလိုက်လုပ်မယ့် တပည့်တွေနဲ့ပါဆိုရင် သင်တို့အလုပ်ခွင်ကြီးက ခက်ခဲတဲ့ အခြေအနေတစ်ခု မကြာခင် ကြုံရပါလိမ့်မယ်။

(၆)   သင်တကယ်လိုအပ်တဲ့ အရာတွေနဲ့ တဖြည်းဖြည်းဝေးကွာလာခြင်း

အလုပ်ဇောကပ်နေတဲ့ သင့်အတွက် ပတ်ဝန်းကျင်ကို သတိပြုမိဖို့လည်း အချိန်မရပါဘူး။ သင့်ဘ၀အတွက် တကယ်အရေးပါတဲ့ မိသားစုဆိုတာကြီးကို မေ့လျော့နေမိတတ်ပါတယ်။ ပိုက်ဆံတစ်မျိုးတည်း နဲ့ ဖြည့်ဆည်းပေး လို့မရတဲ့ အရာတွေ အများကြီးရှိနေသေးတာကိုလည်း သင် သတိရဖို့လိုပါတယ်။ ဒီလိုနဲ့ သင့်အတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ တဖြည်းဖြည်းဝေးကွာသွားတတ်ပါတယ်။

(၇) သင်ထင်ထားသလောက် အရေးကြီးတဲ့အရာ လောကကြီးမှာ မရှိခြင်း

ဒီအချိန်မှာ သင့်အတွက် ကမ္ဘာပျက်မတတ် အရေးကြီးနေတဲ့အရာဟာ နောက် (၅)နှစ်လောက် အကြာမှာ ရယ်စရာတစ်ခု ဖြစ်ချင်ဖြစ်သွားနိုင်တာမျိုးပါ။ ဒါကြောင့် ပြဿနာတစ်ခုကို အေးအေးဆေးဆေး ဖြေရှင်းနိုင်အောင်နဲ့ သည်းသည်းထန်ထန် အရေးတကြီး မလုပ်ဖြစ်ဖို့ကြိုးစားပါ။ ပူပန်မှုကြောင့် ရှုပ်ထွေးသွားတဲ့ သင့်စိတ်ဟာ ဆုံးဖြတ်ချက် အမှားတွေကို ချမိတတ်ပါတယ်။

ဒါကြောင့် ဘ၀ကို ရှင်းလင်းစွာမြင်တတ်ပြီး အရေးကြီးတဲ့အရာနဲ့ အရေးမကြီးတဲ့ အရာတွေကို ခွဲခြား သိနိုင်ပါစေ။ ဒါမှသာ မလိုအပ်ဘဲ သင့်အင်အားတွေကို အချည်းနှီးဖြုန်းတီးနေခြင်းမှ ကင်းဝေးပြီး အောင်မြင်မှု အစစ်အမှန်ကို နည်းမှန်လမ်းမှန်နဲ့ ဆွတ်ခူးနိုင်မှာပါ။

Ref:mensxp.com

ဖခင်တွေဟာ ကိုယ့်ရဲ့သမီးတွေကို ထိန်းကျောင်းပဲ့ပြင်တဲ့အခါ ဒီအချက်ကလေးတွေ ပြောဆိုပေးသင့်တာ

မိသားစုတော်တ်ာများများမှာ သမီးတွေဟာ သားတွေထက် ဖခင်နဲ့ပိုမို ရင်းနှီးတတ်ကြပါတယ်။ အဖေတွေကလည်း သားကို ချစ်ပေမယ့် သမီးတွေကို ပိုအလေးပေးဟန်ရှိကြပါတယ်။ တကယ်တော့ သားသမီးတွေအတွက် ချစ်ခြင်းမေတ္တာမှာ သားကပိုများတယ်၊ သမီးကပိုသာတယ်ဆိုတာ မရှိတတ်ကြပါဘူး။ ဒါပေမယ့် ဖခင်တွေရဲ့ သြဇာညောင်းချက်ကတော့ သမီးတွေမှာ ပိုတယ်လို့ ဆိုတဲ့အပြင် သမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကလည်း ဖခင်တွေရဲ့ အားပေးစကားကနေ ပိုမိုရရှိတယ်လို့ ယူဆကြပါတယ်။ ကိုယ့်မှာ သမီးလေးတစ်ယောက် မွေးထားတယ်ဆိုပါစို့။ သူ့ကို ဘယ်လိုစကားမျိုးတွေ ပြောပြီး ထိန်းကျောင်းပေးသင့်သလဲ။ သင်ကြားပေးသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။သူမဟာ တကယ်ထူးခြားတယ်ဆိုတာ သိပါစေ။

