RS တစ်ခုမှာထားခဲ့ခြင်းမခံရလေအောင်

ကိုယ့်ကို တစ်စုံတစ်ခုကလိမ်လည်လှည့်စားတဲ့အခါသိပ်ခံရခက်ပါတယ်။ အဲ့လိုထဲမှာမှ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ရေးတစ်ခုမှာကိုယ့်ချစ်သူရဲ့လှည့်စားဖောက်ပြန်ခြင်းကို ခံရတာရင်နာလို့မဆုံးပါပဲလေ။အစတည်းကမေတ္တာ မစစ်မှန်ခဲ့တဲ့သူက လိမ်လည်ဖောက်ပြားဖို့မခက်ခဲဘူးဆိုပေမဲ့ အစတုန်းကတော့ချစ်ခဲ့ပြီး နောက်ပိုင်းကျမှ ကိုယ့်ကိုယ်လှည့်စားပြီးဖောက်ပြန်သွားတာမျိုးတွေလည်းရှိတက်ကြပါတယ်။ ဆိုတော့ကိုယ်တည်ဆောက်ထားတဲ့ RS တစ်ခု မှာ အတက်နိုင်ဆုံး ဖောက်ပြန်လှည့်စားခြင်းမခံရအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ကြိုတင်ကာကွယ်သင့်လဲ။ ဘယ်လိုနည်းလမ်းတွေသုံးပြီးကိုယ့်ရဲ့လက်တွဲဖော်ကို ကိုယ့်ဆီကထွက်ခွာသွားလိုစိတ်နည်းအောင်ကိုယ့်ဘက်ကလည်းဘယ်လိုကြိုးစားသင့်သလဲ…
(၁) သဘောတူညီမှုလေးတွေထားရှိပါ
တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ လက်တွဲသွားချင်တယ်ဆိုရင်တစ်ယောက်နဲ့တစ်ယောက် သဘောတူညီမှုလေးတွေထားသင့်ပါတယ်။ ဥပမာ-ကောင်လေးက ရုံးကအလုပ်ကိစ္စကြောင့် မသွားမဖြစ်လူကြီးတွေနဲ့ Dinner သွားရမယ် အသောက်အစားလေးတွေရှိမယ်ဆိုရင် ကိုယ့်ဘက်က OK ဘယ်လောက်ပဲထိန်းသောက် ဆိုတာမျိုးသတိပေးတာမျိုး၊အဲ့လို တစ်ယောက်ကိုတစ်ယောက် ကြီးစိုးတာမျိုးမလုပ်ပဲ သဘောတူညီချက် နားလည်မှုတစ်ခုထားပြီး နေထိုင်သင့်ပါတယ်။ ကိုယ့်ဘက်က ကိစ္စသေးသေးလေးတွေတောင်နားလည်မှုမပေးဘူး သဘောတူညီချက်မထားဘူးဆိုရင် လူတစ်ယောက်ဟာ ကိုယ့်နားမှာ နေရတာပျော်စရာမကောင်းနိုင်တော့ပါဘူး။
(၂) သ၀န်မကြောင်ပါနဲ့
ချစ်သူရည်းစားသဘာဝမို့တစ်ယောက်ပေါ် တစ်ယောက် သ၀န်တို စိတ်ပူတာမျိုးကို လက်ခံနိုင်ပါတယ်။ ဒါဟာ တစ်ယောက်ပေါ်တစ်ယောက်ချစ်တဲ့စိတ်ကြောင့်ဖြစ်နေရတာလေ။
ဒါပေမဲ့တစ်ယောက်ကို တစ်ယောက် သ၀န်တိုရင်းကနေ မတရားအချစ်တွေကြီးပြီး သ၀န်ကြောင်တာမျိုးတွေထိဖြစ်လာနိုင်ပါတယ်။ တစ်ယောက်ပေါ်တစ်ယောက်ချစ်လို့သ၀န်တိုတာဟာ ကြည်နူးစရာကောင်းပင်မဲ့သ၀န်ကြောင်တဲ့ အဆင့်ရောက်သွားရင်တော့ ကိုယ့်လက်တွဲဖော်လည်း စိတ်ကျဉ်းကြပ်ပြီး မွန်းကြပ်စေတဲ့အပြင် ပတ်ဝန်းကျင်အမြင်မှာလည်း အမြင်ကတ်စေနိုင်ပါတယ်။ ကြာလာတာ့ကိုယ့်ရဲ့အချစ်ကြီးမှုတွေကြောင့်စိတ်တွေမွန်းကြပ်ပြီး ထွက်ပြေးချင်စိတ် ဖောက်ပြားလိုစိတ်တွေဖြစ်လာတက်ပြီး ကိုယ့်ကို လှည့်စားကာ အနားကထွက်သွားနိုင်စေပါတယ်။
