ချစ်ရဲ့နဲ့ထားခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့နောက်ကွယ်ကခံစားချက်က…











Unicode

ကိုယ့်ကိုသိပ်ချစ်တဲ့ မိန်းမတစ်ယောက်က ကိုယ့်ကို စွန့်ပစ်ဖို့ဘာလို့ရွေးချယ်သွားသလဲဆိုတာ သိပ်ကို သိချင်ကြမှာပါ။ တစ်ခါတစ်လေမှာ ကိုယ်မထင်ထားလောက်တဲ့ ကိုယ့်ချစ်သူမိန်းကလေးက ကိုယ့်အနားကနေစွန့်ခွာသွားတတ်ကြပါတယ်။

မိန်းကလေးတစ်ယောက်ဟာသူသိပ်ချစ်တဲ့သူကို စွန့်ခွာဖို့ ခက်ခဲတတ်ကြပါတယ်(ခြံခုန်ချင်သူအသာယာတဲ့နောက်လိုက်သူတွေကိုထည့်မပြောဘူးနော်)

ကိုယ်တကယ်ချစ်တဲ့ယောက်ျားလေးကိုသူတို့စွန့်ခွာချင်လာတဲ့ အချိန်တွေဟာ

(၁) သူ့အတွက်မင်းက မေတ္တာစေတနာအစစ်ကို မပေးတတ်လို့

(၂) သူ့အတွက်သိပ်ကိုစိတ်ဖိစီးစေလို့

(၃) မင်းရဲ့အချစ်တွေအားလုံးကို မိန်းမတစ်ယောက်အနေနဲ့သူတစ်ယောက်တည်းပိုင်တယ်လို့ယုံကြည်ခံစားရခြင်းမရှိလို့
(၄) သူ့အပေါ်မင်းကအမြဲမကောင်းမြင်လို့
(၅) သူ့ဘက်ကပေးဆပ်သလောက် မင်းက ဘာမှတုန့်ပြန်ခြင်းမရှိလို့

(၆) မင်းအကြောင်းကိုတဖြည်းဖြည်းနဲ့သူပိုပြီး မသိနားမလည်ဖြစ်လာလို့(မင်းစိတ်ကသူ့အတွက်ခန့်မှန်းရခက်လို့)

(၇) အပေါင်းသင်းကြားမင်းဟာသူ့အတွက် ဘယ်ဘက်ကပဲကြည့်ကြည့် အကောင်းမြင်စရာတစ်ခုမှမရှိလို့

(၈) နောက်ဆုံးတစ်ချက်ကတော့မင်းကို ချစ်ဖို့ကြောက်ရွံ့သွားတာဖြစ်ပါတယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.