ယောက်ျားလေးတွေ ဘယ်တော့မှပြောထွက်မှာမဟုတ်တဲ့ လျှို့ ဝှက်ချက်တွေ

မိန်းကလေးတွေမှာ လူသိမခံချင်တဲ့ ကိစ္စလေးတွေရှိသလို ယောက်ျားလေးတွေမှာ ဘယ်သူ့ကိုမှ ထုတ်မပြောချင်တဲ့ လျှို့ ဝှက်ချက်လေးတွေ ရှိပါတယ်။ ယောက်ျားသားတွေရဲ့သဘာဝ မိန်းကလေးတွေရဲ့အမြင်မှာ သူတို့အားလုံးအဆင်ပြေတယ် ၊ ဖြတ်ကျော်နိုင်တယ် ၊ မားမားမတ်မတ်ရပ်တည်နိုင်တယ်လို့ မြင်စေချင်ပေမယ့် တကယ်တမ်းလက်တွေ့မှာ သူတို့အတွက် အဆင်မပြေတာလေးတွေ ၊ခက်ခဲနေတာလေးတွေ ရှိနေတတ်ပါတယ်။ ဒါလေးတွေကို မိန်းမသားများကလည်း သိထားတော့ သူတို့ကိုနားလည်ပေးလို့ရတာပေါ့။ သူတို့ထုတ်မပြောချင်တဲ့ လျှို့ ဝှက်ချက်တွေက ဘာတွေများဖြစ်မလဲ ?..

ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ


ကြော့ရှင်းလှပတဲ့ ခန္ဓာကိုယ်မျိုးကို မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်သလို ယောက်ျားလေးတွေလည်း
ပိုင်ဆိုင်ချင်တာပေါ့နော်။ ခပ်တောင့်တောင့် ခပ်ဖြောင့်ဖြောင့် ယောက်ျားလေးတွေမြင်ရင် ပေါ်တင်တော့မဟုတ်ပေမယ့် သူတို့ ရင်ထဲမှာ ငါလည်းဒီလိုဖြစ်ချင်တယ်ဆိုတဲ့ အားကျစိတ်လေးတွေ တွယ်ငြိသွားတတ်ပါတယ်။ Gym မသွားဖြစ်ရင်တောင် Google ကနေ ယောက်ျားသားများအတွက် အိမ်မှာလုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေကို လိုက်ရှာနေတတ်ကြပါတယ်။

ငွေရေးကြေးရေး

💔
💔


ယောက်ျားလေးတွေဟာ ကိုယ့်ချစ်သူရှေ့မှာ ပိုက်ဆံမရှိကြောင်း ထုတ်မပြောပြချင်ဘူး။ ဘယ်သွားသွား၊ဘာလုပ်လုပ် သူတို့ပဲငွေထုတ်ရှင်းပေးချင်တာ ယောက်ျားလေးတွေရဲ့သဘာဝပါ။ ဒါပေမယ့်လည်း ပြတ်တုန်းလပ်တုန်း အချိန်တွေဆိုတာ သူတို့ဆီမှာလည်းရှိတာပဲလေ။ သောက်ရယ်စားရယ်၊ သွားရယ်လာရယ်နဲ့ ကိုယ့်အသုံးစရိတ်နဲ့ ကိုယ်ပါပဲ။ ပိုက်ဆံမရှိဘူးလို့ပြောရင် မိန်းကလေးတွေဘက်က အထင်သေးမှာကိုသူတို့စိုးရိမ်တာကြောင့် ထုတ်မပြောချင်ကြတာပါ။ ရည်စားမရှိတဲ့ ကောင်လေးတွေဆိုလည်း ကိုယ့်လစာနဲ့ကိုယ်တောင် မလောက်လို့ ခြစ်ခြစ်ကုတ်ကုတ်နေရတဲ့အခြေအနေမှာ ကြိုက်မိတဲ့ကောင်မလေးရှိရင်တောင် ငွေကြောင့် နောက်ဆုတ်သွားကြတာတွေရှိတယ်လို့တော့ ကြားဖူးတာပါပဲ.. 

အရပ် 


ယောကျာ်းလေးတွေက သူတို့အရပ်နဲ့ပတ်သတ်ပြီး လူတွေဝေဖန်မှာကို စိုးရိမ်ပါတယ်။ အထူးသဖြင့် သူတို့တွဲတဲ့ မိန်းကလေး သူ့ထက်ရှည်နေရင်ပိုဆိုးပါတယ်။ ဒီလိုဆို သူတို့အတွက် သိမ်ငယ်သလိုခံစားရစေတယ်။ ဒါကြောင့် သူတို့ထက်ပုတဲ့ ကောင်မလေးတွေရှာရင်း single ဖြစ်နေကြတာတွေလည်း အများကြီးပါတဲ့…

