သိပ်မကြာခင်ပြတ်စဲတော့မယ့်ချစ်သူတွေဆိုတာ

RS တစ်ခုကို အတူတူဖန်တီးတည်ဆောက်ထားတဲ့ ချစ်သူနှစ်ဦးကြားထဲမှာ ဘယ်အချက်တွေကို ကြည့်ပြီး သိပ်မကြာခင်ပြတ်စဲတော့မယ် ၊ ဒါမှဟုတ် ရေရှည်လက်တွဲသွားလို့မရနိင်ဘူးဆိုတာ ဘယ်လို အချက်တွေကနေသိသာနေပါသလဲ။ ကိုယ်ရော RS ရှိတဲ့သူတစ်ယောက်ဆိုရင် ကိုယ်တွေ အတွဲရော ဘယ်လိုအတွဲမျိုးလဲ ဆိုတာသိရှိနိင်စေဖို့အတွက် ရေရှည် မတည်တံ့နိုင်တဲ့ အတွဲတွေရဲ့လက္ခဏာ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်….
(၁) အနာဂတ် အတွက်တူညီတဲ့ရည်ရွယ်ချက်မရှိဘူး
ချစ်သူနှစ်ယောက်မှာ လိုချင်တဲ့အရာတွေက မတူညီကြဘူး။ တစ်ယောက်နဲ့တစ်ယောက် နဲ့တစ်ယောက်ခံယူထားတဲ့ ဘ၀တွေ၊ နေထိုင်မှုပုံစံတွေက ဆန့်ကျင်ဘက်တွေဖြစ်နေမယ်။ ဒါမျိုးတွေဖြစ်နေပြီဆိုရင်တော့ဒီလူနှစ်ယောက်ကနှစ်ယောက်တစ်ဘ၀ အခြေအနေထိရောက်အောင် သွားနိင်ကြမယ့်သူတွေမဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်ကိုယ့်ချစ်သူရဲ့စိတ်ဓာတ်တွေ ခံယူချက်တွေ ဘ၀နေထိုင်မှုပုံစံတွေတော်တော်များများဟာ ကိုယ်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေရင်သတိထားဖို့လိုပါပြီ။
(၂) ပျော်ရွှင်အောင်မဖန်တီးပေးနိုင်ဘူး
တစ်ယောက်အတွက် တစ်ယောက် ကြည်နူးစရာပျော်ရွှင်စရာ ကောင်းတဲ့အရာလေးတွေကို မဖန်တီးပေးနိင်ဘူး(သို့) ဖန်တီးမပေးဖြစ်ဘူး ဆိုရင် တစ်ယောက်ရင်ထဲမှာတစ်ယောက်ဟာ နေရာယူနိုင်တော့မှာမဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ် စွဲလမ်းကြတယ် ဆိုတာမှာ တစ်ယောက်ပေါ်တစ်ယောက်ပေးတဲ့ပျော်ရွှင်ကြည်နူးခြင်းတွေကလည်းအရေးပါလှပါတယ်။ အာ့လို တစ်ယောက်အတွက်တစ်ယောက်က ဘယ်လိုကြည်နူးမှုမျိုးမှမပေးနိုင်တော့ဘူးဆိုရင် မကြာခင်ပြတ်စဲဖို့ဖြစ်လာနိုင်ပါတယ်။
(၃) စိတ်မလုံဘူး
လူတော်တော်များများဟာ ကိုယ်ချစ်တဲ့သူနဲ့တူတူရှိနေတဲ့အချိန်မှာပြီးပြည့်စုံတယ်၊ အေးချမ်းတယ် ၊နွေးထွေးတယ် စသည်ဖြင့်ခံစားရတာကြောင့်အချစ်ဆိုတာဖြစ်လာခဲ့ပါတယ်။ ဒီလိုမခံစားရပဲ သူနဲ့ရှိနေရင် စိတ်ကျဉ်းကျပ်တယ်၊စိတ်ပင်ပန်းတယ်၊ ထိန်းချုပ်ရတာတွေများတယ်၊ လုံခြုံမှုမရှိဘူး နွေးထွေးမှုမရှိဘူးလို့ခံစားနေရရင် အဲ့ဒီလူနဲ့ရေရှည်မသွားနိင်ဘူးဆိုတာသိသာနေပါပြီ။
(၄) မယုံကြည်ဘူး
ချစ်သူနှစ်ယောက်ဟာတစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင်ပေါင်းဖက်ဖို့ဆိုတာဝေလာဝေးပါ။ သူဘယ်လောက်ကြိုးစားကြိုးစား သူဘယ်လောက် အောင်မြင်အောင်မြင် သူဘယ်လောက်ကောင်းအောင်နေနေ ကိုယ့်ဘက်က အကောင်းမမြင်ပဲ ယုံကြည်မှုကင်းမဲ့နေတယ်၊ သူ့ဘက်ကဘလည်း ထိုနည်း လည်းကောင်းပဲဆိုရင် ဘယ်လိုမှရေရှည်တည်တံ့နိုင်မှာမဟုတ်ပဲ သိပ်မကြာခင်မှာပြတ်စဲနိုင်ပါတယ်။
(၅) အချိန်တိုင်းရန်ဖြစ်နေရတယ်
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့အတွဲတွေအများကြီးရှိသော်ငြားလည်း ရန်ဖြစ်တိုင်းပြန်မချစ်ပဲ တစ်ယောက်ပေါ် တစ်ယောက်နစ်နစ်နာနာတွေပြောပြီး စိတ်နာကျင်ရတာတွေလည်းရှိတက်ကြပါတယ်။ ရန်တစ်ချိန်လုံးဖြစ်နေတဲ့အတွဲဟာပိုင်ဆိုင်ရတဲ့ သမီးရည်းစားဘ၀ကိုငြီးငွေ့လာတက်ပြီး တစ်ယောက်ပေါ်တစ်ယောက် အချစ်လျော့ကာ ပိုပြီး ရင်ဘတ်ချင်းဝေးကွာသွားတက်ကြပါတယ်။ ဒီလိုနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်မလျော့ရင်း မကြာခင်မှာပြတ်စဲသွားတက်ကြပါတယ်။
ကိုယ်နဲ့လိုက်ဖက်တဲ့ ဘ၀လက်တွဲဖော်များနဲ့ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့ရည်ရွယ်ရင်း….

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.