သင်္ကြန်လည်ယာဉ် အရှိန်လွန်တိမ်းမှောက်ရာ ၄၆ ဦးဒဏ်ရာရ

ဧပြီ ၁၃ ရက် (သင်္ကြန်အကျနေ့) မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့်တွင် နေပြည်တော်မှ လယ်ဝေးမြို့နယ် ကုန်းပေါ်စုရွာသို့ ယာဉ်မောင်း ခင်စိုး(ခ)ဦးပါကြီး မောင်းနှင်လာသည့် သင်္ကြန်လည်ယာဉ် ဖောကားသည် နိဗ္ဗာန်လမ်း ပေါ်၌ အရှိန်လွန်တိမ်းမှောက်သွားရာ ယာဉ်ပေါ်လိုက်ပါလာသည့် ကုန်းပေါ်စု ရွာသူ ရွာသား ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိကြသူများကို နေပြည်တော်နှင့် လယ်ဝေးဆေးရုံများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ခင်စိုး(ခ)ဦးပါကြီးအား ဖမ်းဆီးရမိ ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ လယ်ဝေးမြို့နယ်ကုန်းပေါ်စုရွာသို့ နိဗ္ဗာန် လမ်းအတိုင်း မောင်းနှင်လာသည့် သင်္ကြန်လည်ယာဉ် ဖောကားသည် ရှမ်းစု ရွာလယ်အရောက်၌ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(သတင်းစဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.