လူတိုင်းဟာ သူ့ဟာနဲ့သူတော့ ထူးခြားချက်တွေ ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် အရေးကြီးတာက တစ်ယောက်ချင်းစီရဲ့ ထူးခြားချက်ကို မသိကြတာပါပဲ။ ဒီတော့ ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်သမီးရဲ့ထူးခြားချက်ဟာ ဘာလဲဆိုတာ၊ အားသာချက်က ဘာလဲဆိုတာတွေကို သိထားရပါမယ်။ ဖခင်ကောင်းဆိုတာ ကိုယ့်သမီးရဲ့ အားနည်းချက်ကို လက်ခံပေးနိုင်သလို အားသာချက်ကိုလည်း ချီးမွမ်းပေးနိုင်တဲ့သူပါ။ ဒီလိုပြုလုပ်ပေးနိုင်တဲ့ ဖခင်တွေဟာ သမီးတွေရဲ့ ချစ်ခြင်းမေတ္တာကို အလွယ်တကူ ပိုင်ဆိုင်နိုင်ကြပြီး သူတို့ရဲ့ အမှားအမှန်ကို ထောက်ပြတဲ့အခါမှာလည်း သူတို့က လက်ခံပြင်ဆင်ပေးတတ်ကြပါတယ်။

Image result for father and daughter love

၂။သူမဟာ အကောင်းဆုံးတွေနဲ့သာ ထိုက်တန်ပါတယ်ဆိုတာ ပြောပြပါ။

ဖခင်တိုင်းဟာ ကိုယ့်သမီးအတွက် အကောင်းဆုံးတွေနဲ့သာ ကြုံဆုံစေချင်ကြတာပါ။ အကောင်းဆုံးတွေနဲ့သာ ထိုက်တန်တယ်လို့လည်းထင်မြင်ကြမှာပါ။ ဒီတော့ ဒီအချက်ကို ကိုယ့်ရဲ့သမီးလေး နားလည်အောင် သင့်ဘက်က ပြောဆိုရမယ့်အချိန်ပါပဲ။ လူတွေရဲ့ လေးစားမှုကို ဘယ်လိုရယူရမယ်ဆိုတာ၊ အချစ်ရေးနဲ့ ကျေးဇူးတင်ခံထိုက်တာမျိုးက ဘာဆိုတာတွေ ရှင်းပြပါ။ ဒါ့အပြင် လက်ရှိအခြေအနေမှာ အကောင်းဆုံးဘယ်လိုဖြစ်အောင်နေရမယ်၊ ပျော်ရွှင်အောင် ဘယ်လိုနေရမယ်ဆိုတာမျိုးနဲ့ ဘ၀မှာ အကောင်းဆုံးတွေ အရယူနိုင်ဖို့ ဘယ်လိုကြိုးစားရမယ်ဆိုတာ သင်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရှင်းပြပြောဆိုပါ။

၃။သူမစိတ်ထဲမှာ ရှိနေတာတွေ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ပါစေ။

တစ်ခါတစ်လေ ကိုယ်ပြောတာက တစ်မျိုး၊ သူနားလည်သွားတာကတစ်မျိုး ရှိနိုင်ပါတယ်။ အရေးကြီးတာက အချင်းချင်း နားလည်မှုမလွဲပါစေနဲ့။ ကလေးတွေဟာ မေးခွန်းတွေ မေးချင်ကြပါတယ်။ မေးဖို့ကြောက်နေတဲ့အချိန်မျိုးမှာ သင့်ဘက်ကစပြီး လမ်းဖွင့်ပေးပါ။ ဖြစ်နိုင်သမျှ စိတ်တိုတာ၊ ကလေးကို နာကျင်စေမယ့်အရာမျိုးတွေ ရှောင်ပြီးပြောဆိုပါ။ မိန်းကလေးတွေဟာ ရှက်တတ်၊ ကြောက်တတ်ကြတာ သဘာဝဆိုတာနားလည်ပြီး သူတို့တွေ မဆိုင်းမတွ မေးခွန်းတွေ မေးနိုင်အောင် သင့်ဘက်က နားလည်မှုအပြည့်ပေးထားရပါလိမ့်မယ်။ သင့်ရဲ့သမီးလေးကို သင်ထားရမှာက စိတ်ထဲမှာရှိတာတွေ ပြောတဲ့အခါ တွန့်ဆုတ်မနေဖို့နဲ့ သူမရဲ့အမြင်တွေကို ဝေမျှဖို့ မကြောက်ဖို့ပါပဲ။

