ကုိယ့္ခ်စ္သူလက္ဖ၀ါးက ေဆးတစ္ခြက္ျဖစ္ေနတယ္ဆုိတာ သင္သိရဲ႔လား?

ကုိယ့္ခ်စ္သူလက္ဖ၀ါးက ေဆးတစ္ခြက္ျဖစ္ေနတယ္ဆိုလို႔ ဘာလဲသိခ်င္ေနၾကျပီမွတ္လား??ကဲ ဘာကုိဆုိလိုတာလဲဆုိတာ အတူတူဆက္ဖတ္ၾကည့္လိုက္ရေအာင္

သိပၸံပညာရွင္ေတြရဲ႔ေလ့လာခ်က္အရ ခ်စ္ျခင္းေမတၱာေတြအျပည့္ရွိတ့ဲခ်စ္သူႏွစ္ေယာက္ လက္ခ်င္းဆုပ္ကုိင္ထားတာ၊တစ္ေယာက္ကိုတစ္ေယာက္ေပြ႔ဖက္ထားတာေတြဟာ နာက်င္မႈကုိေလ်ာ့နည္းေစပါတယ္တဲ႔။ခႏၶာကုိယ္ကုိက္ခဲနာက်င္သလို ခံစားရတာ၊ေနမေကာင္းျဖစ္ေနတာ၊၀မ္းနည္းအားငယ္ေနတာစသျဖင့္စိတ္ခံစားခ်က္နာက်င္ေနတဲ႔အခါမိ်ဳးမွာ ခ်စ္သူလက္ကုိဆုပ္ကုိင္ထားတာက နာက်င္မႈကုိေလ်ာ့ပါးသြားေစပါတယ္။

ကုိယ့္ခ်စ္သူက ကိုယ္စိတ္မေကာင္းျဖစ္၀မ္းနည္းေနတဲ႔အခ်ိန္ ကုိယ့္လက္ကုိဆုပ္ကုိင္ေပးထားတဲ႔အခါ စိတ္နာက်င္မႈလည္းေလ်ာ့နည္းလာျပီး စိတ္လည္းပုိျပီးသက္ေတာင့္သက္သာျဖစ္လာပါတယ္တဲ႔။ဒါကုိေလ့လာေတြ႔ရွိခဲ႔တဲ႔ Goldstein ဆုိတဲ႔ စိတ္ပညာရွင္တစ္ေယာက္ဟာ သူ႔ဇနီးရင္ေသြးေလးေမြးဖြားေနတဲ႔အခိ်န္မွာ လက္ကုိဆုပ္ကုိင္ထားျပီးလက္ေတြ႔စမ္းသပ္ခဲ႔ပါတယ္။အဲ႔ဒီေနာက္ စံုတြဲ ၂၀ ေက်ာ္ကုိလည္း တစ္ႏွစ္ေက်ာ္ၾကာစမ္းသပ္ခဲ႔ရာမွ အခုလုိ ခ်စ္သူဇနီးမယားလက္ကုိဆုပ္ကုိင္ေပးထားတာဟာ နာက်င္မႈေ၀ဒနာခံစားရမႈကုိေလ်ာ့နည္းသြားေစေၾကာင္းေလ့လာေတြ႔ရွိလာခဲ႔တာပဲျဖစ္ပါတယ္။

ကဲ ဒီေတာ ့ ေနမေကာင္းျဖစ္ေနတဲ႔အခ်ိန္၊စိတ္ထဲမွာ၀မ္းနည္းအားငယ္ေနတဲ႔အခိ်န္ဆို ကုိယ့္ခ်စ္သူလက္ကုိသာ ကုိင္ထားလုိက္ပါ။ႏွလံုးခုန္ႏႈန္းနဲ႔အသက္ရႈႏႈန္းဟာ အတူတူပဲျဖစ္ေနတာသတိထားမိပါလိမ့္မယ္။တစ္ခဏၾကာရင္ေတာ့ စိတ္ေပါ့ပါးျပီးေနလို႔ထုိင္လို႔ေကာင္းသြားတာေတြ႔ရမွာပါ။တကယ္ပဲ နာက်င္မႈေ၀ဒနာေလ်ာ့ပါးေစလားဆုိတာစမ္းၾကည့္ၾကဦးေနာ္ 

