“ေဆာင္ၾကာၿမိဳင္ေပၚက တိတ္တခိုးမ်က္ရည္စ” 


ဆူညံပြက္ေလာ႐ုိက္၍ ပ်ားပန္းခတ္စည္ကားသည့္ဒကၠာျမိဳ႕ႏွင့္စာလွ်င္ ပို၍တိတ္ဆိတ္ေသာညေနခင္းတခု ေလႏုေအးက ညင္သာစြာ ေ၀ွ႔ေနသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေရွ႕ေျမာက္ပိုင္းတြင္ရွိေသာ တန္ေဂးလ္(Tangail)ျမိဳ႕ကေလး၏ ၀န္းက်င္အေျခအေနမွာ ေအးျမျမ။ ခပ္ဆိတ္ဆိတ္ရွိသည့္ လူေနရပ္ကြက္တခုကိုျဖတ္၍ လမ္းအနည္းငယ္ေလွ်ာက္လိုက္လွ်င္ ဘယ္တိုင္းျပည္ ဘယ္ႏိုင္ငံမွာမဆို ေတြ႔ရတတ္ေသာ ဆင္းရဲသားရပ္ကြက္တခုသို႔ ေရာက္သည္။

ထိုေနရာတခုလံုးကို စံုစီနဖာဆိုင္ေလးမ်ားမွလာေသာ ေတာက္ပသည့္ တန္စတင္မီးေရာင္ႏွင့္ အနီးအပါးရွိ လက္ဖက္ရည္ဆိုင္မ်ားမွ ထြက္ေပၚလာေသာဘဂၤလားေပါ့ပ္ဂီတသံတို႔က ဖမ္းစားထားသည္။ ဆိုင္ကေလးမ်ားရွိရာ လမ္းၾကိဳလမ္းၾကားမွ ဆက္သြားလွ်င္ ေရေျမာင္းက်ယ္ၾကီးမ်ားကိုေတြ႔ရျပီး ထိုေရေျမာင္းက်ယ္ၾကီးမ်ား၏ အျခားတဘက္တြင္မူ အေမွာင္က်လ်က္ရွိသည္။ လမ္းက်ဥ္းေလးတခုထဲသို႔ေရာက္ရွိသြားခ်ိန္မွာေတာ့ မိန္းမငယ္ကေလးမ်ားတန္းစီရပ္ေနသည္ကို ေတြ႔ရသည္။ မိန္းမငယ္ေလးမ်ားသည္ မိတ္ကပ္ ထူထူလိမ္းက်ံထားျပီး ခပ္ေတာက္ေတာက္အေရာင္အ၀တ္အစားမ်ား ၀တ္ဆင္ထားသည္။


အေဆာက္အဦေပါင္း ၁၀၀ ေက်ာ္၊ အခန္းငယ္ေပါင္း ၈၀၀ ေက်ာ္ျဖင့္ ဖြဲ႔စည္းထားသည့္ ဤရပ္ကြက္ၾကီးသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ တရား၀င္ ျပည့္တန္ဆာရပ္ကြက္ ၁၄ ခုအနက္မွ တခုျဖစ္သည္။ အမွန္အားျဖင့္ ဤေနရာသည္ လိင္အလုပ္သမ ၉၀၀ ခန္႔၏ အက်ဥ္းစံအိမ္ကဲ့သို႔ ျဖစ္၏။ ၎တို႔သည္ တေန႔လွ်င္ အနည္းဆံုးေဖာက္သည္ ၁၀ ဦးမွ ၁၅ ဦးအထိေဖ်ာ္ေျဖေပးရသည္။ ျပည့္တန္ဆာေခါင္းကို ဆာဒါးနိ(Sadarni)ဟုေခၚျပီး ကာလအတိုင္းအတာတခု အထိ အခမဲ့အလုပ္လုပ္ေပးရေသာ ျပည့္တန္ဆာမ်ားကို ခ်ဳကရီ(Chukri)ဟုေခၚသည္။ ဆာဒါးနိမ်ားကိုယ္တိုင္မွာ လည္း ယခင္က ျပည့္တန္ဆာအျဖစ္လုပ္ကိုင္ခဲ့သူမ်ားျဖစ္သည္။

“ပထမဆံုးေဖာက္သည္လက္ခံတုန္းက ဘာျဖစ္မလဲဆိုတာ ကြ်န္မ မသိခဲ့ဘူး။ အဲဒီလူက ကြ်န္မကိုတခါျပီးတခါ အဓမၼျပဳက်င့္တယ္။ ေသြးေတြ အမ်ားၾကီးထြက္ျပီး ေအာ္ငိုေၾကြးေနခဲ့တာပဲ သိတယ္။ လိင္ဆက္ဆံျခင္းဆိုတာ ဘာလဲ ကြ်န္မ မသိခဲ့ဘူး”ဟု ဟာရွီက ေျပာသည္။ ဟာရွီ ျပည့္တန္ဆာအလုပ္လုပ္သည္မွာ၁၀ ႏွစ္ သမီးအရြယ္ကတည္းက ျဖစ္သည္။

