ညစ်ညမ်းရုပ်ရှင်များအား စွဲလမ်းနေကြောင်း ပြသနေသည့် အချက် ၇ ချက်

လေ့လာတွေ့ ရှိမှု အသစ်အရ အင်တာနက်အသုံးပြုမှုရဲ့ ၃၀ ရာခိုင်နှုန်းဟာ အပြာကားတွေကို ရှာဖွေကြည့်ရှုမှုလို့ သိရပါတယ်။ ကြီးမားတဲ့ ညစ်ညမ်းဝက်ပ်ဆိုဒ်တွေဟာ တစ်လကို ကြည့်ရှုမှုပေါင်း ၄.၄ ဘီလျံရှိကြပါတယ်။ နာမည်သိပ်မကြီးတဲ့ ညစ်ညမ်းဆိုဒ်အသစ်တွေမှာ ကြည့်ရှုမှု ကြာချိန်ဟာ ၃ မိနစ်ကနေ ၆ မိနစ်လောက်ပဲ ကြာပေမယ့် ပျှမ်းမျှအားဖြင့် လူတစ်ယောက်ဟာ ညစ်ညမ်း ဝက်ဆိုဒ်မှာ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်အထိ အချိန်ကုန်ဆုံးစေပါတယ်။ဒါဆိုရင် မေးသင့်တဲ့ မေးခွန်းက အပြာကားကို ဘယ်လောက်ကြည့်တာက အလွန်အကျွှံကြည့်တာလဲ ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းကို ဖြေဖို့ အောက်မှာ ဆက်ဖတ်ကြည့်ပါ။ အောက်ပါ ၇ ချက်တွေထဲက အချက်အလက် တော်တော်များများနဲ့ ကိုက်ညီနေတယ်ဆိုရင် သင်ဟာ ညစ်ညမ်းရုပ်ရှင်ကားတွေ အလွန်အကျွှံကြည့်နေပြီလို့ ဆိုနိုင်ပါတယ်။ညစ်ညမ်းရုပ်ရှင် အလွန်အကျွှံကြည့်တဲ့ သူတွေမှာ အောက်ပါ အချက်တွေ တွေ့ရတတ်ပါတယ်။

၁။ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းလာတယ်။

သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်မယ့်အစား အိမ်မှာပဲ အပြာကားကြည့်ချင်နေတယ်။ သူငယ်ချင်းတွေရဲ့ လှုပ်ရှားမှုတွေမှာ အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ မပါဝင်လာတော့ဘူး။

အပြင်ထွက်လည်ဖြစ်တယ်ဆိုရင်တောင် အိမ်ပြန်ရောက်တာနဲ့ အပြာကားတန်းကြည့်ဖြစ်တယ်။ မိသားစုနဲ့ အတူရှိနေတဲ့ အချိန်မှာ ဘာအကြောင်းပြချက်ပေးပြီး အပြာကားသွားကြည့်ရမလဲဆိုတာကို စဉ်းစားနေတယ်။

၂။ သင့်လိင်စိတ်ဟာ အပြာကားကြည့်မှ ကြွလာတယ်။

သင့်စွဲလမ်းမှုနဲ့ စိတ်ကူးယဉ်မှုတွေတိုးလာတဲ့ အခါ လူအစစ်တွေနဲ့ ချစ်တင်းနှောလိုစိတ် မရှိတော့ဘဲ ညစ်ညမ်းရုပ်ရှင်ထဲက မင်းသမီး၊ မင်းသားတွေကိုဘဲ စိတ်ထဲမှာ စွဲလမ်းနေတယ်။

ချစ်သူရှိနေတယ်ဆိုရင် ချစ်သူရဲ့ ခန္ဒာကိုယ်ဟာ ဘာလိုအပ်ချက်ရှိနေသလဲ ဆိုတာကို ရှာဖွေအပြစ်မြင်နေပြီး သူနဲ့ ချစ်တင်းနှောလိုစိတ် လျော့နည်းနေတယ်။ သင့်အဖော်ကို ညစ်ညမ်းရုပ်ရှင်ထဲက သရုပ်ဆောင်တွေနဲ့ နှိုင်းယှဉ်ပြီး အပြစ်မြင်နေတယ်။ သင့်အဖော်ကို ဆွဲဆောင်မှု ရှိတယ်လို့ မထင်တော့ဘူး။