Ref:Brightside

Unicode

ကိုယ့်ချစ်သူလက်ဖဝါးက ဆေးတစ်ခွက်ဖြစ်နေတယ်ဆိုလို့ ဘာလဲသိချင်နေကြပြီမှတ်လား??ကဲ ဘာကိုဆိုလိုတာလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်

သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ ချစ်ခြင်းမေတ္တာတွေအပြည့်ရှိတဲ့ချစ်သူနှစ်ယောက် လက်ချင်းဆုပ်ကိုင်ထားတာ၊တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ထားတာတွေဟာ နာကျင်မှုကိုလျော့နည်းစေပါတယ်တဲ့။ခန္ဓာကိုယ်ကိုက်ခဲနာကျင်သလို ခံစားရတာ၊နေမကောင်းဖြစ်နေတာ၊ဝမ်းနည်းအားငယ်နေတာစသဖြင့်စိတ်ခံစားချက်နာကျင်နေတဲ့အခါမျိုးမှာ ချစ်သူလက်ကိုဆုပ်ကိုင်ထားတာက နာကျင်မှုကိုလျော့ပါးသွားစေပါတယ်။

ကိုယ့်ချစ်သူက ကိုယ်စိတ်မကောင်းဖြစ်ဝမ်းနည်းနေတဲ့အချိန် ကိုယ့်လက်ကိုဆုပ်ကိုင်ပေးထားတဲ့အခါ စိတ်နာကျင်မှုလည်းလျော့နည်းလာပြီး စိတ်လည်းပိုပြီးသက်တောင့်သက်သာဖြစ်လာပါတယ်တဲ့။ဒါကိုလေ့လာတွေ့ရှိခဲ့တဲ့ Goldstein ဆိုတဲ့ စိတ်ပညာရှင်တစ်ယောက်ဟာ သူ့ဇနီးရင်သွေးလေးမွေးဖွားနေတဲ့အချိန် မှာ လက်ကိုဆုပ်ကိုင်ထားပြီးလက်တွေ့စမ်းသပ်ခဲ့ပါတယ်။အဲ့ဒီနောက် စုံတွဲ ၂၀ ကျော်ကိုလည်း တစ်နှစ်ကျော်ကြာစမ်းသပ်ခဲ့ရာမှ အခုလို ချစ်သူဇနီးမယားလက်ကိုဆုပ်ကိုင်ပေးထားတာဟာ နာကျင်မှုဝေဒနာခံစားရမှုကိုလျော့နည်းသွားစေကြောင်းလေ့လာတွေ့ရှိလာခဲ့တာပဲဖြစ်ပါတယ်။

ကဲ ဒီတော ့ နေမကောင်းဖြစ်နေတဲ့အချိန်၊စိတ်ထဲမှာဝမ်းနည်းအားငယ်နေတဲ့အချိန်ဆို ကိုယ့်ချစ်သူလက်ကိုသာ ကိုင်ထားလိုက်ပါ။နှလုံးခုန်နှုန်းနဲ့အသက်ရှုနှုန်းဟာ အတူတူပဲဖြစ်နေတာသတိထားမိပါလိမ့်မယ်။တစ်ခဏကြာရင်တော့ စိတ်ပေါ့ပါးပြီးနေလို့ထိုင်လို့ကောင်းသွားတာတွေ့ရမှာပါ။တကယ်ပဲ နာကျင်မှုဝေဒနာလျော့ပါးစေလားဆိုတာစမ်းကြည့်ကြဦးနော် 

Ref:Brightside

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.