“အရင္ကဆို တေနကုန္လံုးတေယာက္ျပီးတေယာက္ လက္ခံေပးရေလ့ရွိတယ္။ အတိအက်ေတာ့ မေျပာတတ္ဘူး။ တေန႔ကိုအေယာက္ ႏွစ္ဆယ္အစိတ္ေလာက္ရွိမယ္ထင္တယ္။ မနက္ အိပ္ယာကႏုိးတာနဲ႔ ကြ်န္မအခန္းေရွ႕မွာ ေလးငါးေယာက္ေလာက္ေစာင့္ေနၾကျပီ”ဟု ဟာရွီက ေျပာသည္။

စကားေျပာေနစဥ္ ဟာရွီသည္ ညစာအတြက္ ငါးကေလးမ်ားကို ေဆးေၾကာေနသည္။ ထိုေန႔က သူမ ေဖာက္သည္မရ။ သူမသည္ အသက္ႏွင့္စာလွ်င္ အနည္းငယ္ ၾကီးေကာင္ေပါက္ေနသည္။

တန္ေဂးလ္ျမိဳ႕၊ကန္ဒါပါရာ(Kadapara)ျပည့္တန္ဆာရပ္ကြက္မွ အမ်ဳိးသမီးမ်ားသည္ ႀကံဳလွီမေနဘဲ ျပည့္ျပည့္ ေဖာင္ေဖာင္းႏွင့္ ဆြဲေဆာင္မႈရွိေစရန္ Oradexon ေခၚ ႏြားအသားတိုးေဆးေသာက္ေလ့ရွိၾကသည္။ Oradexon ကို အနီး၀န္းက်င္ရွိ မည္သည့္ လက္ဖက္ရည္ဆိုင္၊ ေဆးလိပ္ဆိုင္တြင္မဆို အလြယ္တကူ ၀ယ္ယူႏိုင္သည္။ မည္သည့္ ဆရာ၀န္ညႊန္ၾကားခ်က္မွ မလို။

“လြန္ခဲ့တဲ့ ေျခာက္ႏွစ္၊ ခုႏွစ္ႏွစ္ေလာက္တုန္းက က်န္းမာလွပေအာင္လို႔ လို႔ ေျပာျပီးကြ်န္မရဲ႕ ဆာဒါးနိက ကြ်န္မကို ေဆးတလံုးဇြတ္အတင္းတိုက္တယ္။ ႏြားအသားတိုးေဆးမွန္း ကြ်န္မ မသိခဲ့ဘူး။ မေသာက္ခ်င္ဘူးလို႔ျငင္းေတာ့ ဆာဒါးနိက ကြ်န္မကို ႐ုိက္တယ္။ ထမင္းလည္း မေကြ်းေတာ့ဘူး။ သူ႕အေပၚတင္ေနတဲ့အေၾကြးေတြအေၾကာင္း ေျပာျပီး ကြ်န္မကို ျခိမ္းေျခာက္တယ္”ဟု ဟာရွီက သူမ၏ျဖစ္အင္မ်ားကို ေျပာျပသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ျပည့္တန္ဆာလုပ္ငန္းကို တရား၀င္ခြင့္ျပဳထားေသာ ႏိုင္ငံတခုျဖစ္ျပီး ကန္ဒါပါရာ ျပည့္တန္ဆာရပ္ကြက္သည္ ဒုတိယအၾကီးဆံုးႏွင့္ သက္တမ္းအားျဖင့္ ႏွစ္ ၂၀၀ ေက်ာ္ျပီ ျဖစ္သည္။ ကန္ဒါပါရာ ရပ္ကြက္ကို ၂၀၁၄ ခုႏွစ္ကဖ်က္သိမ္းခဲ့ေသးသည္။ ထိုေနရာတြင္ပင္ေမြးျပီး ထိုေနရာတြင္ပင္ၾကီးျပင္းခဲ့သူ အမ်ဳိးသမီးမ်ားအေနျဖင့္ ဘ၀ကို မည္သို႔ ေရွ႕ဆက္ရမည္မသိျဖစ္ခဲ့ရသည္။ ျပည့္တန္ဆာအလုပ္သည္လည္း အလုပ္ပင္ျဖစ္ေၾကာင္း၊ လိင္အလုပ္သမမ်ားသည္ အျခားမည္သည့္အလုပ္မွ် မလုပ္တတ္ေၾကာင္း ျပည့္တန္ဆာ လုပ္ငန္းေထာက္ခံအားေပးသူမ်ားက ယံုၾကည္သည္။ ထို႔ျပင္ ျပည့္တန္ဆာမ်ားကလည္း ၎တို႔၏ အလုပ္သမား အခြင့္အေရးအတြက္ ဆႏၵျပခဲ့ၾကသည္။ ဘဂၤလားေဒ့ရွ္အမ်ဳိးသမီးေရွ႕ေနမ်ားအသင္းကလည္း ျပည့္တန္ဆာရပ္ကြက္ ဖ်က္သိမ္းျခင္းသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ တရားဥပေဒႏွင့္ဆန္႔က်င္လ်က္ရွိေၾကာင္း ၂၀၁၄ ႏွစ္ကုန္ပိုင္းတြင္ တရား႐ုံးလႊတ္ေတာ္ခ်ဳပ္သို႔ ေအာင္ျမင္စြာတင္ျပႏိုင္ခဲ့သည္။ ယင္းေနာက္ ျပည္္တြင္း အန္ဂ်ီအိုမ်ား၏အကူအညီျဖင့္ ကန္ဒါပါရာကို ျပန္လည္ထူေထာင္ခဲ့သည္။

