ဘဝ၏အချစ်ဆုံးသူ

  
  ……ဒေါက်

……ဒေါက် 

……ဒေါက်
 ဆူညံနေတဲ့ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။သူတို့လေးစားရတဲ့ဆရာ ဝင်လာတာမို့ပါ။ဆရာ့အချိန်ဆို သာမာန်ထက် ကျောင်းသားဦးရေ ပိုများတတ်တယ်။ဆရာဟာ ကျောင်းသားဗဟိုပြု အတွေးခေါ်ဆိုင်ရာ အပြင်ဗဟုသုတလေးတွေ ပြောဆိုသင်ကြားတတ်လို့ ကျောင်းသားတွေ ပိုစိတ်ဝင်စား ပျင်းစရာ မကောင်းလို့ဖြစ်မယ်။

တခါတလေ ဆရာ့အချိန်တချို့မှာဆိုရင် text book ထဲကဟာ တစ်လုံးမှမပါ။ စဉ်းစားစရာ ပုံပြင်လေးတွေ ပြောရင်းသာ ပြီးသွားတယ်။ကဗျာလေးတွေ ဟာသလေးတွေနဲ့လည်း ကုန်ဆုံးသွားတတ်ပါတယ်။ဒါကြောင့် ကျောင်းသားတွေဟာ ဆရာကို ကြောက်လန့်မနေဘဲ ချစ်ခင်ရိုသေကြတယ်…။

”မင်္ဂလာပါ ဆရာ”
“မင်္ဂလာပါ လူကြီးမင်းတို့…!”
ဆရာဟာ ကျောင်းသားတွေကို ဘယ်တုန်းကမှတပည့်တွေလို့ မခေါ်ဘူး…။

”လူကြီးမင်းများ”လို့သာနုတ်ဆက်တတ်တယ်။
”ဆရာနဲ့ ကျောင်းသားဆိုတာ အပြန်အလှန် သင်ကြားနေသူတွေလို့” တခါတုန်းက သူ့ခံယူချက်ကို ပြောပြဖူးတယ်။

”ဒီနေ့တော့ လူကြီးမင်းတို့ထဲက ရိုးသားပြီး စိတ်ခိုင်တဲ့သူတစ်ဦး state ပေါ်လာခဲ့ပေးဖို့ အကူညီတောင်းပါရစေ”

”ဟေးးးးရွှီးးးးးးးးးး
 ဖြောင်းးးးးးးးဖြောင်းးးးးးးးး”
ဆရာစကားအဆုံးမှာ ကျောင်းသားတွေအားလုံး သဘောကျသွားတယ်။ဒီနေ့ ဆရာစာမသင်တော့မှာ သေချာပြီလေ။

”သမီးကို ကူညီခွင့်ပြုပါ ဆရာ” 
ဆိုတဲ့ အသံနဲ့အတူ ရှေ့ဆုံးအတန်းမှာ ထိုင်နေတဲ့သွက်လက်ပြီး သတ္တိရှိပုံရတဲ့ ကျောင်းသူတစ်ဦးလက်ကလေးထောင်ပြီး ‘ထ’လာတယ်။

”ဖြောင်းးးးဖြောင်းးးဖြောင်းးးးး”
ဆရာအပါအဝင် အခန်းထဲက ကျောင်းသားတွေအားလုံး ကျောင်းသူလေးရဲ့ ရဲရင့်မှုကို ဂုဏ်ပြုပေးလိုက်ကြတယ်…။
နောက်တော့
state ပေါ်ရောက်လာတဲ့ ကျောင်းသူလေးကို ဆရာဟာ မြေဖြူတောင့် ကမ်းပေးလိုက်တယ်။ အားလုံး ဆရာလုပ်သမျှကို စိတ်ဝင်တစားကြည့်နေကြတယ်။

”Blackboard မှာ သမီးဘဝရဲ့ အချစ်ဆုံးသူငါးဦးကို ရေးလိုက်ပါ သမီး”

