ဆားရေ နွေးနွေးလေး (၇) ရက် ဆက်တိုက် သောက်ပေးပါက ရလာမယ့် ကျန်းမာရေးကောင်းကျိုးများ

here-is-what-will-happen-if-you-consume-warm-salt-water-for-7-days-in-a-row

မနက် ဆားရေနွေးနွေးလေး သောက်ပေးပါက ကျန်းမာရေး သိသာစွာ တိုးတက်ပြောင်းလဲ စေနိုင်တာ သိပြီးပြီလား။ ဒီနည်းလမ်းက ကျန်းမာရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်များ သန့်စင်ပေးကာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တစ်ခုချင်းစီကို ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဆားရေနွေးနွေးလေး ၇ ရက်အတွင်း မနက်တိုင်း ပုံမှန်သောက်သုံးသင့်တဲ့ အကြောင်းပြချက်ကောင်းတွေ ရှိပါတယ်။ ဆားရေပူပူလေးက ဇီဝဖြစ်စဉ်နဲ့ အရိုးအဆစ်တွေ သန်မာစေတယ်၊ သွေးထဲ သကြားဓာတ်ပါဝင်မှု ပုံမှန်ဖြစ်စေပြီး ကိုယ်ခံအားစနစ် ဒီထက်ပိုကောင်းစေပါတယ်။ သွေးကြောထုံးခြင်းကို ကာကွယ်ပေးတဲ့ ထိရောက်တဲ့သဘာဝကုထုံးအနည်းငယ်ထဲက တစ်ခုဖြစ်ကြောင်းလဲ သိထားသင့်ပါတယ်။

ရေနွေး (၁) ခွက်နဲ့ ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရောဖျော်ပေးရပါမယ်။ ဒီအရည်ကို မနက်တိုင်း ၇ ရက်ဆက်တိုက် သောက်ပေးပါမယ်။ လိုအပ်ပါက ဒီကုသနည်းအတိုင်း နောက်တစ်ခါ ပြန်လုပ်ပေးပါ။

ရရှိမယ့်အကျိုးကျေးဇူးတွေက. . .

အဆိပ်အတောက်ဖယ်ရှားပေးခြင်း – ဒီအရည်က ဘက်တီးရီးယားပိုးများ သေစေပြီး တစ်ပတ်အကြာမှာ ဘက်တီးရီးယားပိုးမွှားတွေနဲ့ အဆိပ်အတောက်တွေ အားလုံး ရှင်းထုတ်ပေးပါတယ်။

အရိုးအဆစ်သန်မာစေခြင်း – ဆားနဲ့ ရေက အရိုးပွခြင်းနဲ့ တခြားအရိုးနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ကုသပေးပါတယ်။

နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း – သတ္တုဓာတ်က အာရုံကြောဖွဲ့စည်းမှုစနစ် တည်ငြိမ်မှုပေးပါတယ်။

ရေဓာတ်ခန်းခြောက်ခြင်း – ရေနဲ့ ဆားဟာ ခန္ဓာကိုယ်ရဲ့ရေဓာတ်လိုအပ်မှု ဖြည့်တင်းပေးတဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

အသားရေကျန်းမာစေခြင်း – ဆားငံရည်နွေးနွေးလေး (၁) ခွက်က အသားရေ သန့်ရှင်းလှပအောင် ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။

အစာခြေဖျက်မှုအားကောင်းစေခြင်း – ဆားငံရည်က အစာခြေလမ်းကြောင်းကို တာဝန်ယူဖြေရှင်းပေးကာ အစာခြေဖျက်မှု မြန်ဆန်စေတဲ့ အင်ဇိုင်း ရရှိစေပါတယ်။

Ref: NHC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.