“လြန္ခဲ့တဲ့ေလးႏွစ္ေလာက္က ကြ်န္မရဲ႕ဆာဒါးနိက ကြ်န္မကိုထားသြားတယ္။ သူ႕လုပ္ငန္းအတြက္ ကြ်န္မထက္ငယ္တဲ့ မိန္းကေလးေတြနဲ႔မွ ျဖစ္မယ္တဲ့ေလ။ ဒါေပမဲ့ ကြ်န္မမွာလည္း သာမန္ဘ၀ကို ျပန္သြားဖို႔ မလြယ္ေတာ့ဘူး။ ကြ်န္မမွာ ေလးႏွစ္အရြယ္သားေလးတေယာက္ရွိတယ္။ သူ႔ကိုအမ်ဳိးတေယာက္ကိုေပးလိုက္တယ္။ ကေလးကိုသြားမေတြ႕ႏိုင္တာ သံုး၊ ေလးႏွစ္ရွိျပီ။”

“ေယာက်္ားေတြကက်န္းမာေတာင့္တင္းတဲ့ မိန္းကေလးေတြကိုပဲ လာရွာေလ့ရွိတယ္။ ဒါေၾကာင့္ ကြ်န္မ Oradexon ေသာက္တယ္။ အေၾကြးဆပ္ဖို႔ ေပးစရာရွိတာေတြ ေပးဖို႔ ကြ်န္မအတြက္ ေဖာက္သည္လိုတယ္။ သားေလး အတြက္လည္း ပိုက္ဆံစုခ်င္တယ္။ ဒီအခန္းငွားခ ၆၆၀ တာကာ (ယူအက္စ္ ၈ ေဒၚလာခန္႔) ေပးရတယ္။ ညေနတိုင္း တံခါးေခါက္ျပီး ပိုက္ဆံလာေကာက္တယ္။ ဒီေန႔ ေဖာက္သည္မရရင္ ေနာက္ေန႔ ကြ်န္မ ထမင္းငတ္ျပီ”

ActionAid က ျပဳစုေသာစစ္တမ္းအရအသက္ ၁၈ ႏွစ္ႏွင့္ ၂၅ ႏွစ္ၾကားလိင္အလုပ္သမအမ်ားစု Oradexon ေဆးေသာက္ေလ့ရွိေၾကာင္း သိရသည္။ Oradexon ေသာက္သံုးျခင္း၏ ေဘးထြက္ဆိုးက်ဳိးမ်ားမွာ ေခါင္းကိုက္ျခင္း၊ ရင္ဘတ္နာက်င္ျခင္း၊ အေရျပားယားယံျခင္း၊ အစာအိမ္ေရာဂါ၊ ခႏၶာကိုေဖာေရာင္ျခင္း၊ ဗိုက္ေအာင့္ဗိုက္နာျခင္း၊ ေသြးထဲတြင္ သၾကားဓါတ္မ်ားျခင္းႏွင့္ ေသြးတိုးျခင္းတို႔ျဖစ္သည္။

ဆင္းရဲႏြမ္းပါးေသာႏိုင္ငံမ်ားမွ ျပည့္တန္ဆာအမ်ားစုအသံုးျပဳသည့္ ၾကြက္သားအားတိုးေဆး (Steroids) မ်ားသည္ အသက္ကိုကယ္ႏိုင္သလို အသက္ဇီ၀ကို ဖ်က္ဆီးတတ္ေၾကာင္း ေရွ႕ေနႏွင့္ လူ႕အခြင့္အေရးတက္ၾကြလႈပ္ရွားသူ ရွီပရာေဂၚဆြာမိက ေျပာသည္။ ၎သည္ ဖာရိဒ္ပူရမွ ျပည့္တန္ဆာမ်ားအေရးလုပ္ကိုင္ေဆာင္ရြက္ေပးေနသည္မွာ ႏွစ္အတန္ၾကာျပီျဖစ္သည္။

“ေဆးပညာဗဟုသုတမရွိမႈ၊ အလြယ္တကူ ၀ယ္ယူရရွိႏိုင္မႈနဲ႔ ေဆး၀ါးအတုအပ ေရာင္းခ်သူေတြက အဓိက ျပႆနာေပါ့”ဟု ၎က ေျပာသည္။

မြတ္စလင္အမ်ားစုေနထိုင္ရာဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ျပည့္တန္ဆာမ်ားကို အဆက္အဆံမလုပ္ရေသာ လူစားမ်ား(untouchables) အျဖစ္မွတ္ယူၾကသည္။ ၎တို႔၏ဘ၀မ်ားကို အမိအရဖမ္းယူရန္ ကင္မရာတလံုးျဖင့္ ကန္ဒါပါရာအတြင္းလွည့္လည္စဥ္ အသက္ ၁၆ ႏွစ္အရြယ္ မာယာဆိုေသာ ျပည့္တန္ဆာမေလးက သူမ၏ အခန္းငယ္ေလးတြင္းသို႔ ဖိတ္ေခၚ၍အစားအစာတည္ခင္းသည္။ သူမေကြ်းေသာအစားအစာကို လက္ခံသံုးေဆာင္ေသာအခါ မာယာက တအံ့တၾသျဖင့္ ၾကည့္ေနေလေတာ့သည္။

