သြားပြတ္တံအေဟာင္းေလးေတြကို ဒီလိုေနရာေတြမွာသံုးၾကမယ္

သြားပြတ္တံေဟာင္းေနျပီဆုိျပီး လႊင့္မပစ္ပါန႔ဲဦး။သြားတုိက္ဖို႔အတြက္ေဟာင္းလြန္းသြားေပမဲ႔ တစ္ခ်ိဳ႔ေနရာေတြမွာ အသံုး၀င္ေနပါေသးတယ္။သြားပြတ္တံအေဟာင္းေတြဟာ ဘယ္လိုေနရာေတြမွာအသံုး၀င္ေနတာလဲဆုိရင္…

*စဥ္းႏွီးတံုးေတြသန္႔ရွင္းမယ္
မီးဖုိေခ်ာင္အတြက္မရွိမျဖစ္အသံုး၀င္တဲ႔ စဥ္းႏီွးတံုးေတြဟာ သံုးပါမ်ားလာတဲ႔အခါ ညစ္ပတ္လာတတ္ပါတယ္။အဲ႔ဒီအခါ သြားပြတ္တံအေဟာင္းေလးကုိေသခ်ာေဆးေၾကာျပီး စဥ္းႏွီးတံုးကုိတုိက္ခြ်တ္ေပးမယ္ဆုိရင္ သန္႔ရွင္းတဲ႔စဥ္းႏွီးတံုးေလးျပန္ရလာမွာပါ။

*ေရခ်ိဳးခန္းသန္႔ရွင္းမယ္

ဘရပ္ရွ္နဲ႔ေသခ်ာတုိက္လို႔မရတဲ႔ ေရခိ်ဳးခန္းေက်ာက္ျပားၾကားေတြကုိ သြားပြတ္တံအေဟာင္းေလးနဲ႔သန္႔ရွင္းေပးလုိ႔ရပါတယ္။

*မ်က္ခံုးေမႊးျခစ္တံအျဖစ္သံုးမယ္
မ်က္ခံုးေမႊးျခစ္စရာမရွိရင္ေတာင္ သြားပြတ္တံအေဟာင္းေလးရွိရင္ အဆင္ေျပပါတယ္။အေရးေပၚသံုးလုိ႔ရတာေပါ့။

*လက္သည္းေလးေတြသန္႔ရွင္းမယ္

လက္သည္းၾကားေနရာေတြကုိေသခ်ာသန္႔ရွင္းခ်င္တယ္ဆုိရင္ သြားပြတ္တံအေဟာင္းေလးမွာဆပ္ျပာအနည္းငယ္ထည့္လုိ႔ လက္သည္းၾကားထဲသန္႔ရွင္းေပးလို႔ရပါတယ္။

*ေခါင္းျဖီးသန္႔ရွင္းမယ္
တစ္ခါတစ္ေလ ကုိယ့္ေခါင္းျဖီးေဆးေတာ့မယ္ဆုိရင္ ေအာက္ေျခကညစ္ပတ္ေနတဲ႔အရာေတြကုိ ဘာနဲ႔သန္႔ရွင္းရမလဲ ေခါင္းေျခာက္ရတတ္ပါတယ္။ဘရပ္ရွ္နဲ႔လည္းတုိက္ခြ်တ္ရတာ အဆင္မေျပပါဘူး။တကယ္လုိ႔ သင့္မွာ သြားပြတ္တံအေဟာင္းေလးတစ္ေခ်ာင္းရွိေနရင္ေတာ့ ေခါင္းျဖီးေအာက္ေျခထိ သန္႔ရွင္းေပးလို႔ရပါျပီ။

*လက္၀တ္ရတနာေတြ တုိက္ခြ်တ္ေဆးေၾကာမယ္

ဆြဲၾကိဳးေတြ၊လက္စြပ္ေတြဆုိတာ ၀တ္တာၾကာရင္ အေရာင္မွိန္လာတတ္ပါတယ္။အဲ႔ဒီအခါ သြားပြတ္တံအေဟာင္းေလးကုိ ဆပ္ျပာအနည္းငယ္ထည့္လို႔ တုိက္ခြ်တ္ေပးရင္ အေရာင္ျပန္လက္လာပါလိမ့္မယ္။

*ကြန္ပ်ဴတာကီးဘုတ္သန္႔ရွင္းမယ္
အ၀တ္စနဲ႔ေတာ္ရံုုသန္႔ရွင္းလို႔မရတဲ႔ ကီးဘုတ္ေခ်ာင္ၾကိဳေခ်ာင္ၾကားေနရာေတြကုိ သြားပြတ္တံအေဟာင္းေလးနဲ႔ သန္႔ရွင္းေပးလုိ႔ရပါတယ္။