၎။ သင့်ကိုယ်သင် အပြစ်မြင်တာတွေ များလာတယ်။

သင့်ခန္ဒာကိုယ်ကို အပြာရုပ်ရှင်ကားတွေထဲက သရုပ်ဆောင်တွေနဲ့ ခိုင်းနှိုင်းကြည့်ပြီး အားမလို အားမရ ဖြစ်လာတယ်။ အမျိုးသား အဂါင်္က သေးလိုက်တာ။ ရင်သားတွေက မကြီးဘူး အစရှိသဖြင့် ကိုယ့်ကိုယ်ကို မကျေနပ်မှုတွေ များလာတယ်။လက်တွေ့မကျတဲ့ ခိုင်းနှိုင်းမှုတွေကို ညစ်ညမ်းရုပ်ဆောင်ထဲက သရုပ်ဆောင်တွေနဲ့ ပြုလုပ်လာပြီး လိင်အဂါင်္ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာကို စိတ်ထဲမှာ ဘဝင်မကျဖြစ်တာတွေ များလာတယ်

၅။ လက်တွေ့ဘဝမှာ အချစ် မရှိတော့ဘူး။

အပြာကားတွေဟာ သင့်ဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာတဲ့အတွက် ရည်းစားထားလိုစိတ်၊ ရည်းစားနဲ့ ချစ်တင်းနှောလိုစိတ် မရှိတော့ဘူး။ ညစ်ညမ်းရုပ်ရှင်တွေနဲ့သာ အချိန်ကုန်ဆုံးနေပြီး ပေါင်းသင်းဆက်ဆံရေးတွေ ညံ့ဖျင်းလာရုံမက လူတွေနဲ့ ဆက်ဆံတဲ့ အချိန်ထက် ညစ်ညမ်းရုပ်ရှင်ကြည့်တာက ပိုများနေတယ်။

အပေါ်ယံကြည့်မယ်ဆိုရင် သင့်ရဲ့ ညစ်ညမ်းရုပ်ရှင် စွဲလမ်းမှုဟာ သင့်မိသားစု၊ အလုပ်၊ ဘာသာရေးနဲ့ သမီးရည်းစားဆက်ဆံရေးတွေမှာ ထိခိုက်လာမယ်။ ရည်းစား မရှိသေးရင် ရည်းစားထားလိုစိတ် မရှိတော့ဘူး။

၆။ ညာပြောတယ်။

သင့်ညစ်ညမ်းရုပ်ရှင် စွဲလမ်းမှုကို သင့်အဖော်ကို မသိစေချင်တဲ့အတွက် ညာပြောတယ်။ သင့်အဖော်နဲ့ လိင်ပိုင်းဆိုင်ရာ ပြောဆိုဆွေးနွေးမှုတွေ အရင်ကလို မရှိတော့ဘူး။

သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ပျက်ကွက်တာတွေ များလာတဲ့အတွက် သူတို့က ဘာကြောင့်လဲလို့ မေးလာရင် သေချာ မပြောဘဲ ဝေ့လှည်ကြောင်ပတ် လိမ်ညာပြောမယ်။