ကန္ဒါပါရာတြင္ မာယာအလုပ္လုပ္ေနသည္မွာ ရွစ္ႏွစ္ရွိျပီျဖစ္သည္။ ေန႔စဥ္ ေဖာက္သည္ ၁၀ ဦးမွ ၁၅ ဦးကို လက္ခံျပဳစုေပးရျပီး တေန႔၀င္ေငြ ၃၀၀ မွ ၅၀၀ တာကာ(ယူအက္စ္ ၄ေဒၚလာမွ ၇ ေဒၚလာ၀န္းက်င္)ခန္႔ ရရွိသည္။ သူမတြင္လည္းဟာလင္း(Halim)ဆိုသည့္ အသက္ေလးႏွစ္အရြယ္ သားေလးတဦးရွိျပီး ဘာရီဆာလ္(Barisal)ျမိဳ႕ တြင္ ေနထိုင္ေသာ သူမ၏ မိဘမ်ားထံအပ္ႏွံထားရသည္။

“ကြ်န္မဆာဒါးနိေအာက္မွာေနရတုန္းက ဘယ္ေလာက္ ၀င္ေငြရလဲ မသိဘူး။ ဘာလို႔လဲဆိုေတာ့ ၀င္ေငြအကုန္လံုးကို ဆာဒါးနိကသိမ္းတယ္ေလ။ ဒီအတြက္ ကြ်န္မကို တေန႔သံုးၾကိမ္ ေကြ်းေမြးတယ္။ ကြ်န္မအတြက္ကလည္း ဒါဆိုလံုေလာက္ျပီ။ ဗိုက္ဆာတဲ့ဒဏ္မခံႏိုင္ဘူး။ ဆာဒါးနိမရွိေတာ့တဲ့ေနာက္ ကြ်န္မတေယာက္တည္း ေန႔ဘက္ဆို ေကာင္းေကာင္းမစားႏိုင္ဘူး။ အသားအေရေတြ ေျခာက္ကပ္လာတယ္။ မ်က္ႏွာလည္းညိွဳးႏြမ္းလာတယ္။ ေဖာက္ သည္ေတြ နည္းလာတာ ကြ်န္မ သတိထားမိတယ္။ အဲဒီလိုနဲ႔ ေဆးျပန္ေသာက္ျဖစ္တယ္။ ေဆးေသာက္ျပီးေနာက္ပိုင္း ကြ်န္မလန္းဆန္းလာတယ္။ စားျမိန္ျပီးပိုုလည္းစားႏိုင္တယ္။ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ ပိုရွိလာတယ္”ဟု မာယာက ေျပာသည္။

ျပန္လည္ထူေထာင္လိုက္သည့္ ကန္ဒါပါရာရပ္ကြက္ကိုအုတ္တံတိုင္းျဖင့္ ကာရံထားသည္။ ၎ရပ္ကြက္တြင္း၌ ျပင္ပကမၻာႏွင့္မတူေသာစည္းမ်ည္းစည္းကမ္းမ်ားႏွင့္ အာဏာအဆင့္ဆင့္ သီးျခားရွိသည္။ ျပည့္တန္ဆာအိမ္မ်ားတြင္ မိန္းမမ်ားသည္ အားနည္းသူမ်ားလည္းျဖစ္သကဲ့သို႔ အာဏာရွိသူမ်ားလည္း ျဖစ္သည္။ ခ်ဳကရီအျဖစ္ ရွင္သန္ေနထိုင္ရသည့္ အသက္ ၁၀ ႏွစ္ႏွင့္ ၁၄ ႏွစ္ၾကားအရြယ္သည္ အားနည္းျပီး ျပဳသမွ် ႏုရသည့္အရြယ္ျဖစ္သည္။ ခ်ဳကရီေလးမ်ားသည္အမ်ားအားျဖင့္ ဆင္းရဲႏြမ္းပါးသည့္ မိသားစုမ်ားမွ ေပါက္ဖြားလာသူမ်ားျဖစ္ျပီး ရံဖန္ရံခါ လူကုန္ကူးမႈ၏သားေကာင္မ်ား ျဖစ္သည္။သူတို႔၌ မည္သည့္ အခြင့္အေရးမွ မရွိ။ အျပင္ထြက္ခြင့္မရွိ။ ေငြကုိင္ခြင့္မရွိ။ အနည္းဆံုး ၁ ႏွစ္မွ ၅ ႏွစ္အထိ ဆာဒါးနိအတြက္ ထမင္းစားကြ်န္ခံအလုပ္လုပ္ေပးရသည္။ အေၾကြးေက်ျပီးလွ်င္ ျပည့္တန္ဆာဘ၀ကို စြန္႔လႊတ္၍ လြတ္လပ္စြာသြားလာႏိုင္သည္ဟုဆိုေသာ္လည္း ၎တို႔အေပၚ လူမႈေရးအရခြဲျခားဆက္ဆံျခင္း ႏွိမ့္ခ်ဆက္ဆံျခင္းတခါတရံအဆက္အဆံပင္ မလုပ္ျခင္းမ်ားေၾကာင့္ ျပည့္တန္ဆာအျဖစ္ႏွင့္ပင္ ဘ၀ခရီးဆက္ၾကရေလသည္။