*ဆံပင္ေဆးဆုိးတဲ႔အခါသံုးမယ္

သြားပြတ္တံအေဟာင္းတစ္ေခ်ာင္းတစ္ေလကုိ သိမ္းထားတာမမွားပါဘူး။တကယ္လုိ႔ ဆံပင္ေဆးဆိုးဖို႔ ဆုိးစရာမရွိတဲ့အခါမ်ိဳးမွာသြားပြတ္တံအေဟာင္းေလးကုိသံုးလုိ႔ရပါတယ္။

Ref:experthometips

Unicode

သွားပွတ်တံဟောင်းနေပြီဆိုပြီး လွှင့်မပစ်ပါနဲ့ဦး။သွားတိုက်ဖို့အတွက်ဟောင်းလွန်းသွားပေမဲ့ တစ်ချို့နေရာတွေမှာ အသုံးဝင်နေပါသေးတယ်။သွားပွတ်တံအဟောင်းတွေဟာ ဘယ်လိုနေရာတွေမှာအသုံးဝင်နေတာလဲဆိုရင်…

*စဉ်းနှီးတုံးတွေသန့်ရှင်းမယ်
မီးဖိုချောင်အတွက်မရှိမဖြစ်အသုံးဝင်တဲ့ စဉ်းနှီးတုံးတွေဟာ သုံးပါများလာတဲ့အခါ ညစ်ပတ်လာတတ်ပါတယ်။အဲ့ဒီအခါ  သွားပွတ်တံအဟောင်းလေးကိုသေချာဆေးကြောပြီး စဉ်းနှီးတုံးကိုတိုက်ချွတ်ပေးမယ်ဆိုရင် သန့်ရှင်းတဲ့စဉ်းနှီးတုံးလေးပြန်ရလာမှာပါ။

*ရေချိုးခန်းသန့်ရှင်းမယ်

ဘရပ်ရှ်နဲ့သေချာတိုက်လို့မရတဲ့ ရေချိုးခန်းကျောက်ပြားကြားတွေကို သွားပွတ်တံအဟောင်းလေးနဲ့သန့်ရှင်းပေးလို့ရပါတယ်။

*မျက်ခုံးမွှေးခြစ်တံအဖြစ်သုံးမယ်
မျက်ခုံးမွှေးခြစ်စရာမရှိရင်တောင် သွားပွတ်တံအဟောင်းလေးရှိရင် အဆင်ပြေပါတယ်။အရေးပေါ်သုံးလို့ရတာပေါ့။

*လက်သည်းလေးတွေသန့်ရှင်းမယ်

လက်သည်းကြားနေရာတွေကိုသေချာသန့်ရှင်းချင်တယ်ဆိုရင် သွားပွတ်တံအဟောင်းလေးမှာဆပ်ပြာအနည်းငယ်ထည့်လို့ လက်သည်းကြားထဲသန့်ရှင်းပေးလို့ရပါတယ်။

*ခေါင်းဖြီးသန့်ရှင်းမယ်
တစ်ခါတစ်လေ ကိုယ့်ခေါင်းဖြီးဆေးတော့မယ်ဆိုရင် အောက်ခြေကညစ်ပတ်နေတဲ့အရာတွေကို ဘာနဲ့သန့်ရှင်းရမလဲ ခေါင်းခြောက်ရတတ်ပါတယ်။ဘရပ်ရှ်နဲ့လည်းတိုက်ချွတ်ရတာ အဆင်မပြေပါဘူး။တကယ်လို့ သင့်မှာ သွားပွတ်တံအဟောင်းလေးတစ်ချောင်းရှိနေရင်တော့ ခေါင်းဖြီးအောက်ခြေထိ သန့်ရှင်းပေးလို့ရပါပြီ။

*လက်ဝတ်ရတနာတွေ တိုက်ချွတ်ဆေးကြောမယ်

ဆွဲကြိုးတွေ၊လက်စွပ်တွေဆိုတာ ဝတ်တာကြာရင် အရောင်မှိန်လာတတ်ပါတယ်။အဲ့ဒီအခါ သွားပွတ်တံအဟောင်းလေးကို ဆပ်ပြာအနည်းငယ်ထည့်လို့ တိုက်ချွတ်ပေးရင် အရောင်ပြန်လက်လာပါလိမ့်မယ်။

*ကွန်ပျူတာကီးဘုတ်သန့်ရှင်းမယ်
အဝတ်စနဲ့တော်ရုုံသန့်ရှင်းလို့မရတဲ့ ကီးဘုတ်ချောင်ကြိုချောင်ကြားနေရာတွေကို သွားပွတ်တံအဟောင်းလေးနဲ့ သန့်ရှင်းပေးလို့ရပါတယ်။

*ဆံပင်ဆေးဆိုးတဲ့အခါသုံးမယ်

သွားပွတ်တံအဟောင်းတစ်ချောင်းတစ်လေကိုသိမ်းထားတာမမှားပါဘူး။တကယ်လို့ ဆံပင်ဆေးဆိုးဖို့ ဆိုးစရာမရှိတဲ့အခါမျိုးမှာသွားပွတ်တံအဟောင်းလေးကိုသုံးလို့ရပါတယ်။

Ref:experthometips

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.