”ဟုတ်ကဲ့”
၁။မိဘ
၂။ချစ်သူ
၃။မောင်လေး
၎။အခန်းဖော်
၅။သူငယ်ချင်း
”ဝိုးးးးးဟားးးးးးးဟီးးးးးး”
ကျောင်းသူလေးရေးအပြီးမှာ တခန်းလုံးပွဲကျသွားတယ်။
”ဟုတ်ပြီသမီး…။
သမီးစိတ်ထဲမှာ ဒီချစ်ရတဲ့သူတွေအားလုံးနဲ့ ခရီးတစ်ခုထွက်ရတယ်လို့ ဆက်တွေးကြည့်ပါဦး…!”
”ဟုတ်ဆရာ
ဟိ…ဟိ မျက်စိထဲတောင်ပေါ်လာနေပြီ”
ကျောင်းသူလေးနည်းတူ အားလုံးစိတ်ထဲမှာလည်း ကိုယ်ချစ်ရသူတွေနဲ့ ခရီးထွက်နေရလိုတွေးမိပြီြး ပုံးရောင်သန်းနေကြတယ်။

ခဏနေတော့ ဆရာက ဆက်ပြောတယ်။
”လမ်းမှာသမီးတို့ accident ဖြစ်တယ်ဆိုပါဆို့!အဲဒိထဲက တစ်ဦး မဖြစ်မနေ သေရမယ်ဆိုရင် သမီးဘယ်သူ့ကိုရွေးမလဲ”
”ရှင်…!”

ကျောင်းသူလေးရဲ့တအံ့တသြရေရွတ်သံနဲ့အတူအားလုံးဟာ ထိတ်လန့်တကြား ဆရာ့ကိုကြည့်မိတော့တယ်…။ထို့နောက်မှာတော့ ကျောင်းသူလေးဟာ လက်ထဲကဖြေဖြူ နဲ့
၎။အခန်းဖေါ်
ဆိုတဲ့နေရာကိုကြက်ခြေခတ်လိုက်တယ်။ဆရာထပ်ပြောပြန်တယ်။”accident မှာ အသက်ရှင်ကျန်တဲ့သူတွေ အားလုံးဟာလည်း သေလုမျောပါးဒဏ်ရာရကုန်ကြတယ် ဆိုပါစို့…။ 

ခဏနေတော့ လူနာတင်ကား ရောက်လာတယ်။ဒါပေမယ့် ကားနဲ့မဆန့်လို့ သုံးဦးသာ သမီးအနေနဲ့ ရွေးချယ်ခွင့်ရှိမယ်ဆို ဘယ်သူ့ကို ထားရစ်ခဲ့မလဲ?”
ကျောင်းသားကျောင်းသူအားလုံးစိတ်ထဲမှာ  accidentကြီးပဲ တကယ်ဖြစ်နေသလိုလို… အားလုံးရွေးချယ်ရခက်တဲ့ အခြေအနေအတွက် သူတို့စိတ်တွေ နောက်ကျိရှုပ်ထွေးလာကြတယ်…။
၅။သူငယ်ချင်း
ဆိုတဲ့နေရာကို ကြက်ခြေခတ် ထပ်ခတ်လိုက်ပြီးတဲ့နောက်မှာတော့ ကျောင်းသူလေးဟာ မျက်ရည်တွေ ဝဲတတ်လာတယ်။ ဒါပေမယ့် ဆရာဟာ သူ့စကားကို ဆက်ပြောပြန်တယ်။

”သူတို့ အားလုံးဟာ အရေးပေါ်အခြေနေမို့ အသက်ကယ်ဆေးမဖြစ်မနေထိုးပေးဖို့လိုအပ်တယ်။မဟုတ်ရင် လမ်းပေါ်မှာတင် အသက်ဆုံးရှုံးတော့မှာ ဖြစ်တယ်။ကံဆိုးချင်တော့ အရေးပေါ်အသက်ကယ်ဆေးက နှစ်လုံးတည်းပဲ ပါလာတယ်ဆိုရင် ဘယ်သူကို
သမီးထပ်ပြီး အဆုံးရှုံးခံဦးမလဲ”
”ဟာ”
စာသင်ခန်းထဲရှိ ကျောင်းသားအားလုံး ဆို့နင့်ကုန်ကြတယ်။ ဆရာ့စကားသံဟာ သူတို့နှလုံးသားတွေကို တရစ်ရစ် ဖျစ်ညှစ်နေသလိုလို……။
ဖြစ်နိုင်ရင် ဆရာ့စာသင်ချိန်ပြီးချင်လှပြီ……။
”ခွင့်မလွှတ်ပါနဲ့……ခွင့်မလွှတ်ပါနဲ့………” လို့ ကျောင်းသူလေးဟာ သူမနုတ်ကလည်း တတွတ်တွတ်ရွတ် မျက်ရည်တွေကျနေရင်းက

