PNG လေယာဉ်ပျက်ကျမှုမှာ ၁၂ ဦးသေ

             အခု ပျက်ကျသွားတဲ့ လေယာဉ်နဲ့ ဆင်တူတဲ့ လေယာဉ် အမျိုးအစား (Credit: ABC licensed)

ပါပူဝါ နယူးဂီနီနိုင်ငံ အလယ်ပိုင်းမှာ ဆင်းသက်ဖို့ ကြိုးစားတဲ့ လေယာဉ်ငယ် တစ်စီး မတော်တဆမှု ဖြစ်ရာကနေ လူ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

သြစတြေးလျ နိုင်ငံသား လေယာဉ်မှူး မောင်းနှင်တဲ့ လေယာဉ်ဟာ Kiunga လေဆိပ်နဲ့ မနီးမဝေးမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။

မနေ့တုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှုအတွင်း လေယာဉ်မှူးအပါအဝင် အားလုံး သေဆုံးရတာ ဖြစ်ပါတယ်။

လေယာဉ် စက်အင်္ဂျင်ချို့ယွင်းမှုကြောင့် ပျက်ကျရတာလို့လည်း ပြောဆိုနေကြပါတယ်။

သြစတြေးလျ နိုင်ငံခြားရေး ဌာနကလည်း လေယာဉ် မောင်းသမားဟာ သြစတြေးလျ နိုင်ငံသား ဖြစ်ပြီး သေဆုံးတဲ့အထဲမှာ ပါဝင်တယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ခရီးသည်တွေကတော့ ပါပူဝါ နယူးဂီနီနိုင်ငံသားတွေပဲလား တခြားနိုင်ငံသားတွေ ပါသေးလား ဆိုတာ မသိရသေးပါဘူး။

ABC Radio Australia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.