ထို႔ေနာက္ မာယာက သူမ၏ လက္ရွိဘ၀ကို ယခုကဲ့သို႔ ဆက္လက္ ေျပာၾကားသည္။

“ပိုက္ဆံလည္းတျပားမွ မစုႏိုင္ပါဘူး။ သားေလးကို ျပဳစုပ်ဳိးေထာင္ဖို႔ ကြ်န္မအတြက္ ေဖာက္သည္ မ်ားမ်ားလိုတယ္။ စုတ္ျပတ္သတ္ေနတဲ့ ကြ်န္မရဲ႕အခန္းထဲဘယ္ေဖာက္သည္မွ မ၀င္ခ်င္ဘူး။ ညတိုင္း က်ိတ္ငိုရတာေတြ မ်ားျပီ။ ဘာအနာဂတ္မွမရွိတဲ့အတြက္ ကိုယ့္ဘ၀လည္း ကိုယ္သနားတယ္။ သားနဲ႔လည္းမေတြ႔ႏိုင္တဲ့အတြက္သားေလးအတြက္ ကြ်န္မ ငိုရတယ္။”

ေအာ္စကာ
Ref;Reuters/Washington Post

———————–

Uni

ဆူညံပွက်လောရိုက်၍ ပျားပန်းခတ်စည်ကားသည့်ဒက္ကာမြို့နှင့်စာလျှင် ပို၍တိတ်ဆိတ်သောညနေခင်းတခု လေနုအေးက ညင်သာစွာ ဝှေ့နေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့မြောက်ပိုင်းတွင်ရှိသော တန်ဂေးလ်(Tangail)မြို့ကလေး၏ ဝန်းကျင်အခြေအနေမှာ အေးမြမြ။ ခပ်ဆိတ်ဆိတ်ရှိသည့် လူနေရပ်ကွက်တခုကိုဖြတ်၍ လမ်းအနည်းငယ်လျှောက်လိုက်လျှင် ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှာမဆို တွေ့ရတတ်သော ဆင်းရဲသားရပ်ကွက်တခုသို့ ရောက်သည်။

ထိုနေရာတခုလုံးကို စုံစီနဖာဆိုင်လေးများမှလာသော တောက်ပသည့် တန်စတင်မီးရောင်နှင့် အနီးအပါးရှိ လက်ဖက်ရည်ဆိုင်များမှ ထွက်ပေါ်လာသောဘင်္ဂလားပေါ့ပ်ဂီတသံတို့က ဖမ်းစားထားသည်။ ဆိုင်ကလေးများရှိရာ လမ်းကြိုလမ်းကြားမှ ဆက်သွားလျှင် ရေမြောင်းကျယ်ကြီးများကိုတွေ့ရပြီး ထိုရေမြောင်းကျယ်ကြီးများ၏ အခြားတဘက်တွင်မူ အမှောင်ကျလျက်ရှိသည်။ လမ်းကျဉ်းလေးတခုထဲသို့ရောက်ရှိသွားချိန်မှာတော့ မိန်းမငယ်ကလေးများတန်းစီရပ်နေသည်ကို တွေ့ရသည်။ မိန်းမငယ်လေးများသည် မိတ်ကပ် ထူထူလိမ်းကျံထားပြီး ခပ်တောက်တောက်အရောင်အဝတ်အစားများ ဝတ်ဆင်ထားသည်။

အဆောက်အဦပေါင်း ၁၀၀ ကျော်၊ အခန်းငယ်ပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ဤရပ်ကွက်ကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရားဝင် ပြည့်တန်ဆာရပ်ကွက် ၁၄ ခုအနက်မှ တခုဖြစ်သည်။ အမှန်အားဖြင့် ဤနေရာသည် လိင်အလုပ်သမ ၉၀၀ ခန့်၏ အကျဉ်းစံအိမ်ကဲ့သို့ ဖြစ်၏။ ၎င်းတို့သည် တနေ့လျှင် အနည်းဆုံးဖောက်သည် ၁၀ ဦးမှ ၁၅ ဦးအထိဖျော်ဖြေပေးရသည်။ ပြည့်တန်ဆာခေါင်းကို ဆာဒါးနိ(Sadarni)ဟုခေါ်ပြီး ကာလအတိုင်းအတာတခု အထိ အခမဲ့အလုပ်လုပ်ပေးရသော ပြည့်တန်ဆာများကို ချုကရီ(Chukri)ဟုခေါ်သည်။ ဆာဒါးနိများကိုယ်တိုင်မှာ လည်း ယခင်က ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခဲ့သူများဖြစ်သည်။