၃။မောင်လေး  ဆိုတဲ့နေရာမှာ မြေဖြူ ကိုင်ထားတဲ့ သူမလက်ကို လှုပ်ရမ်းလိုက်တယ်။

”သမီးရဲ့မောင်လေးကို ကားပေါ်မှာတင် အသက်ဆုံးရှုံးလိုက်ရတယ်။”
”ရှင်…”
” အဟင့်…ဟင့်”
ကျောင်သူလေး ဆရာ့စကားကြောင့် ငိုလေပြီ။
ဆရာ့စကားသံ ထွက်လာတာကိုပင် အားလုံးစိတ်ထဲ မနှစ်မြို့တော့…။
သူတို့အားလုံးစာသင်ခန်းနဲ့ဝေးရာကို ပြေးထွက်ချင်လောက်အောင် မွန်းကြပ်နေကြပြီ။တချို့လည်း မျက်ရည်တွေစီးကျလို့…။
ဆရာဆက်ပြောပြန်တယ်။
”ဆေးရုံကိုရောက်တဲ့အခါ နှစ်ဦးစလုံးဟာ ချက်ချင်း ခွဲစိတ်ခန်းဝင်နိုင်ဖို့ လိုအပ်တယ်။ ခက်တာက ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ခန်းက တစ်ခုထဲရှိတယ်။ ဒီလိုဆို သမီးဘယ်သူ့ကို သေစေဖို့ ချန်ထားခဲ့ဦးမလဲ”
”အီး…ဟီးးးးးးးး
ဆက်မရွေးလို့မရတော့ဘူးလား
ဆရာရယ်။ သမီးဘယ်လို့မှမခံစားနိုင်တော့လို့ပါ။
တောင်းပန်ပါတယ်နော်………”
ကျောင်းသူလေး ရိုက်ကြီးတငင်ငိုပြီး တောင်းပန်ပေမယ့် ဆရာဟာ သူ့ခေါင်းကိုဖြေညှင်းစွာ ခါရမ်းလိုက်တယ်…!
”ဟင်………”
အခန်းထဲက ကျောင်းသားတွေအားလုံး ဆရာ့ကိုမဖြစ်စဖူး နာနာကျည်းကျည်း လှမ်းကြည့်မိတယ်။ 
ဒါပေမယ့် သူတို့နုတ်ကတော့ ဘာသံမှမထွက်ကြ…။
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီးေ။ ကျာင်းသူလေး ဘာဆက်လုပ်မလဲဆိုတာကိုသာ သူတို့ ရင်တထိတ်ထိတ် စောင့်မျှော်နေကြတယ်။
”အားးးးးးးးးးးး”
ကျောင်းသူလေးဟာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်တော့တယ်။နာကြင်မှုကြောင့် သူမ မျက်လုံးများဟာ ကြောင်စီနေတယ်။အဆုံးစွန်ထိလောင်ကြွမ်းပြစ်လိုက်ရတဲ့ မီးစာလို…။Blackboard ကို အားလုံး ထိတ်လန့်တကြားလှမ်းကြည့်မိတော့
၁။မိဘနေရာမှာ ကြက်ခြေခတ်ကလေး…!
…ဒေါက်

…ဒေါက်  
…ဒေါက်”
ဆရာစာသင်ခန်းမှ ပြန်ထွက်ခွါသွားလေပြီ…။
ကျောင်းသူကျောင်းသားအားလုံး ဘယ်သူမှဆရာ့ကို မနုတ်ဆက်မိကြ……

လေးစားလျက်။

zar ni nyunt lwin

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.