မိခင်စွန့်ပစ်တဲ့ ကလေး ခွေးကလေး က ကယ်တင်

■ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မြေမြှုပ်ထားတဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တူးဖော်ကယ်ဆယ်ပေးခဲ့တဲ့ ပင်ပေါင် (Ping Pong) ဆိုတဲ့ ခွေးကလေးတစ်ကောင်ဟာ ခွေးသူရဲကောင်းအဖြစ် နာမည်ကျော်ကြားနေပါတယ်။

နတ်ခွန် ရတ်ချာစီမာ (Nakhon Ratchasima ) ပြည်နယ်၊ ချမ်ပေါင် (Chumpuang) ခရိုင်ထဲက လယ်ကွင်းတစ်ခုနားမှာ အဲဒီကလေးလေးကို ၁၅ နှစ်အရွယ် မိခင်က မေလ ၁၅ ရက်နေ့က မွေးပြီးပြီးချင်းမှာပဲ မြေမြှုပ်ခဲ့တာပါ။ ခွေးကလေး ‘ပင်ပေါင်’ ဟာ ကလေးမြှုပ်ထားတဲ့ အနားတဝိုက်ကို တူးဆွသလို နွားကျောင်းနေတဲ့ သူ့သခင်ကို ဟောင်ပြီးတော့ အသိပေးခဲ့ပါတယ်။
သခင်ဖြစ်သူက သွားကြည့်ရာမှာ အသက်မသေသေးတဲ့ ကျန်းမာသန်စွမ်းသူ ယောက်ျားလေးကို တွေ့ရပြီး ကလေးဟာ မြေမြှုပ်ခံထားရတာ သိပ်ကြာပုံမရသေးဘူးလို့ ဆိုပါတယ်။

ကလေးမိခင်ဟာ သူ့မိဘတွေသိရင် စိတ်ဆိုးမှာ ကြောက်ရွံ့တာကြောင့် ကလေးကို သူ့ဘာသာသူမွေးခဲ့ပြီး မွေးပြီးပြီးချင်းမှာပဲ မြေမြှုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးငယ်ကို လူသတ်ဖို့ အားထုတ်မှု၊ ကလေးစွန့်ပစ်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။ ဒေသတွင်းမီဒီယာတွေကတော့ ခွေးကလေး ‘ပင်ပေါင်’ ရဲ့ဆောင်ရွက်ချက်ကို ချီးကျူးရေးသားနေကြပါတယ်။

Photo: Khaosod via Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.