“ပထမဆုံးဖောက်သည်လက်ခံတုန်းက ဘာဖြစ်မလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ အဲဒီလူက ကျွန်မကိုတခါပြီးတခါ အဓမ္မပြုကျင့်တယ်။ သွေးတွေ အများကြီးထွက်ပြီး အော်ငိုကြွေးနေခဲ့တာပဲ သိတယ်။ လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ ကျွန်မ မသိခဲ့ဘူး”ဟု ဟာရှီက ပြောသည်။ ဟာရှီ ပြည့်တန်ဆာအလုပ်လုပ်သည်မှာ၁၀ နှစ် သမီးအရွယ်ကတည်းက ဖြစ်သည်။

“အရင်ကဆို တနေကုန်လုံးတယောက်ပြီးတယောက် လက်ခံပေးရလေ့ရှိတယ်။ အတိအကျတော့ မပြောတတ်ဘူး။ တနေ့ကိုအယောက် နှစ်ဆယ်အစိတ်လောက်ရှိမယ်ထင်တယ်။ မနက် အိပ်ယာကနိုးတာနဲ့ ကျွန်မအခန်းရှေ့မှာ လေးငါးယောက်လောက်စောင့်နေကြပြီ”ဟု ဟာရှီက ပြောသည်။

စကားပြောနေစဉ် ဟာရှီသည် ညစာအတွက် ငါးကလေးများကို ဆေးကြောနေသည်။ ထိုနေ့က သူမ ဖောက်သည်မရ။ သူမသည် အသက်နှင့်စာလျှင် အနည်းငယ် ကြီးကောင်ပေါက်နေသည်။

တန်ဂေးလ်မြို့၊ကန်ဒါပါရာ(Kadapara)ပြည့်တန်ဆာရပ်ကွက်မှ အမျိုးသမီးများသည် ကြုံလှီမနေဘဲ ပြည့်ပြည့် ဖောင်ဖောင်းနှင့် ဆွဲဆောင်မှုရှိစေရန် Oradexon ခေါ် နွားအသားတိုးဆေးသောက်လေ့ရှိကြသည်။ Oradexon ကို အနီးဝန်းကျင်ရှိ မည်သည့် လက်ဖက်ရည်ဆိုင်၊ ဆေးလိပ်ဆိုင်တွင်မဆို အလွယ်တကူ ဝယ်ယူနိုင်သည်။ မည်သည့် ဆရာဝန်ညွှန်ကြားချက်မှ မလို။

“လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနှစ်နှစ်လောက်တုန်းက ကျန်းမာလှပအောင်လို့ လို့ ပြောပြီးကျွန်မရဲ့ ဆာဒါးနိက ကျွန်မကို ဆေးတလုံးဇွတ်အတင်းတိုက်တယ်။ နွားအသားတိုးဆေးမှန်း ကျွန်မ မသိခဲ့ဘူး။ မသောက်ချင်ဘူးလို့ငြင်းတော့ ဆာဒါးနိက ကျွန်မကို ရိုက်တယ်။ ထမင်းလည်း မကျွေးတော့ဘူး။ သူ့အပေါ်တင်နေတဲ့အကြွေးတွေအကြောင်း ပြောပြီး ကျွန်မကို ခြိမ်းခြောက်တယ်”ဟု ဟာရှီက သူမ၏ဖြစ်အင်များကို ပြောပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားသော နိုင်ငံတခုဖြစ်ပြီး ကန်ဒါပါရာ ပြည့်တန်ဆာရပ်ကွက်သည် ဒုတိယအကြီးဆုံးနှင့် သက်တမ်းအားဖြင့် နှစ် ၂၀၀ ကျော်ပြီ ဖြစ်သည်။ ကန်ဒါပါရာ ရပ်ကွက်ကို ၂၀၁၄ ခုနှစ်ကဖျက်သိမ်းခဲ့သေးသည်။ ထိုနေရာတွင်ပင်မွေးပြီး ထိုနေရာတွင်ပင်ကြီးပြင်းခဲ့သူ အမျိုးသမီးများအနေဖြင့် ဘဝကို မည်သို့ ရှေ့ဆက်ရမည်မသိဖြစ်ခဲ့ရသည်။ ပြည့်တန်ဆာအလုပ်သည်လည်း အလုပ်ပင်ဖြစ်ကြောင်း၊ လိင်အလုပ်သမများသည် အခြားမည်သည့်အလုပ်မျှ မလုပ်တတ်ကြောင်း ပြည့်တန်ဆာ လုပ်ငန်းထောက်ခံအားပေးသူများက ယုံကြည်သည်။ ထို့ပြင် ပြည့်တန်ဆာများကလည်း ၎င်းတို့၏ အလုပ်သမား အခွင့်အရေးအတွက် ဆန္ဒပြခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးရှေ့နေများအသင်းကလည်း ပြည့်တန်ဆာရပ်ကွက် ဖျက်သိမ်းခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တရားဥပဒေနှင့်ဆန့်ကျင်လျက်ရှိကြောင်း ၂၀၁၄ နှစ်ကုန်ပိုင်းတွင် တရားရုံးလွှတ်တော်ချုပ်သို့ အောင်မြင်စွာတင်ပြနိုင်ခဲ့သည်။ ယင်းနောက် ပြည််တွင်း အန်ဂျီအိုများ၏အကူအညီဖြင့် ကန်ဒါပါရာကို ပြန်လည်ထူထောင်ခဲ့သည်။

