ကျောက်ဖြူခရိုင်၊ စနဲမြို့နယ်အတွင်း ဆိုင်ကယ်ချင်း တိုက်မိရာမှ လူငယ် ၂ ဦး သေဆုံးမှုဖြစ်ပွား

ဓာတ်ပုံ – ခိုင်ဥာဏ်လင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့နယ်အတွင်း ဆိုင်ကယ်ချင်း တိုက်မိရာမှ လူငယ် ၂ ဦး သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၀ါးနတ်ချွိန် ကျေးရွာမှ မင်းနိုင်နှင့် မောင်ထွီးဖြူတို့နှင့် ကျေးရွာမှ ဇော်မျိုးအောင်၊ လှရွှေတင်တို့ စီးလာသော ဆိုင်ကယ်နှင့် ဧပြီလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီခန့်က ရမျက်အုပ်စုနှင့်၊ မင်းပြင် အုပ်စုကြား၊  ဘောရာဘာရွာ အနီးတွင် မျက်နှာချင်းဆိုင် တိုက်မိရာမှ ၄ ယောက်စလုံး ဒဏ်ရာရှိခဲ့ခြင်းဖြစ်ပြီး မင်းနိုင် ၊ အသက် ၂၈ နှစ်ခန့်မှာ စနဲဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ဇော်မျိုးအောင်အား ကျောက်ဖြူဆေးရုံသို့  ပို့ဆောင်သော်လည်း လမ်းတွင် သေဆုံးသွားသဖြင့် စနဲဆေးရုံသို့ ပြန်လည်ယူဆောင်

လာခဲ့ကြောင်းလည်း သိရှိရသည်။
ထိုသို့သေဆုံးရခြင်းမှာလည်း စနဲဆေးရုံတွင် တာဝန်ကျ ဆရာဝန်များ ရှိမနေခြင်းကြောင့် ဖြစ်သည်ဟုလည်း စနဲမြို့ ရခိုင်အမျိုးသားပါတီမှ ဦးလှဝင်းက ပြောပါသည်။
“ကျွန်တော်ဆေးရုံကို သွားကြည့်တော့ တာဝန်ကျ ရာဝန်တွေ မရှိဘူး။ သင်္ကြန်တွင်းဆိုတော့ ရေလောင်းဖို့ ထွက်သွားတာနဲ့ တူတယ်။ နောက် ၃ ယောက် ဒဏ်ရာရတဲ့ အထဲက ဇော်မျိုးအောင်ကို ကျောက်ဖြူဆေးရုံကို ပို့တာ လမ်းမှာ ဆုံးလို့ စနဲဆေးရုံကို ပြန်လည်ယူဆောင် လာခဲ့တယ်” ဟု ဦးလှဝင်းက ပြောကြားခဲ့ပါသည်။
အရက်မရောင်းရဟု ထုတ်ပြန်ထားသော်လည်း ခိုးကြောင် ခိုးဝှက်ရောင်းချနေမှုများ ရှိနေပြီး မူးယစ်ဆေးဝါး များလည်း ရောင်းချမှုများ ရှိနေသည့်အပြင် ယင်းတို့အား အရေးတယူလုပ် စိစစ်ဖမ်းဆီးနိုင်ခြင်း၊ ဖော်ထုတ်နိုင်ခြင်း မရှိကြောင်းလည်း ဒေသခံဖြစ်သူ ဦးလှဝင်းက ပြောပါသည်။

 

One thought on “ကျောက်ဖြူခရိုင်၊ စနဲမြို့နယ်အတွင်း ဆိုင်ကယ်ချင်း တိုက်မိရာမှ လူငယ် ၂ ဦး သေဆုံးမှုဖြစ်ပွား”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.