(၃) သူ့အလုပ်ကိုကူညီပေးပါ
ကိုယ့်ကောင်မလေးရဲ့ကိစ္စတွေကောင်မလေးတွေကလည်းကိုယ့်ချစ်သူရဲ့ကိစ္စတွေကို ကိုယ်နဲ့မဆိုင်သလို မနေပဲတက်နိုင်သလောက်ကူညီဖြေရှင်းပေးပါ။ ဒါဟာ တစ်ယောက်ကိုတစ်ယောက် ပို အချစ်တိုးစေပြီး တစ်ယောက်နားကတစ်ယောက် လွယ်လွယ်နဲ့ထွက်မသွားချင်တဲ့စိတ် တစ်မျိုးဖြစ်အောင် အများကြီးဖန်တီးပေးနိုင်ပါတယ်။
(၄) ကိုယ့်ရည်ရွယ်ချက်တွေကို မှန်ကန်ကြောင်းပြပါ
တစ်စုံတစ်ခုကို လုပ်ဆောင်တိုင်းကိုယ်လုပ်တဲ့အလုပ် ကိုယ်တွေးတဲ့အတွေး ကိုယ့်ရဲ့အပြုမူတွေအားလုံးဟာ အဓိပ္ပါယ်ရှိတဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာကို ကိုယ့်ချစ်သူမြင်အောင်ချပြပါ။ တစ်ယောက်နဲ့တစ်ယောက်လက်တွဲဖို့မှာ ချစ်တဲ့စိတ်အပြင် လေးစားစိတ်လေးပါရှိနေဖို့လိုပါတယ်။ ကိုယ်တိုင်လည်းသူ့ကို ယုံကြည်လေးစားဖို့လိုသလို လေးစားခြင်းခံရအောင်နေတက်ဖို့လည်းလိုပါတယ်။ ကိုယ့်မှာ လုပ်ဆောင်ချက်တွေ ရည်ရွယ်ချက်တွေဟာ ရှင်းရှင်းလင်းလင်းနဲ့အဓိပ္ပါယ်ရှိနေပါစေ။
(၅) အခွင့်ရေးကို အကန့်အသတ်နဲ့ပေးပါ
တစ်ယောက်ပေါ်တစ်ယောက်ဘယ်လောက်ပဲချစ်ချစ် ကိုယ့်ဘက်ကသူ့ကို လိုက်လျောပေးဆပ်တာတွေများတဲ့အခါ အစတုန်းကထက်နည်းနည်း အချစ်ပေါ့လာတက်ကြတာ လူ့သဘာဝပါ။ ဒါကြောင့်မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ်ကိုယ့်ချစ်သူကို ချစ်တဲ့အခါ ဘရိတ်လေးနဲ့ထိန်းပြီးချစ်ပါ။ ကိုယ့်တန်ဖိုးကိုယ့်မာန ကိုယ့်သိက္ခာကို အကျခံပြီး တဲ့အထိလိုက်လျောချစ်ပေးတာတေါများတဲ့အခါ ကြာရင် ကိုယ့်အပေါ်တန်ဖိုးထားရမှန်းမသိပဲ ကိုယ်ဟာသူ့အတွက် စိတ်ဝင်စားစရာအကောင်းတော့တဲ့သူတစ်ယောက်ဖြစ်လာနိင်ပါတယ်။
ထွက်သွားချင်တဲ့သူကတော့ဘယ်လိုကြိုးစားစားထွက်သွားမှာပဲဆိုပင်မဲ့ ကိုယ့်အပေါ်ချစ်ပေမဲ့ကိုယ့်ရဲ့မဆင်ခြင်မိတဲ့အမှားတစ်ချို့ကြောင့်ကိုယ့်နားမှာနေဖို့စိတ်ကုန်သွားတက်ကြပါတယ်။
ဒါကြောင့် RS တစ်ခုမှာ အထားခံခဲ့ရတဲ့သူမဖြစ်ရလေအောင် ၊ တည်မြဲတဲ့ RS တစ်ခုအဖြစ် တည်ရှိအောင် အပေါ်က အချက်တစ်ချို့ ကအနည်းငယ် အထောက်အကူပြု နိုင်ပါစေလို့ဆုတောင်းရင်း…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.