“လွန်ခဲ့တဲ့လေးနှစ်လောက်က ကျွန်မရဲ့ဆာဒါးနိက ကျွန်မကိုထားသွားတယ်။ သူ့လုပ်ငန်းအတွက် ကျွန်မထက်ငယ်တဲ့ မိန်းကလေးတွေနဲ့မှ ဖြစ်မယ်တဲ့လေ။ ဒါပေမဲ့ ကျွန်မမှာလည်း သာမန်ဘဝကို ပြန်သွားဖို့ မလွယ်တော့ဘူး။ ကျွန်မမှာ လေးနှစ်အရွယ်သားလေးတယောက်ရှိတယ်။ သူ့ကိုအမျိုးတယောက်ကိုပေးလိုက်တယ်။ ကလေးကိုသွားမတွေ့နိုင်တာ သုံး၊ လေးနှစ်ရှိပြီ။”

“ယောကျ်ားတွေကကျန်းမာတောင့်တင်းတဲ့ မိန်းကလေးတွေကိုပဲ လာရှာလေ့ရှိတယ်။ ဒါကြောင့် ကျွန်မ Oradexon သောက်တယ်။ အကြွေးဆပ်ဖို့ ပေးစရာရှိတာတွေ ပေးဖို့ ကျွန်မအတွက် ဖောက်သည်လိုတယ်။ သားလေး အတွက်လည်း ပိုက်ဆံစုချင်တယ်။ ဒီအခန်းငှားခ ၆၆၀ တာကာ (ယူအက်စ် ၈ ဒေါ်လာခန့်) ပေးရတယ်။ ညနေတိုင်း တံခါးခေါက်ပြီး ပိုက်ဆံလာကောက်တယ်။ ဒီနေ့ ဖောက်သည်မရရင် နောက်နေ့ ကျွန်မ ထမင်းငတ်ပြီ”

ActionAid က ပြုစုသောစစ်တမ်းအရအသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြားလိင်အလုပ်သမအများစု Oradexon ဆေးသောက်လေ့ရှိကြောင်း သိရသည်။ Oradexon သောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ အရေပြားယားယံခြင်း၊ အစာအိမ်ရောဂါ၊ ခန္ဓာကိုဖောရောင်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ သွေးထဲတွင် သကြားဓါတ်များခြင်းနှင့် သွေးတိုးခြင်းတို့ဖြစ်သည်။

ဆင်းရဲနွမ်းပါးသောနိုင်ငံများမှ ပြည့်တန်ဆာအများစုအသုံးပြုသည့် ကြွက်သားအားတိုးဆေး (Steroids) များသည် အသက်ကိုကယ်နိုင်သလို အသက်ဇီဝကို ဖျက်ဆီးတတ်ကြောင်း ရှေ့နေနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရှီပရာဂေါ်ဆွာမိက ပြောသည်။ ၎င်းသည် ဖာရိဒ်ပူရမှ ပြည့်တန်ဆာများအရေးလုပ်ကိုင်ဆောင်ရွက်ပေးနေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။

“ဆေးပညာဗဟုသုတမရှိမှု၊ အလွယ်တကူ ဝယ်ယူရရှိနိုင်မှုနဲ့ ဆေးဝါးအတုအပ ရောင်းချသူတွေက အဓိက ပြဿနာပေါ့”ဟု ၎င်းက ပြောသည်။

မွတ်စလင်အများစုနေထိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည့်တန်ဆာများကို အဆက်အဆံမလုပ်ရသော လူစားများ(untouchables) အဖြစ်မှတ်ယူကြသည်။ ၎င်းတို့၏ဘဝများကို အမိအရဖမ်းယူရန် ကင်မရာတလုံးဖြင့် ကန်ဒါပါရာအတွင်းလှည့်လည်စဉ် အသက် ၁၆ နှစ်အရွယ် မာယာဆိုသော ပြည့်တန်ဆာမလေးက သူမ၏ အခန်းငယ်လေးတွင်းသို့ ဖိတ်ခေါ်၍အစားအစာတည်ခင်းသည်။ သူမကျွေးသောအစားအစာကို လက်ခံသုံးဆောင်သောအခါ မာယာက တအံ့တသြဖြင့် ကြည့်နေလေတော့သည်။

ကန်ဒါပါရာတွင် မာယာအလုပ်လုပ်နေသည်မှာ ရှစ်နှစ်ရှိပြီဖြစ်သည်။ နေ့စဉ် ဖောက်သည် ၁၀ ဦးမှ ၁၅ ဦးကို လက်ခံပြုစုပေးရပြီး တနေ့ဝင်ငွေ ၃၀၀ မှ ၅၀၀ တာကာ(ယူအက်စ် ၄ဒေါ်လာမှ ၇ ဒေါ်လာဝန်းကျင်)ခန့် ရရှိသည်။ သူမတွင်လည်းဟာလင်း(Halim)ဆိုသည့် အသက်လေးနှစ်အရွယ် သားလေးတဦးရှိပြီး ဘာရီဆာလ်(Barisal)မြို့ တွင် နေထိုင်သော သူမ၏ မိဘများထံအပ်နှံထားရသည်။

