သူ သင့်အပေါ်ထားတဲ့ အချစ်စိတ်ဟာ အစဉ်တည်တံ့တော့မယ်ဆိုတာ သိစေနိုင်တဲ့ လက္ခဏာရပ်များ

meant_to_be_0.jpg

အမျိုးသားတွေဆိုတာ အမျိုးသမီးတွေထက် ပိုရှုပ်တတ်သူမို့ မိမိကို အတည်တကျနဲ့ အမြဲတမ်းချစ်မယ့်သူကို ရှာဖွေတွေ့ရှိဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါ့ကြောင့် မိမိဖူးစာရှင်အစစ်ကို ရှာတွေ့ခြင်းဟာ တစ်သက်တာ သုံးမကုန်နိုင်လောက်တဲ့ အောင်ဘာလေ ထီဆုကြီးပေါက်သလိုပါပဲ။ ဒီတော့ လက်ရှိတွဲနေတဲ့ သင့်အဖော်ဟာ ပြီးပြည့်စုံတဲ့ လက်တွဲဖော်ဖြစ်မဖြစ် သိနိုင်ရန်အတွက် ဒီအချက်တွေနဲ့ တိုက်စစ်ကြည့်နိုင်ပါတယ်။

၁။ သင့်အား ဂရုစိုက်ခြင်း

သင် အလုပ်မှာ ဒါမှမဟုတ် လူမှုရေးကိစ္စ မိသားစုကိစ္စမှာ အဆင်ပြေတဲ့အချိန်တိုင်း သူလည်း သင်နဲ့အတူ ပျော်နေရင် သင် သူ့ကို လုံးဝလက်မလွှတ်သင့်ဘူးဆိုတာ သိထားရသင့်ပါတယ်။ အဆင်ပြေတဲ့အချိန်ရော၊ အဆင်မပြေတဲ့အချိန်ပါ သင့်နားဘေးမှာ ရှိနေပေးပါလိမ့်မယ်။ မွေးနေ့ (သို့) ခရစ္စမတ်နေ့စတဲ့ အထူးနေ့ကောင်းနေ့မြတ်သာမက သာမန်နေ့များအတွက်ပါ သူ လက်ဆောင်ပစ္စည်းတွေ ပေးတတ်ပါတယ်။

၂။ အသင့်အတွက် အကောင်းဆုံးသာ ဖြစ်စေချင်

သင့်ချစ်သူက သင့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် အချိန်ပေးတယ်ဆိုရင် သူသင့်အတွက် အကောင်းဆုံး လိုချင်တဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ နောက်ပြီး သူ သင့်ဘေးနား အမြဲရှိနေပြီး အကြွင်းမဲ့ ကူညီပေးတတ်ပါတယ်။

၃။ သင့်အား ကောင်းမွန်စွာ ဆက်ဆံခြင်း

သူ သင့်စိတ်ခံစားချက်၊ စိတ်ဆန္ဒနဲ့ လိုအပ်ချက်တွေကို သူ့ဟာထက်ကို ပိုဦးစားပေးပါသလား။ ဦးစားပေးထားတယ်ဆိုရင် သူ့စိတ်ထားတွေ လုံးဝ ဖြူစင်ရိုးသားမှုရှိကြောင်း သပ်တပ်အပ်ပြောနိုင်ပါတယ်။

၎။ သင်နဲ့အတူ ရှိနေပေးခြင်း

သူ မအားမလပ် သို့မဟုတ် ပင်ပန်းသည့်တိုင် သင်နဲ့တွေ့ဖို့ အချိန်ရအောင် လုပ်ပါက သင် သူ့ကို လုံးဝ လက်မလွှတ်သင့်ပါဘူး။

၅။ သူဟာ သူ့ရဲ့ ဦးစားပေးသတ်မှတ်ချက်

သင်ဟာ သူ့အနာဂတ်အစီအမံတွေရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်သလား။ သင်ဟာ သူ့စိတ်ကူးထဲအမြဲရှိနေပြီး သင်နဲ့ တွေ့ဖို့ အချိန်ရအောင် လုပ်ပါလိမ့်မယ်။

၆။ သူ သင့်အကြောင်း လူတွေ သိစေချင်တယ်

သူ သင့်ကိုဖက်ပြီး လူပုံအလည် သွားတတ်သလို ၊ ဘယ်သွားသွား လက်ကလေးတွဲထားတတ်တယ်ဆိုရင် သူ သင့်ချစ်သူဖြစ်ရတာ ပျော်နေလို့ပဲ ဖြစ်ပါတယ်။ သူ အဲဒါကို လူတိုင်း သိစေချင်ပါတယ်။ ဒီ့ပြင် သူ သင့်ကို သူ့မိသားစုဆီ သို့မဟုတ် အလုပ်နဲ့ပတ်သက်တဲ့ ပွဲတွေမှာ ခေါ်ပါလိမ့်မယ်။

၇။ တည်ကြည်မှု

အရင်အချစ်ရေးနဲ့ပတ်သက်ပြီး သူ လုံးဝ ရိုးသားပွင့်လင်းပြီး သူ့လျို့ဝှက်ချက်အားလုံး ပြောပြတယ်ဆိုရင် သူဟာ သင့်ဖူးစာရှင်အစစ်ပါပဲ။ ပြီးပြည့်စုံသူတစ်ယောက်က သူ့ကတိတွေ အမြဲစောင့်ထိန်းပြီး သင်ပျော်ရွှင်နေအောင် အချစ်ရေးမှာ ဖြစ်တဲ့ ဘယ်ပြသနာမဆို ဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်ပေးတတ်ပါတယ်။

Ref: HAT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.