၇။ ချစ်တင်းနှောတဲ့ အခါ စိတ်ကျေနပ်မှု မရှိတော့ဘူး။

အပြာရုပ်ရှင်ကားထဲက ဇာတ်ကွက်တွေနဲ့ သင့်ကိုယ်သင် ခိုင်းနှိုင်းပြီး ချစ်တင်းနှောတာကို အားမလို အားမရဖြစ်လာတယ်။ သင့်အဖော်ကို အပြာရုပ်ရှင် သရုပ်ဆောင်နဲ့ နှိုင်းယှဉ်ပြီး အားမလို အားမရဖြစ်လာတယ်။လိင်စိတ်ကြွလာဖို့ အချိန်များစွာ လှုံ့ဆော်ပေးဖို့ လိုလာပြီး သင့်စိတ်ဟာ သင့်အဖော်အပေါ်မှာ မရှိတော့ဘဲ ညစ်ညမ်းရုပ်ရှင်ဇာတ်ကားတွေက လွှမ်းမိုးထားတယ်။ သင်စိတ်ဝင်စားတာက ညစ်ညမ်းရုပ်ရှင်ထဲက သရုပ်ဆောင်တွေနဲ့ သူတို့နဲ့ တူတဲ့ လူတွေ၊ ဇာတ်ကွက်တွေပဲ ဖြစ်တယ်။အပေါ်က ၇ ချက်နဲ့ တစ်ခုမှ မကိုက်ညီသေးဘူးဆိုရင်တော့ အောက်က အချက်တွေ သင့်မှာ ဖြစ်နေရင် ကျွှမ်းကျင်တဲ့ စိတ်ပညာရှင်တွေနဲ့ ကုသဖို့ လိုအပ်ပါတယ်။

 

  • မိမိရဲ့ အချိန်တွေကို အပြာရုပ်ရှင်တွေမှာ ကုန်ဆုံးစေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး ပျော်ရွှင်မှု မရှိတော့ဘဲ မိမိကိုယ်ကို အလိုမကျဖြစ်လာတယ်။ ဒီလိုဖြစ်ရတာဟာ မိမိတန်ဖိုးထားတဲ့ စံနှုန်း ဒါမှမဟုတ် အထီးကျန်မှု၊ စိတ်ဓာတ်ကျမှုနဲ့ လိင်ပိုင်းဆိုင်ရာ အလိုမကျမှုတွေကြောင့် ဖြစ်နိုင်တယ်။
  • အန္တရာယ်ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပြုလုပ်လာတယ်။ ဥပမာ – အကာအကွယ် မပါဘဲ လိင်ဆက်ဆံလာတယ်။ ပြည့်တန်ဆာနဲ့ ပျော်ပါးလာတယ်။
  • အန္တရာယ်ရှိတဲ့ ညစ်ညမ်းရုပ်ရှင်တွေကို နှစ်သက်တယ်။ ဥပမာ – ကလေးတွေပါဝင်တဲ့ အပြာကား၊ အကြမ်းဖက်မှု ပါဝင်တဲ့ အပြာကားနဲ့ တိရိစ္ဆာန်ပါဝင်တဲ့ အပြာကားတွေကို ကြည့်ရှုတယ်။
  • နေ့စဉ်လုပ်ရမယ့် အလုပ်တွေကို လျစ်လျူရှုလာတယ်။ ဥပမာ – အလုပ်ကို လျစ်လျူရှုတယ်။ ကျောင်းကို လျစ်လျူရှုတယ်။
  • အိပ်ပျော်ဖို့ ခက်ခဲလာပြီး စိတ်ခံစားမှုဟာ ခဏလေးအတွင်း ပြောင်းသွားနိုင်တယ်။
  • ညစ်ညမ်းရုပ်ရှင်စွဲလမ်းမှုကြောင့် ကာင်းမွန်တဲ့ သမီးရည်းစားဘဝကို မထိန်းသိမ်းနိုင်ဖြစ်လာတယ်။

ဒါတွေကို ပြုလုပ်နေတယ်ဆိုရင် သင်ဟာ ကျွှမ်းကျင်တဲ့ စိတ်ရောဂါပါရဂူတွေနဲ့ ကုသဖို့ လိုအပ်ပါတယ်။ ဒီလို ကုသရတာဟာ ရှက်စရာ မဟုတ်ပါဘူး။

ညစ်ညမ်းရုပ်ရှင်ကို စွဲလမ်းတာဟာ သင့်အတွက်ရော၊ သင့်ဘေးပတ်ဝန်းကျင်က လူတွေအတွက်ပါ ကောင်းတဲ့ အရာမဟုတ်တဲ့အတွက် လိုအပ်လာရင် ကုသမှု ခံယူသင့်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.