နမ္မတီး – မရမ်း ကြား မိုးကောင်းမြို့နယ်မှာ Telenor ဝန်ထမ်း ဓါးမြတိုက်ခံရ

 

ကချင်ပြည်နယ် နမ္မတီး – မရမ်း ကြား မိုးကောင်းမြို့နယ်မှာ နမ္မတီး မီးရထားဝန်ထမ်းတစ်ဦး၏ သားဖြစ်သူ Telenor ဝန်ထမ်း မောင်ထွန်းတောက်ဝင်း သည် ဇွန်လ (၆)ရက်နေ့  ညနေ ၃းဝဝ နာရီဝန်းကျင်ခန့်အချိန်တွင် နမ္မတီးမှ မရမ်းကျေးရွာသို့အသွား နမ္မတီးကျောက်တောင်အဆင်း ပတ်ကွေ့တောင်ကုန်းအကျော် လမ်းအဖြောင့် အရောက်တွင် လမ်းမကြီးပေါ်မှ အသက် ၂၀ ဝန်းကျင်ခန့် လူငယ်အမျိုးသား ၃ ဦးမှ တားဆီးရပ်တန့်ခိုင်းပြီး ဦးခေါင်းအား နှစ်ပတ်လည်ခန့်ရှိသော တုတ်ချောင်းဖြင့် ရိုက်နှက်ကာ ၄င်းတို့တွင်ပါလာသော ဓားဖြင့်ထိုးကာ ဓားမြတိုက်တိုက်ခံရစဉ် ညာဘက်ပေါင်တွင် ထိုးမိခဲ့ပါသည် ။

အခင်းဖြစ်ပွားချိန်နေရာအနီးသို့ အခြားဆိုင်ကယ်များ ရောက်ရှိလာသဖြင့် ကိုယ်လွတ်ရုံးပြေးဖို့ အခွင့်ရေးကို အသုံးချကာ မရမ်းရွာဘက်သို့ ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည် ။

၎င်းတို့သည် ကျောပိုးအိတ်အား အတွင်းမှ ငွေသား ၁၉၅၀၀၀ အားသာယူဆောင်သွားပြီး Telenor ငွေဖြည့်ကဒ်များအားယူဆောင်သွားခြင်းမရှိပါ ။

နမ္မတီးဆေးရုံတွင် ဆေးစစ်ချက်ယူထားပြီး နမ္မတီးအပိုင် ရဲစခန်းသို့လဲ အကြောင်းကြားပါသည်။

ထို့ကြောင့် ယခုရက်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ကျူးလွန်မှုဆက်နေပါသဖြင့် ခရီးသွားပြည်သူများအနေဖြင့် အထူးသတိထားသွားလာကြပါရန် အသိပေးအပ်ပါသည် ။

Mogaung Express

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.