တကယ်ချစ်တဲ့ မိန်းကလေးကို ဆုံးရှုံးရမှာကြောက်တယ်

🤨


ယောက်ျားဆိုတာမျိုးက အခြားမိန်းကလေးတွေကို သူတို့လိုက်ကြည့်ချင် ကြည့်မိမယ်။ သူတို့ကောင်မလေးကို အခြားကောင်လေးတွေ လာကြည့်ရင် မကြိုက်ဘူးတဲ့။ အဲ့လိုဆို ကောင်မလေးကို ဆုံးရှုံးရမှာကြောက်ကြတယ်။ အခြားယောက်ျားလေးနဲ့ သူ့ကောင်မလေးပျော်နေတာမြင်ရင် ဒါမှမဟုတ် အလုပ်သဘောအရ သိသွားတဲ့ ယောက်ျားလေးတွေနဲ့ ရင်းနှီးနေတာမျိုးမြင်ရင် သဝန်တိုတတ်ကြပါတယ်။

အတိတ်အတွက် စိုးရိမ်နေ

Related image


တစ်ခါတစ်လေ ဆိုးဝါးတဲ့အတိတ်တွေက အနာဂတ်ထိပါ လိုက်ပါနှောင့်ယှက်တတ်ကြပါတယ်။ အရင်တစ်ယောက်နဲ့ ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ။ ဒီကိစ္စဟာ ယောက်ျားတွေရဲ့စိတ်ထဲကို ခြောက်လန့်နေတတ်တယ်။ ဒီအတိတ်ကိစ္စကြောင့် လက်ရှိ ချစ်သူနဲ့ ဝေးရမှာကို စိုးရိမ်တာပါ။ အတိတ်က အတိတ်ပဲ .. အခုလက်ရှိအချိန်နဲ့ ဘာမှမဆိုင်ဘူးဆိုပေမယ့် အမှန်တိုင်းပြောလိုက်လို့ သူ့မိန်းကလေး လက်မခံပေးနိုင်မှာကို စိုးရိမ်နေမှုသက်သက်သာဖြစ်ပါတယ်။

စိတ်ခံစားချက်ဖော်ပြရာမှာ

Related image


ယောက်ျားတစ်ယောက် ငိုတာကို မင်းတွေ့ဖူးလား ? ၅ဝရာခိုင်နှုန်းသော ယောက်ျားတွေသာ ငိုချင်စိတ်ကိုမထိန်းချုပ်နိုင်လို့ မျက်ရည်ကျပါလိမ့်မယ်။ အများစုကတော့ သူတို့စိတ်ခံစားချက်ကို အပြင်မှာထုတ်မပြကြဘူး။ ကောင်မလေးရှေ့မှာဆို ဒီလိုထုတ်ပြရမှာကို ပိုတောင်ရှက်သေးတယ်။ ယောက်ျားလေးလည်း သွေးနဲ့သားနဲ့ ငိုမှာပါပဲ။ လူတွေမသိတဲ့ နောက်ကွယ်မှာသာ သူတို့မျက်ရည်ကျချင် ကျတာပါ။ ငယ်စဉ်တည်းက ယောက်ျားလေးဖြစ်ပြီး မငိုနဲ့စမ်းလို့ လူကြီးတွေ ဆုံးမကြတာ ကြားဖူးမှာပေါ့။

ယောက်ျားမပီသဘူးလို့ အထင်ခံရခြင်း 


ယောက်ျားလေးတစ်ယောက်ဟာ ယောက်ျားအလုပ်မှာ တက်မြောက်ကျွမ်းကျင်မှုမရှိရင် အထင်သေးခံရမှာကို စိုးရိမ်တယ်။ မိန်းမက အားကိုးတကြီးနဲ့ ” ဒါလေး ပြင်ပေးပါဦး ယောက်ျားရေ” လို့ ပြောလာတဲ့အခါ ကိုယ်မကိုယ်တွယ်နိုင်တဲ့အရာဖြစ်နေရင် အကူညီမပေးနိုင်မှာကို ကြောက်ကြတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လုပ်ရည်ကိုင်ရည်ရှိတဲ့ယောက်ျားဆို မိန်းကလေးတွေက သဘောကျကြတယ်လေ။ သူတို့အပေါ် သဘောကျမှုလျော့နည်းသွားမှာစိုးပြီး ယောက်ျားမပီသဘူးလို့ ထင်သွားမှာကို စိုးရိမ်တာပါ။

😉

လူရယ်လို့ဖြစ်လာရင်တော့ ပြည့်စုံတယ်ဆိုတာမရှိပါဘူးနော်။ ကိုယ်တောင်မှ လိုအပ်ချက်ရှိနေရင်
သူ့ကိုလည်း အပြစ်မြင်နေလို့ ဘယ်ရမလဲ။ နားလည်မှုဆိုတာ သူ့လိုအပ်ချက်တွေကို ဖြည့်မြင်ပေးတာမျိုးပေါ့… 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.