ဒီအချက် ၅ ချက်ကို လက်မခံသရွေ့ အချစ်စစ်ကို ရှာတွေ့နိုင်မည် မဟုတ်

rebuilt.jpg

သင့်ဘ၀မှာ အချစ်စစ်ကိုသာ တောင်းတခဲ့ပေမယ့် ကြုံလာရတဲ့ အရာတွေက အတုတွေချည်း ဖြစ်နေပါသလား။ ခုလိုမျိုး ကြုံတွေ့ခဲ့ရပြီဆိုရင် သင်ကိုယ်တိုင် လုပ်ဆောင်ကြည့်ရမယ့်၊ လက်ခံကျင့်သုံးရမယ့် အချက် (၅)ချက်ရှိနေပါတယ်။ သင်ဟာ ဒီအချက်တွေကို လက်မခံသရွေ့ အချစ်စစ်ကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။

၁)အချစ်စစ်ဆိုတာ အမြဲလွယ်လွယ်ကူကူရနိုင်တယ်လို့ ထင်တတ်ကြပေမဲ့ အချစ်စစ်ကိုရဖို့အတွက် ကြိုးစားဖို့ လိုပါတယ်။ အချစ်စစ်ကို ရဖို့ ပင်ပန်းကောင်းပင်ပန်းနိုင်ပေမဲ့ ထိုက်တန်တယ်ဆိုတဲ့ ခံစားချက်မျိုးရရှိမယ်ဆိုတာ ကိုလက်ခံထားဖို့လိုပါတယ်။

၂)အချစ်စစ်မှာ စည်းတစ်ခုရှိသင့်တယ်ဆိုတာကို လက်ခံရပါမယ်။ လူတစ်ယောက်ကို ချစ်မိပြီဆိုတာက အဲ့ဒီလူတစ်ယောက်ကို အပိုင်ဝယ်လိုက်တာ မဟုတ်ပါဘူး။ သူ့ကို ကိုယ်ပိုင်တဲ့ ပစ္စည်းတစ်ခုလို သဘောထားလို့ မရပါဘူး။ သူနဲ့ကိုယ်နဲ့ ကြားမှာ အလေးထားမှုဆိုတဲ့ စည်းတစ်ခု ရှိဖို့လိုပါတယ်။

၃)အချစ်စစ်ကပေးတဲ့ ဆက်ဆံရေးမှာ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ လိုပါတယ်။ အဆင်မပြေတာ တစ်ခုခုကြုံလာရင် လျစ်လျူရှုနေတာထက် ဖြေရှင်းနိုင်တဲ့ ဆက်ဆံရေးအဖြစ် လက်ခံနိုင်ရပါမယ်။

၎)အချစ်စစ်မှာ သူများအတွက်ပဲ ရှင်သန်နေဖို့ မဟုတ်ဘဲ ကိုယ်ပိုင်ရည်ရွယ်ချက် တစ်ခုရှိရပါမယ်။ ဘယ်လို အကြောင်းပဲ ရှိရှိ ဘဝမှာ ကိုယ်တိုင်ဖြစ်အောင် လုပ်ချင်တဲ့ ရည်ရွယ်ချက် တစ်ခုရှိဖို့လိုပါတယ်။

၅)အချစ်ဆိုတာ နာကျင်စရာမဟုတ်ပါဘူး။ အချစ်ကြောင့် နာကျင်ရတယ်ဆိုတဲ့ သီချင်းတွေကို ကြားဖူးကြမှာပါ။ တကယ်တော့ အချစ်ဆိုတာ နာကျင်စေဖို့ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ခံစားချက်ရရှိစေဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုနာကျင်စေတဲ့ အချစ်ဆိုရင်တော့ ဒါက အချစ်စစ်မဟုတ်ပါဘူး ဆိုတာ လက်ခံထားပါ။

Ref:higherperspectives

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.