“ကျွန်မဆာဒါးနိအောက်မှာနေရတုန်းက ဘယ်လောက် ဝင်ငွေရလဲ မသိဘူး။ ဘာလို့လဲဆိုတော့ ဝင်ငွေအကုန်လုံးကို ဆာဒါးနိကသိမ်းတယ်လေ။ ဒီအတွက် ကျွန်မကို တနေ့သုံးကြိမ် ကျွေးမွေးတယ်။ ကျွန်မအတွက်ကလည်း ဒါဆိုလုံလောက်ပြီ။ ဗိုက်ဆာတဲ့ဒဏ်မခံနိုင်ဘူး။ ဆာဒါးနိမရှိတော့တဲ့နောက် ကျွန်မတယောက်တည်း နေ့ဘက်ဆို ကောင်းကောင်းမစားနိုင်ဘူး။ အသားအရေတွေ ခြောက်ကပ်လာတယ်။ မျက်နှာလည်းညှိုးနွမ်းလာတယ်။ ဖောက် သည်တွေ နည်းလာတာ ကျွန်မ သတိထားမိတယ်။ အဲဒီလိုနဲ့ ဆေးပြန်သောက်ဖြစ်တယ်။ ဆေးသောက်ပြီးနောက်ပိုင်း ကျွန်မလန်းဆန်းလာတယ်။ စားမြိန်ပြီးပိုုလည်းစားနိုင်တယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိလာတယ်”ဟု မာယာက ပြောသည်။

ပြန်လည်ထူထောင်လိုက်သည့် ကန်ဒါပါရာရပ်ကွက်ကိုအုတ်တံတိုင်းဖြင့် ကာရံထားသည်။ ၎င်းရပ်ကွက်တွင်း၌ ပြင်ပကမ္ဘာနှင့်မတူသောစည်းမျည်းစည်းကမ်းများနှင့် အာဏာအဆင့်ဆင့် သီးခြားရှိသည်။ ပြည့်တန်ဆာအိမ်များတွင် မိန်းမများသည် အားနည်းသူများလည်းဖြစ်သကဲ့သို့ အာဏာရှိသူများလည်း ဖြစ်သည်။ ချုကရီအဖြစ် ရှင်သန်နေထိုင်ရသည့် အသက် ၁၀ နှစ်နှင့် ၁၄ နှစ်ကြားအရွယ်သည် အားနည်းပြီး ပြုသမျှ နုရသည့်အရွယ်ဖြစ်သည်။ ချုကရီလေးများသည်အများအားဖြင့် ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ပေါက်ဖွားလာသူများဖြစ်ပြီး ရံဖန်ရံခါ လူကုန်ကူးမှု၏သားကောင်များ ဖြစ်သည်။သူတို့၌ မည်သည့် အခွင့်အရေးမှ မရှိ။ အပြင်ထွက်ခွင့်မရှိ။ ငွေကိုင်ခွင့်မရှိ။ အနည်းဆုံး ၁ နှစ်မှ ၅ နှစ်အထိ ဆာဒါးနိအတွက် ထမင်းစားကျွန်ခံအလုပ်လုပ်ပေးရသည်။ အကြွေးကျေပြီးလျှင် ပြည့်တန်ဆာဘဝကို စွန့်လွှတ်၍ လွတ်လပ်စွာသွားလာနိုင်သည်ဟုဆိုသော်လည်း ၎င်းတို့အပေါ် လူမှုရေးအရခွဲခြားဆက်ဆံခြင်း နှိမ့်ချဆက်ဆံခြင်းတခါတရံအဆက်အဆံပင် မလုပ်ခြင်းများကြောင့် ပြည့်တန်ဆာအဖြစ်နှင့်ပင် ဘဝခရီးဆက်ကြရလေသည်။

ထို့နောက် မာယာက သူမ၏ လက်ရှိဘဝကို ယခုကဲ့သို့ ဆက်လက် ပြောကြားသည်။

“ပိုက်ဆံလည်းတပြားမှ မစုနိုင်ပါဘူး။ သားလေးကို ပြုစုပျိုးထောင်ဖို့ ကျွန်မအတွက် ဖောက်သည် များများလိုတယ်။ စုတ်ပြတ်သတ်နေတဲ့ ကျွန်မရဲ့အခန်းထဲဘယ်ဖောက်သည်မှ မဝင်ချင်ဘူး။ ညတိုင်း ကျိတ်ငိုရတာတွေ များပြီ။ ဘာအနာဂတ်မှမရှိတဲ့အတွက် ကိုယ့်ဘဝလည်း ကိုယ်သနားတယ်။ သားနဲ့လည်းမတွေ့နိုင်တဲ့အတွက်သားလေးအတွက် ကျွန်မ ငိုရတယ်။”

အော်စကာ
Ref;Reuters/Washington Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.