ဆဲတတ်တဲ့လူတိုင်းဟာ အရိုင်းစိုင်းတွေလား

မုသားမပါ လင်္ကာမချောဆိုသလိုပဲ အဆဲမပါရင် စကားပြော မချောတော့သလိုလို။
ဆဲတဲ့စကားဆိုတာက ကောင်းတာတော့မဟုတ်ဘူး။ ဒါပေမယ့်လည်း အခုခေတ်လူငယ်အများစု
ဆဲတတ်လာကြပါတယ်။ အပေါင်းသင်းနဲ့လည်း ဆိုင်သလို မိဘမျိုးရိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။

မိဘက အဆဲမသန်ပေမယ့် အပေါင်းသင်းကြောင့် ဆဲတတ်သွားတဲ့ကလေးတွေလည်း အများကြီးပါ။
ဒီနေရာမှာ ဆဲတိုင်း ရိုင်းတာလား ဆိုတာကို သေချာခွဲခြားကြည့်မယ်။ ယောက်ျားလေးတွေက
ဂိမ်းဆော့တဲ့အချိန် ပိုဆဲကြမယ်ထင်တယ်။ မိန်းကလေးတွေကတော့ သူငယ်ချင်းတွေနဲ့ဆုံချိန်ဆို
အဆဲစကားလေးတွေ ပိုဓာတ်ကြတာပေါ့။

Image result for argue

သူငယ်ချင်းတွေနဲ့ တွေ့တုန်း စရင်းနောက်ရင်း ဆဲကြတာဟာ ဒါအပျော်သဘောသက်သက်ပါ။ ဆဲဖူးသူတိုင်း သူမှာပါ။ ရပ်ကွက်ထဲမှာလို တစ်အိမ်နဲ့တစ်အိမ် ရန်ဖြစ်ရင်း အာကြမ်းလျှာကြမ်းကြီးနဲ့ လှမ်းဆဲနေတာမျိုးတော့ မဟုတ်ဘူးပေါ့။ ဆဲတာမှာတောင် သူက အကန့်တွေရှိပါတယ်။ အထာလေးလည်း ကျဖို့လိုတယ်။

တခုခုကြုံမှ ဆဲတာမျိုးနဲ့ ပြောသမျှစကားလုံးတိုင်းမှာ အဆဲပါနေတာကြီးကလည်း နားဝင်ဆိုးစေတယ်။ မိန်းကလေးဆိုလည်း နှုတ်ကြမ်းလိုက်တာလို့ အခြားသူတွေ အမြင်မှာထင်သွားနိုင်ပါတယ်။ ဒီတော့ ဆဲတိုင်း ရိုင်းတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အခြေအနေ အချိန်ခါလေး ကြည့်ဆဲကြပေါ့။

Image result for argue

ဆဲတယ်ဆိုတဲ့နေရာမှာ တစ်ပါးသူကို နာကျင်လိုတဲ့စိတ်နဲ့ စနောက်လိုတဲ့ စိတ်တောင် ကွာပါသေးတယ်။ သတိလေး ထားနော်။ စကားကပြောပြီးရင် ပြန်ဖျက်လို့မရဘူး။ တစ်ဖက်သား ရင်မှာစိုက်ဝင်သွားတတ်ပါတယ်။

ကိုယ့်ကိုလာပြီး ဘိုလာကျ ၊ အထက်စီးဆန်နေပြီဆို တစ်ချို့ ဆို ဆဲတဲ့စကားလုံးတစ်လုံးတောင်မပါပဲ ပညာသားပါပါ နာအောင်သိပ်ပြောတတ်ကြတယ်။ ဒါမျိုးကျ ယဉ်ကျေးနေစရာမလိုဘူး။ ပြောသင့်ပြောရမယ်။ ဆဲချင်သေးလား ရသေးတယ်။ ဒါကြောင့် အခြေအနေကြည့်လို့။ ဆဲတဲ့လူတိုင်း ရိုင်းတာမဟုတ်သလို ၊ မဆဲတဲ့လူတိုင်းလည်း ယဉ်ကျေးနေတာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို အမြင်တစ်မျိုးတည်းနဲ့ ကြည့်ပြီး သိမ်းကျုံးမဆုံးဖြတ်လိုက်ပါနဲ့။ သူဟာ ကိုယ်ထင်ထားတာထက် အများကြီးကောင်းချင် ကောင်နေနိုင်ပါတယ်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.