မော်တော်ယာဉ်ဖြင့် သင်္ကြန်ရေကစားထွက်စဉ် ယာဉ်ပေါ်မှ လူသုံးဦး ပြုတ်ကျ၊ တစ်ဦးသေဆုံး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တောင်ပြင်(၂)ရပ်ကွက် ဆက်သွယ်ရေးရုံးရှေ့၌ ဧပြီ ၁၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂ဝ က သင်္ကြန် ရေကစားထွက်သည့် ယာဉ်ပေါ်မှ လူသုံးဦး ပြုတ်ကျပြီး တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။ြ

ဖစ်စဉ်မှာ ရွှေကြာအင်း(၂)ရပ်ကွက်မှ တောင်ပြင်(၂)ရပ်ကွက်ဘက်သို့ သင်္ကြန်ရေကစားရန် လည်ပတ်နေသည့် ယာဉ်မောင်း လှိုင်မင်းစိုး(၃ဝ နှစ်)ပြည့်ညင်ကျေးရွာနေသူ မောင်းနှင်သည့်2H/—- ယာဉ်နောက်ခန်းမှ လိုက်ပါ လာသူ ၃ဝ တို့က ကခုန်နေကြစဉ် ယာဉ်နောက်ခန်း ဝဲဘက်ခြမ်း သံချောင်း ကျိုး၍ ကျော်ကျော်(၃၆ နှစ်) ပြည့်ညင်ကျေးရွာနေသူ ပြုတ်ကျသည်ကို တစ်ရွာတည်းနေ ဇော်လွင်ဦး(၁၇ နှစ်)နှင့် ချစ်မျိုးဇော် (၁၈ နှစ်)တို့က လှမ်းဆွဲ ရာ သုံးဦးစလုံး ဝဲဘက်ခြမ်းသို့ ပြုတ်ကျကာ ကျော်ကျော်တွင် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဇော်လွင်ဦးနှင့် ချစ်မျိုးဇော်တို့တွင် ဒဏ်ရာ များ ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား ယာဉ်/စည်း ရဲတပ်ကြပ်ကြီးရဲဝင်းနှင့်အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ လှိုင်မင်းစိုးကို ဥပဒေအရအရေးယူပေးရန် ရဲတပ်ကြပ်ကြီးရဲဝင်းက တရားလိုပြုတိုင်တန်းသဖြင့် မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.