စိတ်ကောက်တတ်တဲ့ချစ်သူကို ဒီလိုပဲပစ်ထားတော့မှာလား

ယောက်ျားလေးတွေက ချစ်သူစိတ်ကောက်ရင် တော်တော်နဲ့ပြန်မချော့ချင်ကြပါဘူး။
စကြိုက်တုန်းကသာ ဘယ်လောက်စိတ်ကောက်ကောက် ချော့မယ်ဆိုတဲ့ လူတွေဟာ အချိန်တစ်
ခုရောက်လာတော့လည်း ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်နိုင်သွားကြတယ်။

Image result for mad girlfriend

တစ်ခုလောက် စဉ်းစားကြည့်ပါ။ သူစိတ်ကောက်တယ်ဆိုတာ မင်းအချော့ခံချင်လို့လေ။
မင်းဆီက ကြည်နူးတဲ့စကားသံလေးတွေ သူကြားချင်လို့လေ။ မင်းကိုချစ်လို့ သူစိတ်ဆိုးတာပါ။
ဒါကို အလိုက်မသိပဲ မချော့ပဲပစ်ထားရင် ပိုဆိုးကုန်မှာပေါ့။ ဘယ်မိန်းမမှတော့ အလကားနေရင်း
စိတ်ကောက်ပြီး မနေချင်ပါဘူး။ တစ်ခါတစ်လေ မိန်းကလေးတွေက သူတို့စိတ်တိုင်းမကျရင်
ပါးစပ်က ထုတ်မပြောတတ်ဘူး။ မင်းက မျက်နှာရိပ်ကိုကြည့်တတ်ရမယ်။

တစ်ချိန်လုံး ချစ်သူမျက်နှာ အငြိုးမခံအောင်ထားလို့ ပြောတာဟုတ်ဘူးနော်။ ဆိုလိုတာက
အလိုက်သိတဲ့လူဆိုတာ နေရာတကာမှာ လူချစ်လူခင်ပေါတယ်လေ။ မင်းသာအလိုက်သိနေမယ်
ဆို ချစ်သူက စိတ်ကောက်ပါဦးမလား။ မိန်းကလေးနဲ့ ယောက်ျားလေးက အတွေးခေါ်ချင်းတော့
ကွာပါတယ်။ မင်းတို့အတွက် စိတ်ရှုပ်စရာကိစ္စက သူမအတွက် လိုအပ်နေတာလည်း ဖြစ်နိုင်တာပဲလေ။

Related image

ဘာမှမဟုတ်တဲ့ ကိစ္စအသေးမွှားလေးကအစ စိတ်ကောက်တတ်တဲ့ မိန်းမဆိုရင်တော့
စဉ်းစားပေါ့။ ဒီလိုမိန်းမမျိုးက တစ်သက်လုံးချော့လို့ပြီးတော့မှာမဟုတ်ဘူး။ မတွဲခင်တည်းက
သေချာရွေးချယ်ဖို့ လိုပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ရုပ်ဘယ်လောက်လှနေပါစေ..
ကိုယ်နဲ့အကျင့်စရိုက်မတူရင် မမြဲပါဘူး။

အိုခေ.. ဒါဆို စိတ်ကောက်ရင် ချော့ရမယ့်အလုပ်ကို စိတ်ရှုပ်စရာလို့ မမြင်ပါနဲ့။ ကိုယ့်ကိုချစ်လို့
ဆိုတာလေးတော့ အမြဲအမှတ်ရပေးပါ ချိဖတို့…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.