Image result for father and daughter love

၎။သူမဘာသာ သူမ စည်းကမ်းချမှတ်ထားတတ်အောင် ပြုစုပျိုးထောင်ပေးပါ။

မိဘက ဘာမလုပ်ရ၊ ဘာမလုပ်နဲ့ဆိုပြီး စည်းကမ်းချမှတ်ထားတာမျိုးထက် သူမကိုယ်တိုင် ငါဒါမျိုးဆို မလုပ်သင့်ဘူးဆိုတာ သိရင်ပိုကောင်းပါတယ်။ ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းဟာ ဖောက်ဖျက်ဖို့ အခက်ဆုံးပါပဲ။ ဒီလို စည်းမျဉ်းချမှတ်နိုင်အောင် သူမကို ကူညီဖို့ကတော့ သင့်တာဝန်ပါပဲ။ ဘယ်လိုနေရာမျိုးတွေမှာ ထိန်းချုပ်သင့်တယ်ဆိုတာ၊ စိတ်ထဲမှာ ဘယ်လိုခံစားချက်မျိုးတွေ ဖြစ်လာရင် ပေါက်ကွဲမလွယ်ဖို့ စသဖြင့်ပေါ့လေ။

၅။သူမဘာသာ သူမရပ်တည်နိုင်ခွင်လည်း ပေးပါ။

အဖေဆိုတာ မိသားစုတစ်ခုမှာ အရာရာကို ကာကွယ်ပေးနိုင်တဲ့သူပါပဲ။ ဒါပေမယ့် မိသားစုဝင်တိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦးမတူညီတဲ့ စွမ်းရည်တွေ ရှိနေပြီးသားပါ။ အဖေတွေက ကိုယ့်သမီးကို ဘယ်လို ဖြစ်လာရင် ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုသန်သန်မာမာနေထိုင်သင့်တယ်ဆိုတာမျိုးတွေ ပြောပြထားဖို့တော့ လိုပါတယ်။ သမီးဆိုပြီး အားလုံးကို လက်မလွှတ်ပဲ အစစအရာရာ လိုက်ပါနေလို့တောင် မကောင်းပါဘူး။

၆။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လုပ်ပေးပါ။

တစ်ဘ၀လုံးအတွက် သူမကို သင်ပေးနိုင်တဲ့ လက်ဆောင်ကတော့ သူမကိုယ်သူမ ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်အောင် သင်ပံ့ပိုးပေးခြင်းပါပဲ။ ဒါ အနာဂတ်မှာ အောင်မြင်မှုပန်းတိုင်းကို သွားနိုင်မယ့် လမ်းတစ်လမ်းလည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်လာပြီဆိုရင် အနည်းဆုံးတော့ ကိုယ့်သမီးဟာ ဘယ်လောက်လှကြောင်း၊ ဘယ်လောက်စမတ်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေမယ့် အခြေခံစကားမျိုးတွေတော့ ပြောပေးသင့်ပါတယ်။ မိန်းကလေးတိုင်းဟာ သူတို့ကို ချီးမွမ်းတာ၊ ချစ်တာ ခံချင်ကြတာချည်းပဲလေ။ သူ့ကိုယ်သူ ယုံကြည်မှုရှိအောင် လုပ်ပေးလိုက်ခြင်းဟာ တစ်နေ့ သင်သူမအတွက် ဂုဏ်ယူစရာတွေ ဖြစ်လာမယ့် အခြေခံအချက်လေးပါပဲ။

