
နေပြည်တော်၊ မေလ ၁၉
၂၀၁၉ခုနှစ်၊ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်နေ ဒေါ်ခင်သန်းမြင့် သည် နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်ရှိနေစဉ် အိပ်ခန်း အတွင်းသို့ အမည်မသိအမျိုးသား(၁)ဦး ဝင်ရောက်လာကာ ဒေါ်ခင်သန်းမြင့် အား သိုင်းဖက်ကာ ပါးစပ်အားပိတ်၍ မအော်ရန်ပြောဆိုကြောင်း၊ ထို့နောက် ဒေါ်ခင်သန်းမြင့် အား အရှည်(၄)လက်မခန့်ရှိ ××××ချွန်ထက်သော အရာဝတ္ထုအားပြပြီး ခြိမ်းခြောက်၍ ၎င်းမှ ငွေလိုချင်တယ် ဟုပြောဆိုကာ ကုတင်ဘေးရှိ စားပွဲခုံအံဆွဲများအား ဆွဲဖွင့်ရှာဖွေခဲ့ကြောင်း၊ ငွေမတွေ့ရှိသည့်အတွက် ဒေါ်ခင်သန်းမြင့် အား ဘာရှိလဲဟု မေးမြန်းခဲ့ရာဒေါ်ခင်သန်းမြင့် မှ အသက်အန္တရာယ် တစ်စုံတရာပြုလုပ်မည်ကို စိုးရိမ်၍ ၎င်းဝတ်ဆင်ထားသည့် တန်ဘိုးငွေ(၁၇)သိန်းကျပ်တန် စိန်ခြယ်နားကပ်(၁)ရံအား ချွတ်ပေး ခဲ့ကြောင်း၊ ၎င်းနောက် အဆိုပါအမျိုးသားမှ ဧည့်ခန်းရှိ ကုလားထိုင်ပေါ်တွင် တင်ထားသော အမျိုးသမီးလက်ကိုင်အိတ် အတွင်းမှ ငွေကျပ်(၁၀)သိန်းအားယူသွားသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ အမှတ်(၁)နယ်မြေရဲစခန်း(ပ)၂၆၇/၂၀၁၉၊ ရာသတ်ကြီးပုဒ်မ၃၈၆ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

ငွေကျပ်(၁၀)သိန်းနှင့် (၁၇)သိန်းတန်ဖိုးရှိ နားကပ်(၁)ရံတို့ကို နေအိမ်အတွင်းဝင်ရောက်၍ ခြောက်လှန့်ယူဆောင်သွားသူအားCCTV မှတ်တမ်းမှ တစ်ဆင့် ၂၄နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ မေလ ၁၉
၂၀၁၉ခုနှစ်၊ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်နေ ဒေါ်ခင်သန်းမြင့် သည် နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်ရှိနေစဉ် အိပ်ခန်း အတွင်းသို့ အမည်မသိအမျိုးသား(၁)ဦး ဝင်ရောက်လာကာ ဒေါ်ခင်သန်းမြင့် အား သိုင်းဖက်ကာ ပါးစပ်အားပိတ်၍ မအော်ရန်ပြောဆိုကြောင်း၊ ထို့နောက် ဒေါ်ခင်သန်းမြင့် အား အရှည်(၄)လက်မခန့်ရှိ ××××ချွန်ထက်သော အရာဝတ္ထုအားပြပြီး ခြိမ်းခြောက်၍ ၎င်းမှ ငွေလိုချင်တယ် ဟုပြောဆိုကာ ကုတင်ဘေးရှိ စားပွဲခုံအံဆွဲများအား ဆွဲဖွင့်ရှာဖွေခဲ့ကြောင်း၊ ငွေမတွေ့ရှိသည့်အတွက် ဒေါ်ခင်သန်းမြင့် အား ဘာရှိလဲဟု မေးမြန်းခဲ့ရာဒေါ်ခင်သန်းမြင့် မှ အသက်အန္တရာယ် တစ်စုံတရာပြုလုပ်မည်ကို စိုးရိမ်၍ ၎င်းဝတ်ဆင်ထားသည့် တန်ဘိုးငွေ(၁၇)သိန်းကျပ်တန် စိန်ခြယ်နားကပ်(၁)ရံအား ချွတ်ပေး ခဲ့ကြောင်း၊ ၎င်းနောက် အဆိုပါအမျိုးသားမှ ဧည့်ခန်းရှိ ကုလားထိုင်ပေါ်တွင် တင်ထားသော အမျိုးသမီးလက်ကိုင်အိတ် အတွင်းမှ ငွေကျပ်(၁၀)သိန်းအားယူသွားသဖြင့် အရးယူပေးရန် တိုင်တန်းချက်အရ အမှတ်(၁)နယ်မြေရဲစခန်း(ပ)၂၆၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၈၆ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။
ထို့နောက် ပြစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကွပ်ကဲကြီးကြပ်မှုဖြင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာအခင်းဖြစ်နေအိမ်ဘေးရှိcctvမှတ်တမ်းများအရ ပြစ်မှုကျူးလွန် သူမှာ မျက်စောင်းထိုးရှိ ရွှေကျီးမုန့်ကြွပ်စက်ရုံမှ အလုပ်သမားဖြစ်သူ ဝင်းစိုး(ခ)တင်မောင်စိုး(၃၄)နှစ် ဖြစ်ကြောင်းသိရှိပြီး ည ၈ နာရီ ၃၀ မိနစ်အချိန် ၎င်းနေထိုင်ရာ အလုပ် သမားတန်းလျားအရှေ့၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် ဝင်းစိုး(ခ)တင်မောင်စိုး အား အမှုဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Credit – ရဲဇာနည္

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.