၇။သမီးတွေအတွက် အဖေဟာ အမြဲရှိပေးနေမယ်ဆိုတာ သူတို့ သိပါစေ။

သမီးတွေဟာ အဖေတွေကို ယုံကြည်တတ်ကြတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်ချက်မြင့်မားအောင်လည်း အဖေတွေက စွမ်းဆောင်ပေးနိုင်ကြတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိသွားပြီ အဖေက ငါ့ကိုချစ်ပါလားဆိုတာ သိသွားပြီဆိုရင် သမီးတွေဟာ တစ်သက်လုံး ဖခင်စကားကို မြေ၀ယ်မကျ နားထောင်တတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ မသိစိတ်ထဲမှာကိန်းအောင်းနေတတ်တဲ့ ချစ်ခြင်းယုံကြည်မှုတစ်မျိုးပါ။ ဒါ့ကြောင့် သမီးအတွက် ဘယ်လိုကိစ္စ၊ အခက်အခဲမျိုးတွေ ကြုံနေပါစေ။ အဖေရှိနေပေးမယ်ဆိုတာမျိုး ဖွင့်မပြောပဲ သူတို့သိအောင် ကြိုးစားပါ။

Ref:womanitely.com

စိတ်ဓာတ်အမာဆုံးအမျိုးသမီးတွေဟာ သောကတွေ ထွေးပိုက်ထားရသူဖြစ်

ဒီလိုအမျိုးသမီးတွေမှာ ဘယ်လောက်ထိ စိုးရိမ်ပူပန်၊ကြောင့်ကြစရာတွေများလည်းဆိုတာ ဘယ်သူမှနားမလည်ပါဘူး။ ဒါပေမယ့် တိတ်တဆိတ်နဲ့ပဲ သူမဟာ ကြံ့ခိုင်အောင်ကြိုးစားနေသူဖြစ်တယ်။
နေ့စဉ်ဓူ​​ဝ ကြုံတွေ့နေရတဲ့ စိတ်ရှုပ်စရာကိစ္စတွေကို ခေါင်းထဲက ထုတ်ပစ်နိုင်အောင် ကြိုးစားတယ်။
ဒါပေမယ့် သူမရင်ထဲမှာတော့ ပိုပြီးပြည့်ကျပ်နေတတ်ပါတယ်။

ဒါနဲ့တောင် ဘာလို့ ကြံ့ခိုင်နေရတာလဲ။ သူမဟာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ကိုင်တွယ်တဲ့နေရာမှာ အတော်ဆုံးဖြစ်နေလို့ပါ။ အဲ့ဒီတိုက်ခိုက်မှုတွေကနေ အကြိမ်ပေါင်းများစွာ ရုန်းထွက်ဖူးတယ်။ လူတိုင်း စိတ်မွန်းကြပ်မှုတွေ ခံစားရမှာပါ။ ထွက်ပေါက် အမျိုးမျိုးလည်းရှာကြမှာပေါ့။

Related image

ဒီလို ဖိစီးမှုတွေကြောင့် အောက်ဆုံထိ ထိုးကျဖူးတယ်။ ဒါပေမယ့် ပြန်တက်နိုင်အောင် သူမကြိုးစားတယ်။ မလိုအပ်တဲ့ အကြောက်တရားတွေ ဖယ်ထုတ်ပစ်ပြီး ဘာကအဓိကကျလဲဆိုတာ သေချာမြင်နိုင်အောင်ကြည့်တယ်။ ဒါတွေအားလုံးဟာ တစ်ချိန်မှာပျောက်ကွယ်သွားလိမ့်မယ်လို့လည်း သူမယုံကြည်တယ်။

သူမစိတ်ဓာတ်တွေ ကြံ့ခိုင်သွားအောင် လုပ်ပေးခဲ့တာလည်း ဒီဖိစီးမှုတွေပါပဲ။ ဒါကြောင့် ဆိုးဝါးတဲ့
အခြေအနေတွေကြုံလေ များများအနိုင်ရလေပါပဲ။ ဘယ်တော့မှ အလွယ်လမ်းမလိုက်တဲ့ သူမရဲ့အကျင့်က သူမကိုပျော်ရွှင်စရာနေ့သစ်တွေ တစ်ဖန်ပြန်ပေးလာမှာပါ။ ကဲ.. စိတ်ညစ်စရာတွေ ဝင်လာမှာသိပ်ကြောက်နေလား … ပျော်ပျော်ကြီး ကြိုဆိုလိုက်ပြီး မိမိ စိတ်ခံနိုင်ရည်ကို မြှင့်တင်လိုက်ပါ…

Credit – Treand Myanmar